URI:
   DIR Return Create A Forum - Home
       ---------------------------------------------------------
       T Community
  HTML https://tcommunity.createaforum.com
       ---------------------------------------------------------
       *****************************************************
   DIR Return to: L
       *****************************************************
       #Post#: 203--------------------------------------------------
       Love Sonia 2018
   DIR By: shoonlae
       Date: October 17, 2019, 4:42 am
       ---------------------------------------------------------
       Zawgyi
       ( 18+
       လုိ႔ေခါင္းစဥ္တပ္ထားတုိင္း
       အျပာကားလုိ႔မထင္ေစခ်င္ပါဘူး႐ုပ္ရွင္ကားရဲ႕
       Age Rating အရဆုိ Adult Only
       ဆုိေတာ့
       အရြယ္ေရာက္ၿပီးသူတုိင္း
       ၾကည့္႐ႈ႕လုိ႔ရပါတယ္႐ုိင္းစုိင္းတဲ့
       အသုံးအႏႈန္းေတြနဲ႕
       လိင္အသာေပးအခန္းေတြပါတာေၾကာင့္
       ကေလးသူငယ္ေတြ၊
       မိသားစုနဲ႕ၾကည့္ရႈ႕ဖုိ႔
       အဆင္မေျပပါဘူး)========================================ေဟာဒီေလာကမွာ
       အက်ိဳးအျမတ္နဲ႕
       အ႐ႈံးဟာ
       ဆန္႔က်င္ဘက္ဆုိေပမယ့္
       အၿမဲတမ္းပူးတြဲရွိေနတတ္ပါတယ္ဒီေတာ့
       အျမတ္ရဖုိ႔ဆုိရင္
       အရင္းအႏွီးရွိရပါတယ္၊
       ရင္ႏွီးႏုိင္လွ်က္႐ႈံးရသည္က
       တကဏၭပါ
       မရင္းႏွီးႏုိင္ရင္ေတာ့
       အက်ိဳးျမတ္မရႏုိင္တာ
       လုံးဝအေသခ်ာပါပဲဒီေတာ့
       ရင္းႏွီးဖုိ႔ဘာလုိလာမလဲဆုိ
       ပုိင္ဆုိင္မႈလုိလာပါမယ္ပုိင္ဆုိင္မႈမရွိရင္
       အရင္းအႏွီးဟာ
       အေၾကြးဘက္ကုိ
       ဦးတည္သြားတတ္ေလတယ္ဒီေခတ္မွာ
       မရင္းႏွီးႏုိင္လုိ႔
       ႐ႈံးေနၾကတာအမ်ားႀကီးမရင္းႏွီးႏုိင္လုိ႔
       အေၾကြးတင္ေနၾကတာအမ်ားႀကီးပါအသိပညာခ်ိဳ႕တဲ့ၿပီး
       ဆင္းရဲခြ်တ္ျခံဳက်ေနတဲ့
       မိသားစုေတြမွာ
       အရင္းအႏွီးဆုိတာ
       ဘာျဖစ္ေလမလဲ
       …၉၀
       ရာခုိင္းႏႈန္းကေတာ့
       သူတုိ႕သားသမီးပါပဲသားသမီးကို
       ကုိယ့္ပုိင္ဆုိင္မႈ
       တစ္ခုလုိ႔ယူဆၿပီး
       အဲ့ဒီအေပၚမွာ
       ရင္းႏွီးလုိက္ၾကေပမယ့္
       အက်ိဳးအျမတ္မရမယ့္အျပင္
       ဆုံး႐ႈံးသြားတာ
       ဒုနဲ႕ေဒးပါေတာရြာေတြမွာဆုိ
       ပညာသင္ရမယ့္
