URI:
   DIR Return Create A Forum - Home
       ---------------------------------------------------------
       T Community
  HTML https://tcommunity.createaforum.com
       ---------------------------------------------------------
       *****************************************************
   DIR Return to: W
       *****************************************************
       #Post#: 225--------------------------------------------------
       White Boy Rick 2018
   DIR By: shoonlae
       Date: October 18, 2019, 12:05 am
       ---------------------------------------------------------
       Zawgyi
       White Boy
       ဆိုတဲ့အသံၾကားလိုက္တာနဲ႔
       အေမရိကရဲ႕လူျဖဴလူမည္းပရိပကၡေတြကို
       အနည္းငယ္တီးမိေခါက္မိရွိတဲ့သူေတြက
       ဇာတ္လိုက္ျဖစ္သူ
       Rick
       ေရာက္ရွိေနတဲ့
       ပတ္ဝန္းက်င္အေျခအေနကိုခန္႔မွန္းမိၾကမွာပါ။Rick
       ဆိုတာက Richard Wershe Jr.
       လို႔ေခၚတဲ့
       ၁၄
       ႏွစ္သားေကာင္ေလးတစ္ေယာက္။မိဘျဖစ္သူေတြက
       တရားဝင္ကြာရွင္းထားျပီးသားျဖစ္တဲ့အတြက္
       အေဖ့ေစာင့္ေရွာက္မႈေအာက္မွာ
       အစ္မျဖစ္သူနဲ႔အတူေနထိုင္တယ္။သူတို႔ေနထိုင္တဲ့ေနရာက
       Detroit
       လို႔ေခၚတဲ့
       နယ္စပ္ျမိဳ႕၊
       လူမည္းအမ်ားစုေနထိုင္ျပီး
       ဒုစရိုက္မႈေတြမႈိလိုေပါတဲ့ျမိဳ႕တစ္ျမိဳ႕ေပါ့ဗ်ာ။Rick
       Jr.
       ရဲ႕အေဖျဖစ္သူက
       လိုင္စင္ရေသနတ္ေရာင္းဝယ္ေရးသမားျဖစ္တာနဲ႔အညီ
       ဂိုဏ္းစတားေတြ၊ဒုစရိုက္သမားေတြနဲ႔
       အျမဲမျပတ္ဆက္ဆံေနရတဲ့သူေပမယ့္
       ဗီဒီယိုစတိုးေလးဖြင့္ျပီး
       မိသားစုနဲ႔အတူေအးေအးေဆးေဆးဘဝကိုျဖတ္သန္းခ်င္တဲ့သူ။
       တစ္ရက္မွာ
       Rick Jr.
       တစ္ေယာက္
       သူ႔အေဖေသနတ္ျပပြဲကေန
       ေအာက္ေၾကးႏႈိက္လာတဲ့
       AK47
       ႏွစ္လက္ကို
       Johnny
       လို႔ေခၚတဲ့
       လူမည္းတစ္ေယာက္ဆီသြားေရာင္းရာကေန
       သူတို႔အဖြဲ႕နဲ႔ဓာတ္က်ျပီး
       ေဘာ္ဒါေတြျဖစ္သြားၾကတယ္။Johnny
       တို႔အဖြဲ႕က
       အားလံုးလူမည္းေတြခ်ည္းျဖစ္တဲ့အတြက္
       သူတစ္ဦးတည္းသာလူျဖဴျဖစ္ေနတဲ့
       Rick Jr.
       တစ္ေယာက္ White
       Boy Rick ဆိုတဲ့
       နာမည္ေျပာင္ရျပီး
       အဖြဲ႕ဝင္တစ္ေယာက္လိုျဖစ္လာတယ္။အဲဒီလိုရက္သတၱပတ္ေတြျဖတ္သန္းျပီးတဲ့အခါမွာေတာ့
       Rick Jr. ရဲ႕အေဖ
       လိုင္စင္မရွိပဲ
       Silencer (
       ေသနတ္နဲ႔တြဲသံုးတဲ့
       အသံတိတ္ေျပာင္း
       )
       ထုတ္လုပ္ေရာင္းခ်ပါတယ္ဆိုျပီး
       ျပႆနာတက္တယ္။ဒါတင္မကေသးဘူး
       ပစ္ခတ္မႈတစ္ခုမွာသံုးတဲ့ေသနတ္က
       သူေသနတ္အေရာင္းျပပြဲတုန္းက
       ဝယ္သြားတဲ့ေသနတ္ျဖစ္ေနတယ္ဆိုတဲ့
       ျပႆနာပါထက္တက္ေရာ။ဒါေပမယ့္
       မူးယစ္ေဆးဝါးျဖန္႔ခ်ိမႈၾကီးေတြကိုသာ
       ႏွိမ္ႏွင္းခ်င္တာေၾကာင့္
       သူတို႔အတြက္
       Informant (
       သတင္းေပး )
       လုပ္ေပးမယ္ဆိုရင္
       အေဖျဖစ္သူရဲ႕အမႈေတြကိုေလွ်ာ္ေပးမယ္ဆိုျပီး
       FBI
       ေအးဂ်င့္ေတြက
       Rick Jr.
