URI:
   DIR Return Create A Forum - Home
       ---------------------------------------------------------
       T Community
  HTML https://tcommunity.createaforum.com
       ---------------------------------------------------------
       *****************************************************
   DIR Return to: T
       *****************************************************
       #Post#: 917--------------------------------------------------
       The Bookshop
   DIR By: shoonlae
       Date: November 26, 2019, 1:03 am
       ---------------------------------------------------------
       Zawgyi
       ၂၀၁၇
       ခုႏွစ္ထြက္
       ဒရာမာဇာတ္ကားေကာင္းေလးတစ္ကားနဲ႕မိတ္ဆက္ေပးပါရေစBookshop
       လို႔အမည္ရတဲ့ဇာတ္ကားေလးက
       ၁၉၅၀
       ၀န္းက်င္ကိုအေျခခံထားတဲ့ဇာတ္ကားေလးျဖစ္ၿပီးမိန္းမသားတစ္ဦးရဲ႕
       ေလာကဓံကို
       ႀကံ႕ႀကံ႕ခံရင္ဆိုင္ပုံေတြ
       လူမႈစရိုက္သေဘာသဘာ၀ရဲ႕ေကာင္းကြက္
       ဆိုးကြက္ေတြ
       ေျမနိမ့္ရာလွံစုိက္
       ဖိႏွိပ္မႈေတြကို
       ဇာတ္လမ္းေအးေအးေလးနဲ႕တင္ဆက္ရိုက္ကူးထားတဲ့ကားေလးျဖစ္ပါတယ္။။။။ဇာတ္လမ္းအက်ဥ္းကေတာ့
       ဖေလာ့ရမ့္စ္ဂရင္းဆိုတဲ့
       မုဆိုးမေလးဟာ
       သူမရဲ႕၀ါသနာသူမရဲ႕အိပ္မက္ျဖစ္တဲ့
       စာအုပ္ဆိုင္ေလးကို
       ဇာတိေျမျဖစ္တဲ့
       ဟာ့ဒ္ေဘာ့ၿမိဳ႕မွာျပန္လာဖြင့္တာေလးနဲ႕
       အစပ်ိဳးထားပါတယ္။ဒါေပမယ့္လဲ
       အဲ့ၿမိဳ႕မွာကစာအုပ္ဖတ္တဲ့လူဆိုလို႔
       မစၥတာ
       ဘရန္ဒစ္ရွ္ဆိုတဲ့
       အဖိုးႀကီးတစ္ေယာက္ပဲရွိတာဆိုေတာ့သူစာအုပ္ဆိုင္ဖြင့္မယ့္ကိစၥက
       အထူးအဆန္းလို
       စြန္႔စားမႈႀကီးတစ္ခုလို
       လူေတြကျမင္ၾကတာေပါ့သူဆိုင္ဖြင့္မယ္
       Old
       House(အိမ္အိုႀကီး)ကလဲ
       ေရွးေဟာင္းအိမ္ႀကီးဆိုေတာ့မစၥစ္
       ဂါမက္လို႔ေခၚတဲ့
       ဘြားေတာ္ႀကီးကလဲ
       Art center
       ဖြင့္ခ်င္ေနျပန္ပါေလေရာ
       ဒါေပမယ့္လဲ
       သူျဖစ္ခ်င္တဲ့
       အေကာင္အထည္ေဖာ္ခ်င္တဲ့အတိုင္း
       စာအုပ္ဆိုင္ကိုဇြတ္အတင္းရေအာင္ဖြင့္ခဲ့ပါတယ္။ဖေလာ့ရမ့္စ္ဂရင္းတစ္ေယာက္သူ႔အိပ္မက္ျဖစ္တဲ့
       စာအုပ္ဆိုင္ေလးက
       ေအာင္ေအာင္ျမင္ျမင္ျဖစ္သြားမလားသူ႔ကို
       မနာလိုမရႈစိမ့္ျဖစ္ေနသူေတြကေန
       ဘယ္လိုမ်ားေႏွာင့္ယွက္သြားအုန္းမလဲတစ္ကုိယ္တည္း
       မုဆိုးမတစ္ေယာက္အေနနဲ႕
       ေလာကဓံကိုဘယ္လိုမ်ားေတာင့္ခံသြားသလဲဆိုတာေတာ့ဆက္လက္ေဒါင္းၾကည့္ၾကပါကုန္။။။။ဇာတ္ကားေတြမွာ
       ရယ္စရာေကာင္းတဲ့ကား၊
       ေၾကာက္စရာေကာင္းတဲ့ကား၊
       ငိုရတဲ့ကား
       ဆိုၿပီးရွိၾကသလိုက်ေနာ္ကေတာ့
       ဒီကားေလးကို
       ခ်စ္စရာေကာင္းတဲ့ကားေလးလို႔
       ေခၚခ်င္ပါတယ္။ဒရာမာကားစစ္စစ္
       တစ္ကားျဖစ္သလို
       ၁၅၀၀
       အခ်စ္လုံး၀မပါတဲ့
       ဒရာမာကားလဲျဖစ္ေနျပန္ပါေသးတယ္အဲ့ဒါအျပင္
       အျပင္ဖက္လက္ေတြ႕ဘ၀နဲ႕
       အမ်ားႀကီးထပ္တူက်တဲ့ပုံစံမ်ိဳးျဖစ္ေနတာေၾကာင့္
