URI:
   DIR Return Create A Forum - Home
       ---------------------------------------------------------
       T Community
  HTML https://tcommunity.createaforum.com
       ---------------------------------------------------------
       *****************************************************
   DIR Return to: A
       *****************************************************
       #Post#: 282--------------------------------------------------
       At Eternity Gate 2019
   DIR By: shoonlae
       Date: October 21, 2019, 11:34 pm
       ---------------------------------------------------------
       Zawgyi
       အခ်ိန္မွားၿပီးေမြးဖြားခဲ့တဲ့………..
       ေခတ္အဆက္ဆက္…တည္ၿမဲေနဦးမယ့္…………ပန္းခ်ီကားတို႔ရဲ႕
       ဖန္တီးရွင္…ဗင္းဆင့္ဗန္ဂုိး…………ဗန္ဂိုးဟာ
       ဒတ္ခ်္လူမ်ိဳးပန္းခ်ီဆရာတစ္ေယာက္ပါ……သူ႔ရဲ႕စိတ္ခံစားခ်က္ကို
       အေရာင္မ်ားနဲ႔ေဖာ္ျပတတ္သူျဖစ္ၿပီး……သူ႔ရဲ႕ပန္းခ်ီကားေတြမွာ
       ျပင္းျပတဲ့စိတ္ဆႏၵကို
       ၾကက္သီးထဖြယ္ေတြ႕ျမင္ရတတ္ပါတယ္…….
       သူဟာပန္းခ်ီကို
       အလြန္ရူးသြပ္သူတစ္ေယာက္ျဖစ္ၿပီးအသက္
       ၂၇ႏွစ္မွစတင္ၿပီး
       ပန္းခ်ီဆြဲခဲ့တာပါ…..ေလာကမွ
       နာမည္အေက်ာ္ၾကားဆံုးနဲ႔
       ကံအဆိုးဆံုးပန္းခ်ီဆရာတစ္ေယာက္ဆိုရင္လည္း
       မမွားပါဘူးဘာလို႔လဲဆိုေတာ့
       သူဟာ
       အခ်ိန္မွားၿပီးေမြးဖြားလာခဲ့လို႔ပါပဲ……သူ႔ေခတ္က
       ပန္းခ်ီပညာရွင္အမ်ားစုက
       သူ႔ကို
       အသိအမွတ္မျပဳခဲ့ၾကေပမယ့္ေခတ္သစ္ပန္းခ်ီဆရာေတြကေတာ့
       သူ႔ပန္းခ်ီကားေတြရဲ႕ထူးျခားခ်က္ကိုအသိအမွတ္မျပဳဘဲ
       မေနနိုင္ၾကပါဘူး
       သူ႔ပန္းခ်ီကားေတြဟာ
       သူေသဆံုးၿပီးႏွစ္၃၀ဆယ္ခန္႔ၾကာမွ
       စတင္နာမည္ေက်ာ္ၾကားလာခဲ့တာျဖစ္ပါတယ္ဘဝတစ္ေလ်ွာက္လံုး
       ဆင္းရဲႏြမ္းပါးစြာေနလာခဲ့ရၿပီး
       ေသသြားသည့္တိုင္ေအာင္သူ႔ကို
       ဘယ္သူကမွ
       အသိအမွတ္မျပဳခဲ့ပါဘူးဒါေပမယ့္
