URI:
   DIR Return Create A Forum - Home
       ---------------------------------------------------------
       T Community
  HTML https://tcommunity.createaforum.com
       ---------------------------------------------------------
       *****************************************************
   DIR Return to: A
       *****************************************************
       #Post#: 241--------------------------------------------------
       Annabelle Creation
   DIR By: shoonlae
       Date: October 18, 2019, 4:47 am
       ---------------------------------------------------------
       Zawgyi
       ၂၀၁၄
       တုန္းကAnnabelle
       အမည္နဲ႔
       ဇာတ္ကားထြက္ခဲ့ဖူးၿပီးအခုဇာတ္လမ္းကေတာ့
       အေမွာင့္ပေယာဂ
       ဝင္ေနတဲ့အန္နာဘဲလ္
       အ႐ုပ္မရဲ႕
       ရာဇဝင္ကို
       ႐ိုက္ကူးထားတာမို႔အရင္အန္နာဘဲလ္ဇာတ္လမ္းနဲ႔
       ရင္းႏွီးၿပီးသားပရိ
       သတ္ေတြ
       လက္မလႊတ္သင့္တဲ့
       ဇာတ္ကားလို႔ဆိုရမွာပါ။
       ဆမ္ျမဴရယ္မူလင္ဟာ
       ဇနီးအက္စ္သာ၊သမီးေလးအန္နာ
       ဘဲလ္နဲ႔အတူ
       ကယ္လီဖိုးနီးယားကယာေတာအိမ္ႀကီးမွာေနထိုင္ရင္း
       ကစားစရာအ႐ုပ္ေတြျပဳလုပ္ၿပီးအသက္ေမြးသူပါ။တစ္ရက္မွာေတာ့
       (၇)ႏွစ္အရြယ္သမီး
       ေလး
       အန္နာဘဲလ္ဟာဆိုးရြားလွတဲ့
       ယာဥ္တိုက္မႈတစ္ခုေၾကာင့္ကြယ္လြန္သြားခဲ့ၿပီး
       ဆမ္ျမဴရယ္ဟာလည္းသူ႔သမီးမရွိေတာ့တဲ့ေနာက္အ႐ုပ္ေတြလည္း
       မလုပ္ေတာ့ပါဘူး။အဲဒီလိုနဲ႔ေနလာရင္းအန္နာဘဲလ္ဆံုးတာ
       ၁၂ႏွစ္ျပည့္ၿပီးတဲ့ေနာက္မွာေတာ့ဆမ္ျမဴရယ္တို႔
       ဇနီးေမာင္ႏွံဟာ
       ယာေတာအိမ္ႀကီးမွာသူတုိ႔ႏွစ္ေယာက္တည္းေန
       တာျဖစ္တဲ့အတြက္မိဘမဲ့ေဂဟာ
       ပိတ္လိုက္ရလို႔
       ေနစရာမရွိျဖစ္ေနတဲ့သီလရွင္တစ္ပါးနဲ႔
       မိဘမဲ့
       မိန္းကေလးေျခာက္ေယာက္ကိုယာေတာအိမ္ႀကီးမွာ
       လာေနဖို႔
       ခြင့္ျပဳခဲ့ပါတယ္။အဲဒီအိမ္ႀကီးကို
       မိန္းကေလးေတြ
       ေရာက္လာၿပီးေနာက္မွာေတာ့ထူးဆန္းတဲ့ကိစၥရပ္ေတြ
       ဆက္တိုက္ဆိုသလို
