DIR Return Create A Forum - Home
---------------------------------------------------------
T Community
HTML https://tcommunity.createaforum.com
---------------------------------------------------------
*****************************************************
DIR Return to: D
*****************************************************
#Post#: 791--------------------------------------------------
Dread Out
DIR By: shoonlae
Date: November 14, 2019, 4:23 am
---------------------------------------------------------
Zawgyi
အေရွ႕ေတာင္အာရွ႐ုပ္ရွင္ေစ်းကြက္မွာ
ထိုင္း၊အင္ဒိုနီးရွား
ႏိုင္ငံမ်ားရဲ႕႐ုပ္ေတြက
ေတာ္ေတာ္ေလးေလးေပါက္ေပါက္ေရာက္ေရာက္ရွိပါတယ္။သရဲကားဆိုရင္လည္း
ထိုင္း၊
အင္ဒို၊
မေလးရွား
အစရွိတဲ့ဇာတ္ကားေတြသာ
ထိပ္ဆံုးက
ဦးေဆာင္ေနပါတယ္။ဒီတစ္ခါမွာေတာ့
မၾကာခင္ကမွထြက္ရွိထားတဲ့
အင္ဒိုနီးရွားသရဲကား
DreadOut
ကိုတင္ဆက္ေပးခ်င္ပါတယ္။Jump
scare
ေတြမ်ားမ်ားစားစားမပါဘဲ
အဆံုးထိ
စိတ္ဝင္တစားၾကည့္ရႈရမယ့္
Horror ကားမ်ိဳး
ၾကည့္ခ်င္သူေတြဆိုရင္
ဒီကားကိုၾကည့္ဖို႔
လက္တို႔ပါရေစ။ဇာတ္လမ္းအက်ဥ္းကေတာ့…
Jessica, Beni, Dian
တို႔သံုးေယာက္က
အထက္တန္းေက်ာင္းသူ/သား
ေတြပါ။
မ်က္ေမွာက္ေခတ္ဆယ္ေက်ာ္သက္ေတြရဲ႕ထံုးစံအတိုင္း
Social Network
ေတြရဲ႕လႊမ္းမိုးမႈကို
အႀကီးအက်ယ္ခံထားရတဲ့သူေတြေပါ့။သူတို႔သံုးေယာက္က
Social Network ေပၚမွာ
ေပၚျပဴလာျဖစ္ခ်င္တာေၾကာင့္
ႏွစ္အေတာ္ၾကာစြန္႔ပစ္ထားတဲ့
တိုက္အိုႀကီးေပၚသြားၿပီး
Live လႊင့္ကာ Follower
ရွာဖို႔ၾကံၾကပါတယ္။အဲဒီမွာ
Alex
ဆိုတဲ့ခပ္ရမ္းရမ္းေက်ာင္းသားတစ္ေယာက္ရယ္၊
Erik
ဆိုတဲ့ေစာ္ၾကည္ဘဲတစ္ေယာက္ကိုပါ
ေခ်ာဆြဲၾကပါတယ္။ေနာက္ထပ္ေခ်ာဆြဲခံလိုက္ရတာက
Linda၊ Linda က
သူတို႔ေတြရဲ႕
ဂ်ဴနီယာတစ္ေယာက္၊
မိသားစုအဆင္မေျပလို႔
စတိုးဆိုင္မွာ
ေက်ာင္းတစ္ဖက္နဲ႔အလုပ္လုပ္ေနရတဲ့သူ။သူ႔ကိုေခၚရတဲ့အေၾကာင္းအရင္းက
တိုက္အိုႀကီးရဲ႕အေစာင့္နဲ႕
ရင္းႏွီးတာေၾကာင့္
သူတို႔အသာတၾကည္ဝင္ခြင့္ရေအာင္
ေခၚခ်င္တာ။Linda
က အစကေတာ့
ျငင္းေပမယ့္
ေနာက္ပိုင္း
လိုက္လာခမ်ားမ်ားစားစားရမယ္လည္းဆိုေရာ