       ၁၀ႏွစ္လံုးလံုး
       ပန္းခ်ီဆြဲတဲ့အလုပ္ကို
       စိတ္ဓာတ္ႀကံ့ခိုင္စြာနဲ႔ေဇာက္ခ်လုပ္ခဲ့ပါတယ္
       အသက္
       ၃၇ႏွစ္မွာေသဆံုးခဲ့ၿပီး
       ………ပန္းခ်ီဆြဲခဲ့တဲ့
       ၁၀ႏွစ္တာ
       ကာလတစ္ေလ်ွာက္မွာပန္းခ်ီကားခ်ပ္ေပါင္း
       ၁၆၀၀ခန္႔ေရးဆြဲခဲ့ပါတယ္ပန္းခ်ီကားတိုင္းဟာ
       သူေျပာျပခ်င္တဲ့
       အေၾကာင္းအရာေတြသူေဖာ္ျပခ်င္တဲ့
       စိတ္ခံစားမႈအေျခအေနေတြ
       ျပည့္ႏွက္ေနပါတယ္သူအသက္ရွင္စဥ္ကာလတစ္ေလ်ွာက္မွာ
       ပန္းခ်ီကားက
       ၁ခ်ပ္ပဲေရာင္းခဲ့ရပါတယ္
       အဲ့ဒါေတာင္မွ
       သူ႔မိတ္ေဆြနာမည္ႀကီး
       ပန္းခ်ီဆရာတစ္ေယာက္ကခင္မင္မႈသေဘာနဲ႔ဝယ္ယူခဲ့တာပါ
       အစမွာေျပာခဲ့သလိုပဲသူဟာ
       အခ်ိန္မွားၿပီး
       ေမြးဖြားလာခဲ့တာပါအခုခ်ိန္မွာဆိုရင္ေတာ့
       သူ
       မေသခင္ကေရးဆြဲခဲ့တဲ့“Portrait
       of Dr Gachet” ဆိုတဲ့
       ပန္းခ်ီကားဟာ
       ေဒၚလာ ၁၀၀
       မီလီယံေက်ာ္တန္ေၾကးရွိပါတယ္ဒါေတြကေတာ့
       ဇာတ္ကားေလးမၾကည့္ခင္
       သိထားသင့္တဲ့သူ႔ရဲ႕သနားစဖြယ္
       ဇာတ္ေၾကာင္းေလးတစ္ခုပါ…….ဒီဇာတ္ကားေလးထဲမွာေတာ့
       အႏုပညာကိုရူးသြပ္ၿပီးသိပ္ကိုသံေယာဇဥ္ႀကီးမားတဲ့
       ဗင္ဆင့္ကိုဂရုဏာသက္ဖြယ္
       ေတြ႕ရွိရမွာပါဒီဇာတ္ကားေလးဟာ
       အႏုပညာရွင္ႀကီး
       ဗင္ဆင့္ဗန္ဂိုးရဲ႕
       အတၳဳပၸတၱိဆိုရင္လည္း
       မမွားပါဘူး…ဒါ့အျပင္
       ကမာၻေက်ာ္
       ပန္းခ်ီဆရာႀကီး
       ဗင္ဆင့္ဗန္ဂိုးရဲ႕
       အႏုပညာအေပၚသေဘာထားနဲ႔ခိုင္မာတဲ့စိတ္ဓာတ္ကို
       ဒီဇာတ္ကားထဲမွာ
       ေလးစားဖြယ္ေတြ႕ရွိရမွာပဲျဖစ္ပါတယ္…
       Unicode
       အချိန်မှားပြီးမွေးဖွားခဲ့တဲ့………..
       ခေတ်အဆက်ဆက်…တည်မြဲနေဦးမယ့်…………ပန်းချီကားတို့ရဲ့
       ဖန်တီးရှင်…ဗင်းဆင့်ဗန်ဂိုး…………ဗန်ဂိုးဟာ
       ဒတ်ချ်လူမျိုးပန်းချီဆရာတစ်ယောက်ပါ……သူ့ရဲ့စိတ်ခံစားချက်ကို
       အရောင်များနဲ့ဖော်ပြတတ်သူဖြစ်ပြီး……သူ့ရဲ့ပန်းချီကားတွေမှာ
       ပြင်းပြတဲ့စိတ်ဆန္ဒကို
       ကြက်သီးထဖွယ်တွေ့မြင်ရတတ်ပါတယ်…….
