URI:
   DIR Return Create A Forum - Home
       ---------------------------------------------------------
       T Community
  HTML https://tcommunity.createaforum.com
       ---------------------------------------------------------
       *****************************************************
   DIR Return to: T
       *****************************************************
       #Post#: 465--------------------------------------------------
       Tag 2018
   DIR By: shoonlae
       Date: October 24, 2019, 3:56 am
       ---------------------------------------------------------
       Zawgyi
       “အသက္ၾကီးလာလို႔
       ကစားတာရပ္လိုက္တာမဟုတ္ဘူး၊
       ကစားတာရပ္လိုက္တာလို႔
       အသက္ၾကီးလာတာ”
       ဆိုတဲ့ေဆာင္ပုဒ္က
       သူတို႔ရဲ႕လက္သံုးေဆာင္ပုဒ္တစ္ခုေပါ့။သူတို႔ဆိုတာ
       Hogan, Bob, Chilli, Sable, Jerry
       တို႔သူငယ္ခ်င္းငါးေယာက္အဖြဲ႕ကိုရည္ညႊန္းတာပါ။ဟိုးငယ္ငယ္ေလးကတည္းက
       ေက်ာင္းေနဖက္
       ေဆာ့ေဖာ္ေဆာ့ဖက္ေတြျဖစ္တဲ့အတြက္
       တစ္ေယာက္ကိုတစ္ေယာက္လည္း
       သံေယာဇဥ္အေတာ္ရွိၾကပါတယ္။အသက္ၾကီးလာတဲ့အခါကိုယ့္လမ္းကိုေလွ်ာက္ျပီး
       တစ္ေယာက္နဲ႔တစ္ေယာက္
       သူစိမ္းေတြလိုတကြဲတျပားမျဖစ္ခ်င္တဲ့သူတို႔သူငယ္ခ်င္းတစ္သိုက္ဟာ
       အခ်ိန္တန္ရင္ခြဲခြာရမယ္ဆိုတဲ့
       ေလာကၾကီးရဲ႕နိယာမကို
       ဆန္႔က်င္ဖို႔နည္းလမ္းတစ္ခုကိုတီထြင္ခဲ့ပါတယ္ေတာ့တယ္။အဲဒါကေတာ့
       အသက္ၾကီးတဲ့အခ်ိန္
       ငယ္ငယ္တုန္းကလို
       ဆက္ျပီးေဆာ့ကစားတဲ့နည္းပါပဲ။
       သူတို႔ေဆာ့တဲ့ကစားနည္းကို
       ျမန္မာလိုေခၚရရင္ေတာ့
       စိန္ေျပးလိုက္တမ္းေပါ့ဗ်ာ။သူတို႔သူငယ္ခ်င္းေတြဟာ
       အဲဒီစိန္ေျပးလိုက္တမ္းကို
       ႏွစ္တုိင္းရဲ႕ေမလတိုင္းမွာ
       ကစားေလ့ရွိတယ္။ဒါေပမယ့္
       အရင္တုန္းကလို
       လူစုလူေဝးနဲ႔ကြင္းျပင္က်ယ္ၾကီးထဲမွာေဆာ့ၾကတာမဟုတ္ပါဘူး။ေမလအတြင္းတစ္ရက္ရက္မွာေခြးရူးျဖစ္တဲ့သူက
       ကိုယ္ဖမ္းခ်င္တဲ့လူရွိတဲ့ေနရာကို
       ေရာက္ေအာင္လာျပီး
       ဖမ္းရတာပဲျဖစ္ပါတယ္။ဒါ့အျပင္ကိုယ့္ကိုျမင္ရင္လည္း
       အဖမ္းခံရတဲ့သူက
       ထြက္ေျပးႏုိင္တဲ့အတြက္
       မမွတ္မိေအာင္ရုပ္ေတြဘာေတြ
       ဖ်က္ျပီးအနားေရာက္မွအမိဖမ္းရပါတယ္။ထူးျခားခ်က္တစ္ခုကေတာ့
       သူတို႔သူငယ္ခ်င္းထဲမွာ
       Jerry
       ဆိုတဲ့တစ္ေယာက္က
       အဲဒီကစားနည္းစေဆာ့ပါျပီဆိုကတည္းက
       ႏွစ္ ၃၀
       တုိင္ေအာင္
       တစ္ခါမွအဖမ္းမခံရေသးပါဘူး။၃၁
