URI:
   DIR Return Create A Forum - Home
       ---------------------------------------------------------
       T Community
  HTML https://tcommunity.createaforum.com
       ---------------------------------------------------------
       *****************************************************
   DIR Return to: S
       *****************************************************
       #Post#: 907--------------------------------------------------
       Siberia
   DIR By: shoonlae
       Date: November 25, 2019, 9:42 pm
       ---------------------------------------------------------
       Zawgyi
       ဒီတစ္ခါမွာေတာ့
       မၾကာေသးခင္ကမွ
       ထြက္ရွိထားတဲ့
       John Wick
       မင္းသားၾကီး
       Keanu Reeves
       ရဲ႕ဇာတ္ကားအသစ္ကို
       တင္ဆက္ေပးလိုက္ပါတယ္။Romance,
       Crime, Thriller
       အမ်ိဳးအစားဇာတ္ကားျဖစ္ျပီးေတာ့
       ဒါရိုက္တာ
       Matthew Ross က
       ရိုက္ကူးပံုေဖာ္ထားပါတယ္။ဇာတ္လမ္းအက်ဥ္း
       ==========
       Lucas Hill ဟာ
       အေမရိကန္စိန္ကုန္သည္တစ္ဦးျဖစ္ပါတယ္။တစ္ရက္မွာ
       အျပာေရာင္စိန္ေတြကို
       ေရာင္းဖို႔ရုရွားက၀ယ္လက္တစ္ဦးနဲ႔ခ်ိတ္ဆက္မိသြားတဲ့အခါ
       အေရာင္းအ၀ယ္ျဖစ္ေျမာက္ေရးအတြက္ရုရွားႏုိင္ငံကိုထြက္လာခဲ့ပါေတာ့တယ္။သို႔ေပမယ့္
       ရုရွားအေရာက္မွာေတာ့
       သူ႔စိန္ေတြကို
       ထိန္းသိမ္းေပးထားတဲ့
       ပါတနာျဖစ္သူ
       Pyotr ဟာ
       စိန္ေတြနဲ႔အတူေပ်ာက္ဆံုးေနတာကိုသိလိုက္ရပါတယ္။
       တစ္ဖက္၀ယ္လက္ဟာ
       မာဖီးယားဆန္ဆန္လူဆိုးဂိုဏ္းျဖစ္တာေၾကာင့္
       အေရာင္းအ၀ယ္သာမျဖစ္ရင္
       သူ႔အသက္ရန္ရွာခံရမယ္ဆိုတာကိုသိတဲ့
       Lucas ဟာ
       ေပ်ာက္သြားတဲ့ပါတနာနဲ႔စိန္ေတြကို
       အပူတျပင္းလိုက္ရွာရပါေတာ့တယ္။အဲဒီလိုလိုက္ရွာရင္းနဲ႔
       ယမကာဆိုင္ပိုင္ရွင္တစ္ဦးျဖစ္တဲ့
       Katya ဆိုသူနဲ႔
       ျငိစြန္းမိသြားတဲ့အခါမွာ
       အေျခအေနေတြက
       ပိုျပီးရႈပ္ေထြးလာပါေတာ့တယ္။ဒီလိုရႈပ္ေထြးတဲ့အေျခအေနကို
       Lucas တစ္ေယာက္
       ဘယ္လိုကိုင္တြယ္မလဲဆိုတာေတာ့
       ကိုယ္တိုင္ပဲၾကည့္ရႈလိုက္ပါ။ဒီဇာတ္ကားဟာ
       Crime Thriller
       ကားသာျဖစ္တဲ့အတြက္ေၾကာင့္John
       Wick လို
       အက္ရွင္ဇာတ္ၾကမ္းမ်ိဳးသာၾကည့္ခ်င္တဲ့
       ပရိသတ္ၾကီးအတြက္ေတာ့
       စိတ္မေကာင္းပါဘူး။အက္ရွင္အခန္းေတြေဖာေဖာသီသီၾကီးမပါ၀င္တဲ့ခပ္ေအးေအးဇာတ္လမ္းသာျဖစ္ေပမယ့္
       ေရွ႕ဘာဆက္ျဖစ္မလဲဆိုတဲ့သိခ်င္စိတ္နဲ႔
       ဇာတ္လမ္းကိုအဆံုးထိဆြဲေခၚသြားမွာပါ။မင္းသားၾကီး
       Keanu Reeves ရဲ႕
       ပရိသတ္လည္းျဖစ္တယ္