ေခါင္းၫွိတ္ၿပီးလက္ခံလိုက္တယ္။ဒီလိုနဲ႔တိုက္အိုႀကီးဆီေရာက္ၿပီး
အစပိုင္းကေတာ့
ေအးေအးေဆးေဆးပဲ၊
မ်က္ႏွာေျပာင္လိုက္၊
သရဲအေျခာက္ခံရခ်င္ေယာင္ေဆာင္လိုက္နဲ႔ေပါ့။ျဖစ္ခ်င္ေတာ့
သူတို႔လႊင့္ေနတဲ့
Live က
လိုင္းက်ၿပီး
ေပ်ာက္သြားတယ္။Viewer
ေလးကလည္း
နည္းနည္းမ်ားလာၿပီဆိုေတာ့
စိတ္ကလည္းခပ္ပါပါနဲ႔
တိုက္ေစာင့္ေရာ
ရဲေတြကႀကိဳးတားၿပီး
တားျမစ္ထားတဲ့ဘက္ကို
လိုင္းမိလိုမိျငားနဲ႔
အဖြဲ႕လိုက္သြားၾကတဲ့အခ်ိန္မွာ
စေတာ့တာပါပဲ။အဲဒီဘက္အျခမ္းမွာ
ခ်ိတ္ပိတ္ထားတဲ့အခန္းတစ္ခန္းရွိတယ္။သူတို႔ထဲမွာ
ေၾကာက္တဲ့သူကေၾကာက္ေနေပမယ့္
အဖြဲ႕လိုက္ဆိုေတာ့
စိတ္ႂကြၿပီးအခန္းထဲဝင္သြားတဲ့အခါမွာေတာ့
သူတို႔ဘဝရဲ႕မေမ့ႏိုင္စရာ
ညတစ္ညနဲ႔ၾကံဳေတြ႕ဖို႔
အေၾကာင္းဖန္လာခဲ့ေတာ့တယ္။ဒီဇာတ္ကားက
ထြက္တာလည္းတစ္ရက္ေတာင္မျပည္ေသးဘူးဆိုေပမယ့္
IMDB မွာေတာ့ 5.6
Rating
ကိုရထားပါတယ္။Horror
ေတြဆို Rating
စုတ္တာထံုးစံလိုျဖစ္ေနေၾကာင့္
5.6 ေလာက္ဟာ Entertain
ဖစ္ၿပီး
ၾကည့္လို႔ေကာင္းတဲ့အေနအထားမွာရွိတယ္လို႔
ေျပာလို႔ရပါတယ္။ဒါ့အျပင္
ဒီဇာတ္ကားမွာ
သိပ္ထင္မထားၾကတဲ့
Plot Twist
တခ်ိဳ႕လည္းပါတာေၾကာင့္
စိတ္ဝင္တစားၾကည့္ရႈရမယ့္
ဇာတ္ကားတစ္ကားပဲျဖစ္ပါတယ္။
Unicode
အရှေ့တောင်အာရှရုပ်ရှင်စျေးကွက်မှာ
ထိုင်း၊အင်ဒိုနီးရှား
နိုင်ငံများရဲ့ရုပ်တွေက
တော်တော်လေးလေးပေါက်ပေါက်ရောက်ရောက်ရှိပါတယ်။သရဲကားဆိုရင်လည်း
ထိုင်း၊
အင်ဒို၊
မလေးရှား
အစရှိတဲ့ဇာတ်ကားတွေသာ
ထိပ်ဆုံးက
ဦးဆောင်နေပါတယ်။ဒီတစ်ခါမှာတော့
မကြာခင်ကမှထွက်ရှိထားတဲ့
အင်ဒိုနီးရှားသရဲကား
DreadOut
ကိုတင်ဆက်ပေးချင်ပါတယ်။Jump
scare
တွေများများစားစားမပါဘဲ
အဆုံးထိ
စိတ်ဝင်တစားကြည့်ရှုရမယ့်
Horror ကားမျိုး
ကြည့်ချင်သူတွေဆိုရင်
ဒီကားကိုကြည့်ဖို့
လက်တို့ပါရစေ။ဇာတ်လမ်းအကျဉ်းကတော့…
Jessica, Beni, Dian
တို့သုံးယောက်က
အထက်တန်းကျောင်းသူ/သား
တွေပါ။
မျက်မှောက်ခေတ်ဆယ်ကျော်သက်တွေရဲ့ထုံးစံအတိုင်း
Social Network
တွေရဲ့လွှမ်းမိုးမှုကို
အကြီးအကျယ်ခံထားရတဲ့သူတွေပေါ့။သူတို့သုံးယောက်က
Social Network ပေါ်မှာ
ပေါ်ပြူလာဖြစ်ချင်တာကြောင့်
နှစ်အတော်ကြာစွန့်ပစ်ထားတဲ့
တိုက်အိုကြီးပေါ်သွားပြီး
Live လွှင့်ကာ
Follower
