DIR Return Create A Forum - Home
---------------------------------------------------------
T Community
HTML https://tcommunity.createaforum.com
---------------------------------------------------------
*****************************************************
DIR Return to: Hotel Del Luna
*****************************************************
#Post#: 793--------------------------------------------------
Episode 1
DIR By: shoonlae
Date: November 14, 2019, 5:21 am
---------------------------------------------------------
Zawgyi
CM fan တွေအတွက်
ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့
ဇာတ်လမ်းဇာတ်အိမ်လမ်းလေးဆန်းတဲ့
`Hotel De Luna´ ဆိုတဲ့
ဇာတ်ကားလေးပဲဖြစ်ပါတယ်
ဒီဇတ်ကားလေးကိုတော့
July 13 မှာ
စတင်ပြသပြီး
အပတ်စဉ်
စနေ
တနင်္ဂနွေ
တိုင်း
ထုတ်လွှင့်သွားမှာဖြစ်ပါတယ်
My absolute BF
ဇာတ်သိမ်းလို့
စက်ရုပ်လေးကို
လွမ်းနေမယ်ဆိုတဲ့သူတွေတော့
ဒီကားထဲမှာ
Yeo Jingoo ကို
ဂူချန်ဆောင်းအနေနဲ့တွေ့ရဦးမှာပါ
မင်းသမီးကလည်း
ကိုယ်တွေရဲ့
အချစ်တော်
မမ IU
ဆိုတော့
အကုန်လုံး
သဘောကျကြမှာပါ
ဇာတ်လမ်းအကျဉ်းကတော့
ဂျန်မန်အို
(IU) က
ဟိုတယ်ဒယ်လူနာရဲ့
သူဌေးဖြစ်ပါတယ်
သူကချာမောလှပပေမယ့်
စိတ်အလိုမကျ
ဒေါသထွက်တာမျိုးခဏခဏဖြစ်လေ့ရှိပြီး
သူ့အပြုမူတွေကလည်း
ခန့်မှန်းဖို့
မလွယ်တဲ့
ထူးခြားတဲ့သူပါ
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက
သူမကျူးလွန်ခဲ့တဲ့
ဆိုးရွားတဲ့
အပြစ်တွေကြောင့်
ဟိုတယ်ဒယ်လူနာမှာ
အုပ်ချုပ်ဖို့
ပြစ်ဒဏ်ပေးခံထားရပြီး
နောင်ဘဝကို
မကူးနိုင်ဖြစ်နေတာပါ
ဟိုတယ်ဒယ်လူနာက
သာမန်ရိုးရိုးဟိုတယ်တစ်ခုမဟုတ်ပါဘူး
သေပြီးသားလူအချို့တွေရဲ့
ဝိညာဉ်တွေ
နောင်ဘဝကို
မကူးပြောင်းခင်
ဟိုတယ်ဒယ်လူနာမှာ
တည်းခိုကြတာပါ
တစ်နည်းအားဖြင့်
ဝိညာဉ်တွေ
ဘဝသစ်ကို
မသွားခင်မှာ
ခဏနေတဲ့
နေရာတစ်ခုပေါ့
တစ်ရက်မှာ
ဂူချန်ဆောင်း(Yeo
Jin Goo)ရဲ့အဖေဟာ
သတိလစ်မေ့မြောပြီး
မသေပဲနဲ့
ဟိုတယ်ဒယ်လူနာကို
ရောက်သွားခဲ့ပါတယ်
ဒါကိုသိတဲ့
ဟိုတယ်ဝန်ထမ်းတွေက
ဒေါသထွက်နေတဲ့
ဂျန်မန်အို
မမြင်အောင်လို့
သူ့ကိုဖွက်ထားပေးဖို့လုပ်ခဲ့ကြတယ်
ဒါပေမယ့်
ဟိုတယ်ထဲမှာ
ပွင့်နေတဲ့
ပန်းတွေကို
ခူးလိုက်မိတာကြောင့်
ဂျန်မန်အို
(IU) ရဲ့
ဒေါသတွေ
သူ့အပေါ်ကျလာပါတော့တယ်
အသက်ချမ်းသာပေးစေချင်ရင်
နောင်အနှစ်
၂၀
သားဖြစ်သူကြီးပြင်းလာတဲ့
အခါကျ
သားဖြစ်သူကို
သူ့ဆီပေးရမယ်လို့
သဘောတူညီခဲ့ပြီး
ဂူချန်ဆောင်းရဲ့အဖေကို
ပြန်လွှတ်ခဲ့ပါတယ်
သဘောတူညီချက်ကို
မမေ့အောင်
နှစ်တိုင်း
ဂူချန်ဆောင်းရဲ့မွေးနေ့မှာ
လက်ဆောင်ပန်းစည်းပို့ခဲ့ပြီး
အနှစ်၂၀
အကြာမှာတော့
ကတိအတိုင်း
ဂူချန်ဆောင်းကို
သူ့ဟိုတယ်ဆီကိုခေါ်ပါတော့တယ်
ဒီဇာတ်လမ်းလေးမှာ
ဂူချန်ဆောင်းကို
ဘာလို့
ဟိုတယ်ဒယ်လူနာကို
ခေါ်ရတာလဲ
သူမကရော
ဘယ်လိုအပြစ်တွေကြောင့်
ဟိုတယ်ဒယ်လူနာမှာပိတ်မိနေလဲဆိုတာကို
ရင်ခုန်
ရင်ဖိုစွာနဲ့
စောင့်မျှော်ကြည့်ရအောင်နော်
ကြောက်ဖို့လည်းကောင်းပြီး
ကြည့်လိုလည်းကောင်းမယ့်
ကားကောင်းလေးတစ်ကားဖြစ်မှာပါ
Channel Myanmar မှာ
အပတ်စဉ်စောင့်မျှော်အားပေးကြပါဦး
Unicode
CM fan တှအေတှကျ
စနေ
တနငျ်ဂနှေ
My absolute BF
HTML https://i.ibb.co/NpfbLfr/MV5-BNz-Q2-Mz-Qz-NDkt-MTg4-ZC00-ZDE0-LThh-Nm-Ut-YWMx-Ym-I3-OTIz-Yz-Zl-Xk-Ey-Xk-Fqc-Gde-QXVy-Mz-E4-MDky-NTA-V1-UY268-CR4-0-182-268-AL.jpg
HTML https://imgbb.com/
HTML https://drive.google.com/open?id=1lZdRe1in5HHiYF0WagZbvaCET61qZOTJ
*****************************************************
Page 1 of 1