       Thriller
       ကားေတြကိုလည္းႏွစ္ျခိဳက္တယ္ဆိုရင္ေတာ့
       ဒီဇာတ္ကားကို
       သေဘာေတြ႕မွာအေသအခ်ာပါပဲ။
       Unicode
       ဒီတစ်ခါမှာတော့
       မကြာသေးခင်ကမှ
       ထွက်ရှိထားတဲ့
       John Wick
       မင်းသားကြီး
       Keanu Reeves
       ရဲ့ဇာတ်ကားအသစ်ကို
       တင်ဆက်ပေးလိုက်ပါတယ်။Romance,
       Crime, Thriller
       အမျိုးအစားဇာတ်ကားဖြစ်ပြီးတော့
       ဒါရိုက်တာ
       Matthew Ross က
       ရိုက်ကူးပုံဖော်ထားပါတယ်။ဇာတ်လမ်းအကျဉ်း
       ==========
       Lucas Hill ဟာ
       အမေရိကန်စိန်ကုန်သည်တစ်ဦးဖြစ်ပါတယ်။တစ်ရက်မှာ
       အပြာရောင်စိန်တွေကို
       ရောင်းဖို့ရုရှားကဝယ်လက်တစ်ဦးနဲ့ချိတ်ဆက်မိသွားတဲ့အခါ
       အရောင်းအဝယ်ဖြစ်မြောက်ရေးအတွက်ရုရှားနိုင်ငံကိုထွက်လာခဲ့ပါတော့တယ်။သို့ပေမယ့်
       ရုရှားအရောက်မှာတော့
       သူ့စိန်တွေကို
       ထိန်းသိမ်းပေးထားတဲ့
       ပါတနာဖြစ်သူ
       Pyotr ဟာ
       စိန်တွေနဲ့အတူပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ်။
       တစ်ဖက်ဝယ်လက်ဟာ
       မာဖီးယားဆန်ဆန်လူဆိုးဂိုဏ်းဖြစ်တာကြောင့်
       အရောင်းအဝယ်သာမဖြစ်ရင်
       သူ့အသက်ရန်ရှာခံရမယ်ဆိုတာကိုသိတဲ့
       Lucas ဟာ
       ပျောက်သွားတဲ့ပါတနာနဲ့စိန်တွေကို
       အပူတပြင်းလိုက်ရှာရပါတော့တယ်။အဲဒီလိုလိုက်ရှာရင်းနဲ့
       ယမကာဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့
       Katya ဆိုသူနဲ့
       ငြိစွန်းမိသွားတဲ့အခါမှာ
       အခြေအနေတွေက
       ပိုပြီးရှုပ်ထွေးလာပါတော့တယ်။ဒီလိုရှုပ်ထွေးတဲ့အခြေအနေကို
       Lucas တစ်ယောက်
       ဘယ်လိုကိုင်တွယ်မလဲဆိုတာတော့
       ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ဒီဇာတ်ကားဟာ
       Crime Thriller
       ကားသာဖြစ်တဲ့အတွက်ကြောင့်John
       Wick လို
       အက်ရှင်ဇာတ်ကြမ်းမျိုးသာကြည့်ချင်တဲ့
       ပရိသတ်ကြီးအတွက်တော့
       စိတ်မကောင်းပါဘူး။အက်ရှင်အခန်းတွေဖောဖောသီသီကြီးမပါ၀င်တဲ့ခပ်အေးအေးဇာတ်လမ်းသာဖြစ်ပေမယ့်
       ရှေ့ဘာဆက်ဖြစ်မလဲဆိုတဲ့သိချင်စိတ်နဲ့
       ဇာတ်လမ်းကိုအဆုံးထိဆွဲခေါ်သွားမှာပါ။မင်းသားကြီး
       Keanu Reeves ရဲ့
       ပရိသတ်လည်းဖြစ်တယ်
       Thriller
       ကားတွေကိုလည်းနှစ်ခြိုက်တယ်ဆိုရင်တော့
       ဒီဇာတ်ကားကို
       သဘောတွေ့မှာအသေအချာပါပဲ။
  HTML https://i.ibb.co/YbJgPQq/siberia-ver4.jpg
  HTML https://ibb.co/kMzZ5BW
       five sided die
  HTML https://freeonlinedice.com/
  HTML https://drive.google.com/open?id=1HlThY4QZ9HZgrhHHV-6J2bqu7pnznCmK
       *****************************************************
       Page 1 of 1