ရှာဖို့ကြံကြပါတယ်။အဲဒီမှာ
Alex
ဆိုတဲ့ခပ်ရမ်းရမ်းကျောင်းသားတစ်ယောက်ရယ်၊
Erik
ဆိုတဲ့စော်ကြည်ဘဲတစ်ယောက်ကိုပါ
ချောဆွဲကြပါတယ်။နောက်ထပ်ချောဆွဲခံလိုက်ရတာက
Linda၊ Linda က
သူတို့တွေရဲ့
ဂျူနီယာတစ်ယောက်၊
မိသားစုအဆင်မပြေလို့
စတိုးဆိုင်မှာ
ကျောင်းတစ်ဖက်နဲ့အလုပ်လုပ်နေရတဲ့သူ။သူ့ကိုခေါ်ရတဲ့အကြောင်းအရင်းက
တိုက်အိုကြီးရဲ့အစောင့်နဲ့
ရင်းနှီးတာကြောင့်
သူတို့အသာတကြည်ဝင်ခွင့်ရအောင်
ခေါ်ချင်တာ။Linda
က အစကတော့
ငြင်းပေမယ့်
နောက်ပိုင်း
လိုက်လာခများများစားစားရမယ်လည်းဆိုရော
ခေါင်းညှိတ်ပြီးလက်ခံလိုက်တယ်။ဒီလိုနဲ့တိုက်အိုကြီးဆီရောက်ပြီး
အစပိုင်းကတော့
အေးအေးဆေးဆေးပဲ၊
မျက်နှာပြောင်လိုက်၊
သရဲအခြောက်ခံရချင်ယောင်ဆောင်လိုက်နဲ့ပေါ့။ဖြစ်ချင်တော့
သူတို့လွှင့်နေတဲ့
Live က
လိုင်းကျပြီး
ပျောက်သွားတယ်။Viewer
လေးကလည်း
နည်းနည်းများလာပြီဆိုတော့
စိတ်ကလည်းခပ်ပါပါနဲ့
တိုက်စောင့်ရော
ရဲတွေကကြိုးတားပြီး
တားမြစ်ထားတဲ့ဘက်ကို
လိုင်းမိလိုမိငြားနဲ့
အဖွဲ့လိုက်သွားကြတဲ့အချိန်မှာ
စတော့တာပါပဲ။အဲဒီဘက်အခြမ်းမှာ
ချိတ်ပိတ်ထားတဲ့အခန်းတစ်ခန်းရှိတယ်။သူတို့ထဲမှာ
ကြောက်တဲ့သူကကြောက်နေပေမယ့်
အဖွဲ့လိုက်ဆိုတော့
စိတ်ကြွပြီးအခန်းထဲဝင်သွားတဲ့အခါမှာတော့
သူတို့ဘဝရဲ့မမေ့နိုင်စရာ
ညတစ်ညနဲ့ကြုံတွေ့ဖို့
အကြောင်းဖန်လာခဲ့တော့တယ်။ဒီဇာတ်ကားက
ထွက်တာလည်းတစ်ရက်တောင်မပြည်သေးဘူးဆိုပေမယ့်
IMDB မှာတော့ 5.6
Rating
ကိုရထားပါတယ်။Horror
တွေဆို Rating
စုတ်တာထုံးစံလိုဖြစ်နေကြောင့်
5.6 လောက်ဟာ Entertain
ဖြစ်ပြီး
ကြည့်လို့ကောင်းတဲ့အနေအထားမှာရှိတယ်လို့
ပြောလို့ရပါတယ်။ဒါ့အပြင်
ဒီဇာတ်ကားမှာ
သိပ်ထင်မထားကြတဲ့
Plot Twist
တချို့လည်းပါတာကြောင့်
စိတ်ဝင်တစားကြည့်ရှုရမယ့်
ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
HTML https://i.ibb.co/4RmznVh/MV5-BZDYy-Ym-Fk-MTIt-ZTk4-Yy00-M2-E5-LTkz-Mm-It-ZWIz-OTA1-Mm-Qx-Zj-Ay-Xk-Ey-Xk-Fqc-Gde-QXVy-MTIz-Mj-Ux-Mg-V1.jpg
HTML https://ibb.co/HTF6fH5
HTML https://drive.google.com/open?id=1wiXRt4J5Her1hfwXbfyX8sFc5qolPmX3
*****************************************************
Page 1 of 1