       ႏွစ္ေျမာက္မွာေတာ့
       Jerry
       တစ္ေယာက္အိမ္ေထာင္ျပဳျပီးေတာ့
       ဒီကစားပြဲကေနအေကာင္းဆံုးစံခ်ိန္နဲ႔
       အျပီးတိုင္အနားယူေတာ့မယ္ဆိုတဲ့သတင္းကို
       သိသြားတဲ့
       Hogan ဟာ
       က်န္တဲ့သူငယ္ခ်င္းသံုးေယာက္ကိုအျမန္စုျပီးေတာ့
       မဂၤလာပြဲမွာေျခခ်ဳပ္မိေနမယ့္
       Jerry
       ကိုဖမ္းျပီး
       သူ႔ရဲ႕ႏွစ္
       ၃၀
       အဖမ္းမခံရတဲ့စံခ်ိန္ကိုခ်ိဳးပစ္ဖို႔အတြက္
       စီစဥ္ပါေတာ့တယ္။ဇာတ္လမ္းရဲ႕အသြားအလာကိုၾကည့္ျပီး
       ဟာသကားျဖစ္မယ္ဆိုတာ
       အားလံုးသိေလာက္မွာပါ။ဒါ့အျပင္ဇာတ္လမ္းကိုရုတ္တရက္ၾကည့္ရင္ေတာ့
       စိတ္ကူးယဥ္ဆန္ျပီး
       အတင္းလုပ္ယူသလိုၾကီးျဖစ္ေနပါလိမ့္မယ္။ဒါေပမယ့္
       ဒီဇာတ္ကားဟာ
       တကယ့္ျဖစ္ရပ္မွန္ကိုအေျခခံျပီးရိုက္ကူးထားတာပဲျဖစ္ပါတယ္။ေတာ္ေတာ္ၾကည့္ေပ်ာ္တဲ့ဇာတ္ကားေလးျဖစ္ျပီး
       Adult Joke
       ေတြလည္းမပါသေလာက္နည္းပါးတဲ့အတြက္
       မိသားစုနဲ႔အတူစိတ္လြတ္ကိုယ္လြတ္ၾကည့္ခ်င္တယ္ဆိုတဲ့သူေတြအတြက္
       ဒီဇာတ္ကားေလးကို
       ညႊန္းဆိုေပးလိုက္ပါတယ္။ဒါ့အျပင္
       သူေပးခ်င္တဲ့
       Message
       ေလးကေတာ္ေတာ္ေကာင္းျပီးေတာ့
       ၾကည့္ျပီးတဲ့အခါမွာလည္း
       တခ်ိဳ႕ဟာသကားေတြလိုၾကည့္ျပီးခဏနဲ႔
       ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားမယ့္ဇာတ္ကားမ်ိဳးမဟုတ္ဘဲ
       ရင္ထဲတစ္ခုခုက်န္ခဲ့မယ္ဆိုတာကိုေတာ့…..။
       Unicode
       “အသက်ကြီးလာလို့
       ကစားတာရပ်လိုက်တာမဟုတ်ဘူး၊
       ကစားတာရပ်လိုက်တာလို့
       အသက်ကြီးလာတာ”
       ဆိုတဲ့ဆောင်ပုဒ်က
       သူတို့ရဲ့လက်သုံးဆောင်ပုဒ်တစ်ခုပေါ့။သူတို့ဆိုတာ
       Hogan, Bob, Chilli, Sable, Jerry
       တို့သူငယ်ချင်းငါးယောက်အဖွဲ့ကိုရည်ညွှန်းတာပါ။ဟိုးငယ်ငယ်လေးကတည်းက
       ကျောင်းနေဖက်
       ဆော့ဖော်ဆော့ဖက်တွေဖြစ်တဲ့အတွက်
       တစ်ယောက်ကိုတစ်ယောက်လည်း
       သံယောဇဉ်အတော်ရှိကြပါတယ်။အသက်ကြီးလာတဲ့အခါကိုယ့်လမ်းကိုလျှောက်ပြီး
       တစ်ယောက်နဲ့တစ်ယောက်
       သူစိမ်းတွေလိုတကွဲတပြားမဖြစ်ချင်တဲ့သူတို့သူငယ်ချင်းတစ်သိုက်ဟာ
       အချိန်တန်ရင်ခွဲခွာရမယ်ဆိုတဲ့
       လောကကြီးရဲ့နိယာမကို
       ဆန့်ကျင်ဖို့နည်းလမ်းတစ်ခုကိုတီထွင်ခဲ့ပါတယ်တော့တယ်။အဲဒါကတော့
       အသက်ကြီးတဲ့အချိန်
       ငယ်ငယ်တုန်းကလို
       ဆက်ပြီးဆော့ကစားတဲ့နည်းပါပဲ။
       သူတို့ဆော့တဲ့ကစားနည်းကို
       မြန်မာလိုခေါ်ရရင်တော့
       စိန်ပြေးလိုက်တမ်းပေါ့ဗျာ။သူတို့သူငယ်ချင်းတွေဟာ
       အဲဒီစိန်ပြေးလိုက်တမ်းကို