       ကိုညွိတယ္ေပါ့ဗ်ာ။အဲဒီမွာပဲ
       ၁၄ႏွစ္သား
       Rick Jr.
       တစ္ေယာက္
       ဒုစရိုက္ဂိုဏ္းဝင္အျဖစ္ကေန
       ရဲဘက္သတင္းေပးဘဝကိုေရာက္သြားျပီး
       အေဖျဖစ္သူကိုကယ္တင္ဖို႔ၾကိဳးစားရေတာ့တယ္။ဒီဇာတ္လမ္းရဲ႕ဇာတ္ေဆာင္
       Rick Wershe Jr. အျဖစ္
       တက္သစ္စမင္းသား
       Richie Merritt
       အျဖစ္သရုပ္ေဆာင္ထားျပီး
       အေဖျဖစ္သူရဲ႕ေနရာမွာ
       မင္းသားၾကီး
       Matthew McConaughey
       ကပါဝင္သရုပ္ေဆာင္ထားပါတယ္။Sony
       ကျဖန္႔ခ်ိျပီး
       ဒါရိုက္တာ
       Yann Demange
       ရိုက္ကူးတဲ့
       ဒီရုပ္ရွင္ဟာ
       1980
       ခုႏွစ္တုန္းက
       ျဖစ္ပ်က္ခဲ့တဲ့တကယ့္အျဖစ္အပ်က္ကို
       ျပန္လည္ရိုက္ကူးထားတဲ့
       Biological, Crime, Drama
       အမ်ိဳးအစား
       ရုပ္ရွင္ကားေကာင္းတစ္ကားပဲျဖစ္တာေၾကာင့္
       Crime Drama
       ရုပ္ရွင္ေတြကိုၾကိဳက္ႏွစ္သက္တဲ့သူေတြအေနနဲ႔ေတာ့
       ၾကည့္ရႈသင့္တဲ့ရုပ္ရွင္တစ္ကားလို႔
       ညႊန္းဆိုခ်င္ပါတယ္။
       Unicode
       White Boy
       ဆိုတဲ့အသံကြားလိုက်တာနဲ့
       အမေရိကရဲ့လူဖြူလူမည်းပရိပက္ခတွေကို
       အနည်းငယ်တီးမိခေါက်မိရှိတဲ့သူတွေက
       ဇာတ်လိုက်ဖြစ်သူ
       Rick
       ရောက်ရှိနေတဲ့
       ပတ်ဝန်းကျင်အခြေအနေကိုခန့်မှန်းမိကြမှာပါ။Rick
       ဆိုတာက Richard Wershe Jr.
       လို့ခေါ်တဲ့
       ၁၄
       နှစ်သားကောင်လေးတစ်ယောက်။မိဘဖြစ်သူတွေက
       တရားဝင်ကွာရှင်းထားပြီးသားဖြစ်တဲ့အတွက်
       အဖေ့စောင့်ရှောက်မှုအောက်မှာ
       အစ်မဖြစ်သူနဲ့အတူနေထိုင်တယ်။သူတို့နေထိုင်တဲ့နေရာက
       Detroit
       လို့ခေါ်တဲ့
       နယ်စပ်မြို့၊
       လူမည်းအများစုနေထိုင်ပြီး
       ဒုစရိုက်မှုတွေမှိုလိုပေါတဲ့မြို့တစ်မြို့ပေါ့ဗျာ။Rick
       Jr.
       ရဲ့အဖေဖြစ်သူက
       လိုင်စင်ရသေနတ်ရောင်းဝယ်ရေးသမားဖြစ်တာနဲ့အညီ
       ဂိုဏ်းစတားတွေ၊ဒုစရိုက်သမားတွေနဲ့
       အမြဲမပြတ်ဆက်ဆံနေရတဲ့သူပေမယ့်
       ဗီဒီယိုစတိုးလေးဖွင့်ပြီး
       မိသားစုနဲ့အတူအေးအေးဆေးဆေးဘဝကိုဖြတ်သန်းချင်တဲ့သူ။
       တစ်ရက်မှာ
       Rick Jr.