       ျဖစ္လာၿပီးမိဘမဲ့မိန္းကေလးေတြထဲက
       ပိုလီယိုေၾကာင့္ေျခေထာက္မသန္တဲ့
       ဂ်န္နစၥတစ္ေယာက္အ႐ုပ္လိုလုိ၊
       လူလိုလို
       လႈပ္ရွားမႈတစ္ခုရဲ႕ေျခာက္လွန္႔မႈနဲ႔ႀကံဳခဲ့ပါေတာ့တယ္။ဂ်န္နစၥက
       ယာေတာအိမ္ႀကီးကပိတ္ထားတဲ့အခန္းတစ္ခန္းကုိ
       သြားဖြင့္မိရာကေနမိန္းကေလးတစ္ေယာက္ပံုစံထူးဆန္းတဲ့အ႐ုပ္နဲ႔
       ႀကံဳခဲ့တာျဖစ္ပါတယ္။ေနာက္ေတာ့
       တစ္ေယာက္ၿပီးတစ္ေယာက္အိမ္ႀကီးထဲက
       ဆန္းၾကယ္တဲ့အျဖစ္အပ်က္ေတြ၊
       အေျခာက္အလွန္႔ေတြႀကံဳခဲ့ၿပီးအ႐ုပ္လုပ္သူ
       ဆမ္ျမဴရယ္ရဲ႕
       စမ္းသပ္မႈတစ္ခုရဲ႕ဓားစာခံေတြျဖစ္ခဲ့ရပါေတာ့တယ္။အေျခာက္အလွန္႔ေတြလုပ္တဲ့အ႐ုပ္နဲ႔
       ေသသြားတဲ့အန္နာဘဲလ္ကဘယ္လိုအဆက္အစပ္ေတြရွိေနတာလဲ၊သီလရွင္နဲ႔
       မိဘမဲ့မိန္းကေလးေတြ
       အေမွာင့္ပေယာဂဝင္ေနတဲ့သစ္သား႐ုပ္ရဲ႕
       လက္က
       လြတ္ေျမာက္ႏုိင္ပါ့မလား၊ဒီအ႐ုပ္နဲ႔ပတ္သက္လို႔
       ဆမ္ျမဴရယ္က
       ဘာေတြလွ်ဳိ႕ဝွက္ႀကံစည္ထားသလဲဆိုတာေတာ့ဆက္ၾကည့္လိုက္ပါဦးလို႔။ပါဝင္ထားတဲ့
       သ႐ုပ္ေဆာင္ေတြက
       စတက္ဖနီဆစ္မန္း၊
       တာလီသာဘိတ္မန္း၊
       လူလူဝီလ္ဆင္၊
       ဖီလစ္ပါေကာ့လ္ဟာ့တ္၊အန္သိုနီလာပါဂလီယာ၊
       မီရန္ဒါေအာ့တုိ
       စသူေတြ
       ျဖစ္ပါတယ္။
       Unicode
       ၂၀၁၄
       တုန်းကAnnabelle
       အမည်နဲ့
       ဇာတ်ကားထွက်ခဲ့ဖူးပြီးအခုဇာတ်လမ်းကတော့
       အမှောင့်ပယောဂ
       ဝင်နေတဲ့အန်နာဘဲလ်
       အရုပ်မရဲ့
       ရာဇဝင်ကို
       ရိုက်ကူးထားတာမို့အရင်အန်နာဘဲလ်ဇာတ်လမ်းနဲ့
       ရင်းနှီးပြီးသားပရိ
       သတ်တွေ
       လက်မလွှတ်သင့်တဲ့
       ဇာတ်ကားလို့ဆိုရမှာပါ။
       ဆမ်မြူရယ်မူလင်ဟာ
       ဇနီးအက်စ်သာ၊သမီးလေးအန်နာ
       ဘဲလ်နဲ့အတူ
       ကယ်လီဖိုးနီးယားကယာတောအိမ်ကြီးမှာနေထိုင်ရင်း
       ကစားစရာအရုပ်တွေပြုလုပ်ပြီးအသက်မွေးသူပါ။တစ်ရက်မှာတော့
       (၇)နှစ်အရွယ်သမီး
       လေး
       အန်နာဘဲလ်ဟာဆိုးရွားလှတဲ့
       ယာဉ်တိုက်မှုတစ်ခုကြောင့်ကွယ်လွန်သွားခဲ့ပြီး
       ဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက်အရုပ်တွေလည်း
       မလုပ်တော့ပါဘူး။အဲဒီလိုနဲ့နေလာရင်းအန်နာဘဲလ်ဆုံးတာ