       နှစ်တိုင်းရဲ့မေလတိုင်းမှာ
       ကစားလေ့ရှိတယ်။ဒါပေမယ့်
       အရင်တုန်းကလို
       လူစုလူဝေးနဲ့ကွင်းပြင်ကျယ်ကြီးထဲမှာဆော့ကြတာမဟုတ်ပါဘူး။မေလအတွင်းတစ်ရက်ရက်မှာခွေးရူးဖြစ်တဲ့သူက
       ကိုယ်ဖမ်းချင်တဲ့လူရှိတဲ့နေရာကို
       ရောက်အောင်လာပြီး
       ဖမ်းရတာပဲဖြစ်ပါတယ်။ဒါ့အပြင်ကိုယ့်ကိုမြင်ရင်လည်း
       အဖမ်းခံရတဲ့သူက
       ထွက်ပြေးနိုင်တဲ့အတွက်
       မမှတ်မိအောင်ရုပ်တွေဘာတွေ
       ဖျက်ပြီးအနားရောက်မှအမိဖမ်းရပါတယ်။ထူးခြားချက်တစ်ခုကတော့
       သူတို့သူငယ်ချင်းထဲမှာ
       Jerry
       ဆိုတဲ့တစ်ယောက်က
       အဲဒီကစားနည်းစဆော့ပါပြီဆိုကတည်းက
       နှစ် ၃၀
       တိုင်အောင်
       တစ်ခါမှအဖမ်းမခံရသေးပါဘူး။၃၁
       နှစ်မြောက်မှာတော့
       Jerry
       တစ်ယောက်အိမ်ထောင်ပြုပြီးတော့
       ဒီကစားပွဲကနေအကောင်းဆုံးစံချိန်နဲ့
       အပြီးတိုင်အနားယူတော့မယ်ဆိုတဲ့သတင်းကို
       သိသွားတဲ့
       Hogan ဟာ
       ကျန်တဲ့သူငယ်ချင်းသုံးယောက်ကိုအမြန်စုပြီးတော့
       မင်္ဂလာပွဲမှာခြေချုပ်မိနေမယ့်
       Jerry
       ကိုဖမ်းပြီး
       သူ့ရဲ့နှစ်
       ၃၀
       အဖမ်းမခံရတဲ့စံချိန်ကိုချိုးပစ်ဖို့အတွက်
       စီစဉ်ပါတော့တယ်။ဇာတ်လမ်းရဲ့အသွားအလာကိုကြည့်ပြီး
       ဟာသကားဖြစ်မယ်ဆိုတာ
       အားလုံးသိလောက်မှာပါ။ဒါ့အပြင်ဇာတ်လမ်းကိုရုတ်တရက်ကြည့်ရင်တော့
       စိတ်ကူးယဉ်ဆန်ပြီး
       အတင်းလုပ်ယူသလိုကြီးဖြစ်နေပါလိမ့်မယ်။ဒါပေမယ့်
       ဒီဇာတ်ကားဟာ
       တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။တော်တော်ကြည့်ပျော်တဲ့ဇာတ်ကားလေးဖြစ်ပြီး
       Adult Joke
       တွေလည်းမပါသလောက်နည်းပါးတဲ့အတွက်
       မိသားစုနဲ့အတူစိတ်လွတ်ကိုယ်လွတ်ကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်
       ဒီဇာတ်ကားလေးကို
       ညွှန်းဆိုပေးလိုက်ပါတယ်။ဒါ့အပြင်
       သူပေးချင်တဲ့
       Message
       လေးကတော်တော်ကောင်းပြီးတော့
       ကြည့်ပြီးတဲ့အခါမှာလည်း
       တချို့ဟာသကားတွေလိုကြည့်ပြီးခဏနဲ့
       မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ့်ဇာတ်ကားမျိုးမဟုတ်ဘဲ
       ရင်ထဲတစ်ခုခုကျန်ခဲ့မယ်ဆိုတာကိုတော့…..။
  HTML https://i.ibb.co/NTvhktR/MV5-BNzk4-NDM3-Njkw-NF5-BMl5-Ban-Bn-Xk-Ft-ZTgw-NTk5-Mzkz-NTM-V1.jpg
  HTML https://ibb.co/ph7Dsbq
  HTML https://drive.google.com/open?id=1a1EB6EhL5DYNQwp8uzY0kRvwEDS12wvl
       *****************************************************
       Page 1 of 1