       ဒရာမာရုပ္ရွင္ခ်စ္ျမတ္ႏိုးသူေတြလက္လႊတ္မခံသင့္တဲ့ဇာတ္ကားေကာင္းေလးတစ္ကားျဖစ္တယ္ဆိုတာကို
       လက္တို႔လိုက္ပါရေစလားဗ်ာ။
       Unicode
       ၂၀၁၇
       ခုနှစ်ထွက်
       ဒရာမာဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေBookshop
       လို့အမည်ရတဲ့ဇာတ်ကားလေးက
       ၁၉၅၀
       ၀န်းကျင်ကိုအခြေခံထားတဲ့ဇာတ်ကားလေးဖြစ်ပြီးမိန်းမသားတစ်ဦးရဲ့
       လောကဓံကို
       ကြံ့ကြံ့ခံရင်ဆိုင်ပုံတွေ
       လူမှုစရိုက်သဘောသဘာဝရဲ့ကောင်းကွက်
       ဆိုးကွက်တွေ
       မြေနိမ့်ရာလှံစိုက်
       ဖိနှိပ်မှုတွေကို
       ဇာတ်လမ်းအေးအေးလေးနဲ့တင်ဆက်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။။။။ဇာတ်လမ်းအကျဉ်းကတော့
       ဖလော့ရမ့်စ်ဂရင်းဆိုတဲ့
       မုဆိုးမလေးဟာ
       သူမရဲ့ဝါသနာသူမရဲ့အိပ်မက်ဖြစ်တဲ့
       စာအုပ်ဆိုင်လေးကို
       ဇာတိမြေဖြစ်တဲ့
       ဟာ့ဒ်ဘော့မြို့မှာပြန်လာဖွင့်တာလေးနဲ့
       အစပျိုးထားပါတယ်။ဒါပေမယ့်လဲ
       အဲ့မြို့မှာကစာအုပ်ဖတ်တဲ့လူဆိုလို့
       မစ္စတာ
       ဘရန်ဒစ်ရှ်ဆိုတဲ့
       အဖိုးကြီးတစ်ယောက်ပဲရှိတာဆိုတော့သူစာအုပ်ဆိုင်ဖွင့်မယ့်ကိစ္စက
       အထူးအဆန်းလို
       စွန့်စားမှုကြီးတစ်ခုလို
       လူတွေကမြင်ကြတာပေါ့သူဆိုင်ဖွင့်မယ်
       Old
       House(အိမ်အိုကြီး)ကလဲ
       ရှေးဟောင်းအိမ်ကြီးဆိုတော့မစ္စစ်
       ဂါမက်လို့ခေါ်တဲ့
       ဘွားတော်ကြီးကလဲ
       Art center
       ဖွင့်ချင်နေပြန်ပါလေရော
       ဒါပေမယ့်လဲ
       သူဖြစ်ချင်တဲ့
       အကောင်အထည်ဖော်ချင်တဲ့အတိုင်း
       စာအုပ်ဆိုင်ကိုဇွတ်အတင်းရအောင်ဖွင့်ခဲ့ပါတယ်။ဖလော့ရမ့်စ်ဂရင်းတစ်ယောက်သူ့အိပ်မက်ဖြစ်တဲ့
       စာအုပ်ဆိုင်လေးက
       အောင်အောင်မြင်မြင်ဖြစ်သွားမလားသူ့ကို
       မနာလိုမရှုစိမ့်ဖြစ်နေသူတွေကနေ
       ဘယ်လိုများနှောင့်ယှက်သွားအုန်းမလဲတစ်ကိုယ်တည်း
       မုဆိုးမတစ်ယောက်အနေနဲ့
       လောကဓံကိုဘယ်လိုများတောင့်ခံသွားသလဲဆိုတာတော့ဆက်လက်ဒေါင်းကြည့်ကြပါကုန်။။။။ဇာတ်ကားတွေမှာ
       ရယ်စရာကောင်းတဲ့ကား၊
       ကြောက်စရာကောင်းတဲ့ကား၊
       ငိုရတဲ့ကား
       ဆိုပြီးရှိကြသလိုကျနော်ကတော့
       ဒီကားလေးကို
       ချစ်စရာကောင်းတဲ့ကားလေးလို့
       ခေါ်ချင်ပါတယ်။ဒရာမာကားစစ်စစ်
       တစ်ကားဖြစ်သလို
       ၁၅၀၀
       အချစ်လုံးဝမပါတဲ့
       ဒရာမာကားလဲဖြစ်နေပြန်ပါသေးတယ်အဲ့ဒါအပြင်
       အပြင်ဖက်လက်တွေ့ဘဝနဲ့
       အများကြီးထပ်တူကျတဲ့ပုံစံမျိုးဖြစ်နေတာကြောင့်
       ဒရာမာရုပ်ရှင်ချစ်မြတ်နိုးသူတွေလက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တယ်ဆိုတာကို
       လက်တို့လိုက်ပါရစေလားဗျာ။
  HTML https://i.ibb.co/TgnV8Lj/The-Bookshop.png
  HTML https://imgbb.com/
       five sided die
  HTML https://freeonlinedice.com/
  HTML https://drive.google.com/open?id=1EbAqdV3wUZM6FS_MAK1bZ1bTm0DPeRer
       *****************************************************
       Page 1 of 1