       သူဟာပန်းချီကို
       အလွန်ရူးသွပ်သူတစ်ယောက်ဖြစ်ပြီးအသက်
       ၂၇နှစ်မှစတင်ပြီး
       ပန်းချီဆွဲခဲ့တာပါ…..လောကမှ
       နာမည်အကျော်ကြားဆုံးနဲ့
       ကံအဆိုးဆုံးပန်းချီဆရာတစ်ယောက်ဆိုရင်လည်း
       မမှားပါဘူးဘာလို့လဲဆိုတော့
       သူဟာ
       အချိန်မှားပြီးမွေးဖွားလာခဲ့လို့ပါပဲ……သူ့ခေတ်က
       ပန်းချီပညာရှင်အများစုက
       သူ့ကို
       အသိအမှတ်မပြုခဲ့ကြပေမယ့်ခေတ်သစ်ပန်းချီဆရာတွေကတော့
       သူ့ပန်းချီကားတွေရဲ့ထူးခြားချက်ကိုအသိအမှတ်မပြုဘဲ
       မနေနိုင်ကြပါဘူး
       သူ့ပန်းချီကားတွေဟာ
       သူသေဆုံးပြီးနှစ်၃၀ဆယ်ခန့်ကြာမှ
       စတင်နာမည်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်ဘဝတစ်လျှောက်လုံး
       ဆင်းရဲနွမ်းပါးစွာနေလာခဲ့ရပြီး
       သေသွားသည့်တိုင်အောင်သူ့ကို
       ဘယ်သူကမှ
       အသိအမှတ်မပြုခဲ့ပါဘူးဒါပေမယ့်
       ၁၀နှစ်လုံးလုံး
       ပန်းချီဆွဲတဲ့အလုပ်ကို
       စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ဇောက်ချလုပ်ခဲ့ပါတယ်
       အသက်
       ၃၇နှစ်မှာသေဆုံးခဲ့ပြီး
       ………ပန်းချီဆွဲခဲ့တဲ့
       ၁၀နှစ်တာ
       ကာလတစ်လျှောက်မှာပန်းချီကားချပ်ပေါင်း
       ၁၆၀၀ခန့်ရေးဆွဲခဲ့ပါတယ်ပန်းချီကားတိုင်းဟာ
       သူပြောပြချင်တဲ့
       အကြောင်းအရာတွေသူဖော်ပြချင်တဲ့
       စိတ်ခံစားမှုအခြေအနေတွေ
       ပြည့်နှက်နေပါတယ်သူအသက်ရှင်စဉ်ကာလတစ်လျှောက်မှာ
       ပန်းချီကားက
       ၁ချပ်ပဲရောင်းခဲ့ရပါတယ်
       အဲ့ဒါတောင်မှ
       သူ့မိတ်ဆွေနာမည်ကြီး
       ပန်းချီဆရာတစ်ယောက်ကခင်မင်မှုသဘောနဲ့ဝယ်ယူခဲ့တာပါ
       အစမှာပြောခဲ့သလိုပဲသူဟာ
       အချိန်မှားပြီး
       မွေးဖွားလာခဲ့တာပါအခုချိန်မှာဆိုရင်တော့
       သူ
       မသေခင်ကရေးဆွဲခဲ့တဲ့“Portrait
       of Dr Gachet” ဆိုတဲ့
       ပန်းချီကားဟာ
       ဒေါ်လာ ၁၀၀
       မီလီယံကျော်တန်ကြေးရှိပါတယ်ဒါတွေကတော့
       ဇာတ်ကားလေးမကြည့်ခင်
       သိထားသင့်တဲ့သူ့ရဲ့သနားစဖွယ်
       ဇာတ်ကြောင်းလေးတစ်ခုပါ…….ဒီဇာတ်ကားလေးထဲမှာတော့
       အနုပညာကိုရူးသွပ်ပြီးသိပ်ကိုသံယောဇဉ်ကြီးမားတဲ့
       ဗင်ဆင့်ကိုဂရုဏာသက်ဖွယ်
       တွေ့ရှိရမှာပါဒီဇာတ်ကားလေးဟာ
       အနုပညာရှင်ကြီး
       ဗင်ဆင့်ဗန်ဂိုးရဲ့
       အတ္ထုပ္ပတ္တိဆိုရင်လည်း
       မမှားပါဘူး…ဒါ့အပြင်
       ကမ္ဘာကျော်
       ပန်းချီဆရာကြီး
       ဗင်ဆင့်ဗန်ဂိုးရဲ့
       အနုပညာအပေါ်သဘောထားနဲ့ခိုင်မာတဲ့စိတ်ဓာတ်ကို
       ဒီဇာတ်ကားထဲမှာ
       လေးစားဖွယ်တွေ့ရှိရမှာပဲဖြစ်ပါတယ်…
  HTML https://i.ibb.co/TRLVDx4/download-1.jpg
  HTML https://imgbb.com/
  HTML https://drive.google.com/open?id=118WX0hmCsa1V3h505KQ1Ty0k7rM-6dyR
       *****************************************************
       Page 1 of 1