URI:
   DIR Return Create A Forum - Home
       ---------------------------------------------------------
       T Community
  HTML https://tcommunity.createaforum.com
       ---------------------------------------------------------
       *****************************************************
   DIR Return to: R
       *****************************************************
       #Post#: 460--------------------------------------------------
       Raid 2018
   DIR By: shoonlae
       Date: October 24, 2019, 12:55 am
       ---------------------------------------------------------
       Zawgyi
       ဒီဇာတ္ကားေလးဟာ
       ၁၉၈၀ခုႏွစ္မ်ားဆီက
       အိႏၵိယႏိုင္ငံမွ
       အခြန္ဦးစီးဌာနအရာ႐ွိတစ္ေယာက္ရဲ႕
       အျဖစ္အပ်က္ကိုအေျခခံ႐ိုက္ကူးထားတာပဲျဖစ္ပါတယ္။ဆင္းရဲသားေတြဆီကေခါင္းပုံျဖတ္၊
       လာဘ္ေပးလာဘ္ယူမႈေတြနဲ႔ခ်မ္းသာလာၿပီး
       တစ္ဖက္မွာလူအမ်ားအျမင္ၾကည္ေအာင္ဘီလူးေခါင္းကြယ္ထားတတ္တဲ့
       လူခ်မ္းသာေတြ၊
       ျပည္သူေတြကိုအသံုးခ်ၿပီး
       ကိုယ္က်ဳိး႐ွာတဲ့ႏိုင္ငံေရးသမားေတြကို
       သူတို႔ဆီမွာအမွန္တကယ္
       တရားေဘာင္အတြင္းကႏွိပ္ကြပ္ခဲ့တဲ့အျဖစ္အပ်က္ေလးကိုအေျခတည္ထားတာပါ။႐ိုးသားၿပီးကိုယ့္ခံယူခ်က္အတိုင္းလံုးဝတရားမပ်က္တဲ့
       အစိုးရအရာ႐ွိတစ္ေယာက္သူတို႔ဆီမွာ႐ွိဖူးတယ္ဆိုတာကို
       ႐ိုက္ကူးျပထားတာျဖစ္ပါတယ္။ဘယ္သူတရားပ်က္ပ်က္ကိုယ္မပ်က္ဘူးဆိုတဲ့သတၱိနဲ႔
       အဆိုပါအခြန္ဦးစီးဌာနကအရာ႐ွိတစ္ေယာက္
       လက္ေနာင္းၿမိဳ႕ကို၄၉ႀကိမ္ေျမာက္
       ရာထူးေျပာင္းေရြ႔ျခင္းခံရၿပီးေရာက္လာတာကစတာပါပဲ။အရင္အရာ႐ွိေတြနဲ႔မတူပဲ
       အလုပ္ကိုအမွန္အကန္လုပ္တဲ့သူနဲ႔ေတြ႔တဲ့အခါမွာေတာ့
       ဂုတ္ေသြးစုပ္ေနတဲ့
       ေသြးစုပ္ဖုတ္ေကာင္ႀကီးေတြ
       မ်က္ျဖဴလန္ေတာ့တာပါပဲ။
       ဇာတ္လမ္းေလးကိုဆက္မေျပာေတာ့ဘဲကိုယ္တိုင္ပဲၾကည့္လိုက္ေစခ်င္ပါတယ္။ႏိုင္ငံေရးသေဘာသဘာဝေတြ၊
       ႐ိုးသားတဲ့အစိုးရဝန္ထမ္းေတြႏွိပ္ကြက္ခံရမႈေတြ၊
       လူထုကိုႏိုင္ငံေရးသမားေတြဘယ္လို
       ဦးေႏွာက္အဆိပ္ခတ္ထားသလဲဆိုတာေတြကို
       ကြက္ကြက္ကြင္းကြင္း႐ိုက္ကူးျပသပံုေဖာ္ထားတာကိုေတြ႔ရမွာပါ။Rating
       အေနနဲ႔လည္း
       7.6
       အထိရ႐ွိထားၿပီး
       ေငြေၾကးအရလည္းေအာင္ျမင္ထားတဲ့ျဖစ္ရပ္မွန္ဇာတ္ကားေလးျဖစ္ပါတယ္
       Unicode
       ဒီဇာတ်ကားလေးဟာ
       ၁၉၈၀ခုနှစ်များဆီက
       အိန္ဒိယနိုင်ငံမှ
       အခွန်ဦးစီးဌာနအရာရှိတစ်ယောက်ရဲ့
       အဖြစ်အပျက်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဆင်းရဲသားတွေဆီကခေါင်းပုံဖြတ်၊
       လာဘ်ပေးလာဘ်ယူမှုတွေနဲ့ချမ်းသာလာပြီး
       တစ်ဖက်မှာလူအများအမြင်ကြည်အောင်ဘီလူးခေါင်းကွယ်ထားတတ်တဲ့
       လူချမ်းသာတွေ၊
       ပြည်သူတွေကိုအသုံးချပြီး
       ကိုယ်ကျိုးရှာတဲ့နိုင်ငံရေးသမားတွေကို
       သူတို့ဆီမှာအမှန်တကယ်
       တရားဘောင်အတွင်းကနှိပ်ကွပ်ခဲ့တဲ့အဖြစ်အပျက်လေးကိုအခြေတည်ထားတာပါ။ရိုးသားပြီးကိုယ့်ခံယူချက်အတိုင်းလုံးဝတရားမပျက်တဲ့
       အစိုးရအရာရှိတစ်ယောက်သူတို့ဆီမှာရှိဖူးတယ်ဆိုတာကို
       ရိုက်ကူးပြထားတာဖြစ်ပါတယ်။ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဘူးဆိုတဲ့သတ္တိနဲ့
       အဆိုပါအခွန်ဦးစီးဌာနကအရာရှိတစ်ယောက်
       လက်နောင်းမြို့ကို၄၉ကြိမ်မြောက်
       ရာထူးပြောင်းရွေ့ခြင်းခံရပြီးရောက်လာတာကစတာပါပဲ။အရင်အရာရှိတွေနဲ့မတူပဲ
       အလုပ်ကိုအမှန်အကန်လုပ်တဲ့သူနဲ့တွေ့တဲ့အခါမှာတော့
       ဂုတ်သွေးစုပ်နေတဲ့
       သွေးစုပ်ဖုတ်ကောင်ကြီးတွေ
       မျက်ဖြူလန်တော့တာပါပဲ။
       ဇာတ်လမ်းလေးကိုဆက်မပြောတော့ဘဲကိုယ်တိုင်ပဲကြည့်လိုက်စေချင်ပါတယ်။နိုင်ငံရေးသဘောသဘာဝတွေ၊
       ရိုးသားတဲ့အစိုးရဝန်ထမ်းတွေနှိပ်ကွက်ခံရမှုတွေ၊
       လူထုကိုနိုင်ငံရေးသမားတွေဘယ်လို
       ဦးနှောက်အဆိပ်ခတ်ထားသလဲဆိုတာတွေကို
       ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသပုံဖော်ထားတာကိုတွေ့ရမှာပါ။Rating
       အနေနဲ့လည်း
       7.6
       အထိရရှိထားပြီး
       ငွေကြေးအရလည်းအောင်မြင်ထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်
  HTML https://i.ibb.co/7k9rs5q/220px-Ajay-Devgn-s-Raid-poster.jpg
  HTML https://imgbb.com/
  HTML https://drive.google.com/open?id=1rOUgNPq6gacTW7YvC7_t071zjnr-QsXa
       *****************************************************
       Page 1 of 1