       ၁၂နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ဆမ်မြူရယ်တို့
       ဇနီးမောင်နှံဟာ
       ယာတောအိမ်ကြီးမှာသူတို့နှစ်ယောက်တည်းနေ
       တာဖြစ်တဲ့အတွက်မိဘမဲ့ဂေဟာ
       ပိတ်လိုက်ရလို့
       နေစရာမရှိဖြစ်နေတဲ့သီလရှင်တစ်ပါးနဲ့
       မိဘမဲ့
       မိန်းကလေးခြောက်ယောက်ကိုယာတောအိမ်ကြီးမှာ
       လာနေဖို့
       ခွင့်ပြုခဲ့ပါတယ်။အဲဒီအိမ်ကြီးကို
       မိန်းကလေးတွေ
       ရောက်လာပြီးနောက်မှာတော့ထူးဆန်းတဲ့ကိစ္စရပ်တွေ
       ဆက်တိုက်ဆိုသလို
       ဖြစ်လာပြီးမိဘမဲ့မိန်းကလေးတွေထဲက
       ပိုလီယိုကြောင့်ခြေထောက်မသန်တဲ့
       ဂျန်နစ္စတစ်ယောက်အရုပ်လိုလို၊
       လူလိုလို
       လှုပ်ရှားမှုတစ်ခုရဲ့ခြောက်လှန့်မှုနဲ့ကြုံခဲ့ပါတော့တယ်။ဂျန်နစ္စက
       ယာတောအိမ်ကြီးကပိတ်ထားတဲ့အခန်းတစ်ခန်းကို
       သွားဖွင့်မိရာကနေမိန်းကလေးတစ်ယောက်ပုံစံထူးဆန်းတဲ့အရုပ်နဲ့
       ကြံုခဲ့တာဖြစ်ပါတယ်။နောက်တော့
       တစ်ယောက်ပြီးတစ်ယောက်အိမ်ကြီးထဲက
       ဆန်းကြယ်တဲ့အဖြစ်အပျက်တွေ၊
       အခြောက်အလှန့်တွေကြံုခဲ့ပြီးအရုပ်လုပ်သူ
       ဆမ်မြူရယ်ရဲ့
       စမ်းသပ်မှုတစ်ခုရဲ့ဓားစာခံတွေဖြစ်ခဲ့ရပါတော့တယ်။အခြောက်အလှန့်တွေလုပ်တဲ့အရုပ်နဲ့
       သေသွားတဲ့အန်နာဘဲလ်ကဘယ်လိုအဆက်အစပ်တွေရှိနေတာလဲ၊သီလရှင်နဲ့
       မိဘမဲ့မိန်းကလေးတွေ
       အမှောင့်ပယောဂဝင်နေတဲ့သစ်သားရုပ်ရဲ့
       လက်က
       လွတ်မြောက်နိုင်ပါ့မလား၊ဒီအရုပ်နဲ့ပတ်သက်လို့
       ဆမ်မြူရယ်က
       ဘာတွေလျှို့ဝှက်ကြံစည်ထားသလဲဆိုတာတော့ဆက်ကြည့်လိုက်ပါဦးလို့။ပါဝင်ထားတဲ့
       သရုပ်ဆောင်တွေက
       စတက်ဖနီဆစ်မန်း၊
       တာလီသာဘိတ်မန်း၊
       လူလူဝီလ်ဆင်၊
       ဖီလစ်ပါကော့လ်ဟာ့တ်၊အန်သိုနီလာပါဂလီယာ၊
       မီရန်ဒါအော့တို
       စသူတွေ
       ဖြစ်ပါတယ်။
  HTML https://i.ibb.co/NY77m1p/MMV92-CDD2-A17845-ECED6489-D994431-F40191.jpg
  HTML https://ibb.co/4NJJYsM
  HTML https://drive.google.com/open?id=1AMQmeyw1vWKf-L2Nrq0tE4QQtwiuKenk
       *****************************************************
       Page 1 of 1