       တစ်ယောက်
       သူ့အဖေသေနတ်ပြပွဲကနေ
       အောက်ကြေးနှိုက်လာတဲ့
       AK47
       နှစ်လက်ကို
       Johnny
       လို့ခေါ်တဲ့
       လူမည်းတစ်ယောက်ဆီသွားရောင်းရာကနေ
       သူတို့အဖွဲ့နဲ့ဓာတ်ကျပြီး
       ဘော်ဒါတွေဖြစ်သွားကြတယ်။Johnny
       တို့အဖွဲ့က
       အားလုံးလူမည်းတွေချည်းဖြစ်တဲ့အတွက်
       သူတစ်ဦးတည်းသာလူဖြူဖြစ်နေတဲ့
       Rick Jr.
       တစ်ယောက် White
       Boy Rick ဆိုတဲ့
       နာမည်ပြောင်ရပြီး
       အဖွဲ့ဝင်တစ်ယောက်လိုဖြစ်လာတယ်။အဲဒီလိုရက်သတ္တပတ်တွေဖြတ်သန်းပြီးတဲ့အခါမှာတော့
       Rick Jr. ရဲ့အဖေ
       လိုင်စင်မရှိပဲ
       Silencer (
       သေနတ်နဲ့တွဲသုံးတဲ့
       အသံတိတ်ပြောင်း
       )
       ထုတ်လုပ်ရောင်းချပါတယ်ဆိုပြီး
       ပြဿနာတက်တယ်။ဒါတင်မကသေးဘူး
       ပစ်ခတ်မှုတစ်ခုမှာသုံးတဲ့သေနတ်က
       သူသေနတ်အရောင်းပြပွဲတုန်းက
       ဝယ်သွားတဲ့သေနတ်ဖြစ်နေတယ်ဆိုတဲ့
       ပြဿနာပါထက်တက်ရော။ဒါပေမယ့်
       မူးယစ်ဆေးဝါးဖြန့်ချိမှုကြီးတွေကိုသာ
       နှိမ်နှင်းချင်တာကြောင့်
       သူတို့အတွက်
       Informant (
       သတင်းပေး )
       လုပ်ပေးမယ်ဆိုရင်
       အဖေဖြစ်သူရဲ့အမှုတွေကိုလျှော်ပေးမယ်ဆိုပြီး
       FBI
       အေးဂျင့်တွေက
       Rick Jr.
       ကိုညှိတယ်ပေါ့ဗျာ။အဲဒီမှာပဲ
       ၁၄နှစ်သား
       Rick Jr.
       တစ်ယောက်
       ဒုစရိုက်ဂိုဏ်းဝင်အဖြစ်ကနေ
       ရဲဘက်သတင်းပေးဘဝကိုရောက်သွားပြီး
       အဖေဖြစ်သူကိုကယ်တင်ဖို့ကြိုးစားရတော့တယ်။ဒီဇာတ်လမ်းရဲ့ဇာတ်ဆောင်
       Rick Wershe Jr. အဖြစ်
       တက်သစ်စမင်းသား
       Richie Merritt
       အဖြစ်သရုပ်ဆောင်ထားပြီး
       အဖေဖြစ်သူရဲ့နေရာမှာ
       မင်းသားကြီး
       Matthew McConaughey
       ကပါဝင်သရုပ်ဆောင်ထားပါတယ်။Sony
       ကဖြန့်ချိပြီး
       ဒါရိုက်တာ
       Yann Demange
       ရိုက်ကူးတဲ့
       ဒီရုပ်ရှင်ဟာ
       1980
       ခုနှစ်တုန်းက
       ဖြစ်ပျက်ခဲ့တဲ့တကယ့်အဖြစ်အပျက်ကို
       ပြန်လည်ရိုက်ကူးထားတဲ့
       Biological, Crime, Drama
       အမျိုးအစား
       ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်တာကြောင့်
       Crime Drama
       ရုပ်ရှင်တွေကိုကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့တော့
       ကြည့်ရှုသင့်တဲ့ရုပ်ရှင်တစ်ကားလို့
       ညွှန်းဆိုချင်ပါတယ်။
  HTML https://i.ibb.co/LRYGcsf/White-Boy-Rick-movie-poster.jpg
  HTML https://ibb.co/H4BJb9Q
  HTML https://drive.google.com/open?id=1E1iT70ypzWq9mJ49K82bluTu8_nGiihP
       *****************************************************
       Page 1 of 1