       အရြယ္ေရာက္ေနေပမယ့္
       လယ္ထဲဆင္းေနရတာ၊
       မေအနဲ႕ေစ်းအတူေရာင္းေနရတာေတြကုိယ့္ေအာက္က
       အငယ္ကုိထိန္းေက်ာင္းေနရတာေတြ
       မနည္းလွပါဘူးေနာက္ဆုံး
       အဆင္မေျပမႈေတြမ်ားလာတဲ့အခါ
       ထြက္ေပါက္တစ္ခုက
       ဒီသားသမီးကို
       ရရာအလုပ္ခုိင္းေတာ့တာပါပဲ
       …အခုဇာတ္ကားေလးကလည္း
       ဒီလုိပါပဲဆင္းရဲလြန္းတဲ့
       မိသားစုတစ္စု
       တပုိင္တႏုိင္
       လယ္ေလးတကြက္နဲ႕
       မိသားစုဝင္ေလးေယာက္ႏြားေတာင္
       ႏွစ္ေကာင္မျပည့္လုိ႔
       ဖေအျဖစ္သူကႏြားတစ္ဖက္သူတစ္ဖက္႐ုန္းေနရရွာတယ္ကူေဖာ္ေလာင္ဖက္လွည့္ၾကည့္စရာကလည္း
       သမီးႏွစ္ေယာက္ပဲရွိတယ္အဆင္မေျပမႈေတြမ်ားလာတဲ့အခါ
       ေဒါသပုံခ်စရာ
       သူတုိ႔ပဲရွိတယ္အေၾကြးကလည္ပင္းထိေနလုိ႔
       အေၾကြးရွင္ကုိလည္း
       ဘယ္နည္းနဲ႕မွ
       အေၾကြးမဆပ္ႏိုင္ျဖစ္ေနေတာ့ရွိတဲ့သမီးႏွစ္ေယာက္ထဲက
       အႀကီးမျဖစ္သူ
       ပရီတီးကုိ
       မြန္ဘိုင္းၿမိဳ႕ေပၚမွာအလုပ္ေပးမယ္ဆိုၿပီး
       မိန္းမတစ္ေယာက္
       ေခၚရာထည့္ေပးလုိက္ရပါေတာ့တယ္တြယ္တာစရာ
       ဒီညီအစ္မႏွစ္ေယာက္သာရွိတာဆုိေတာ့အခ်ိန္ေတြၾကာလာၿပီး
       ပရီတီးဆီက
       စာမလာသတင္းမၾကားျဖစ္လာတဲ့ခါအိမ္ကုိအသိမေပးဘဲ
       အငယ္မျဖစ္သူ
       ဆုိနီယားလည္း
       သူ႕အစ္မဆီပုိ႔ေပးဖုိ႔
       သြားေျပာပါေလေရာသူ႕အစ္မဆီပုိ႔ေပးမယ္ဆုိၿပီး
       ေခၚရာလုိက္သြားမိတဲ့
       ဆုိနီယားတစ္ေယာက္
       ဘာေတြၾကံဳေတြ႕လာရမလဲ
       …ျဖစ္ရပ္မွန္ကုိ
       အေျခခံထားတာနဲ႕အညီ
       ဇာတ္လမ္းေကာင္းေမကာင္းကေတာ့
       ၫႊန္းေနစရာကုိ
       မလုိေလာက္ေအာင္ပါပဲ
       …အဓိကသရုပ္ေဆာင္ေနရာမွာ
       မ်က္ႏွာသစ္ေတြသုံးထားေပမယ့္
       Richa Chadda
       Rajkummar Rao
       Manoj Bajpai
       တုိ႔လုိေဘာလီဝုဒ္
       နာမည္ေက်ာ္
       သဘာဝသ႐ုပ္ေဆာင္ေတြကပါ
       ပါဝင္အားျဖည့္ထားပါတယ္ႏုိင္ငံတကာ
       အဆင့္သတ္မွတ္ခ်က္ေတြအေနနဲ႕
       IMDb 7.3/10 ႏွင့္ Rotten Tomatoes
       83%
       တုိ႔အသီးသီးရ႐ွိထားပါတယ္
       Unicode
       ( 18+
       လို့ခေါင်းစဉ်တပ်ထားတိုင်း
       အပြာကားလို့မထင်စေချင်ပါဘူးရုပ်ရှင်ကားရဲ့
       Age Rating အရဆို Adult Only
       ဆိုတော့
       အရွယ်ရောက်ပြီးသူတိုင်း
       ကြည့်ရှု့လို့ရပါတယ်ရိုင်းစိုင်းတဲ့
       အသုံးအနှုန်းတွေနဲ့
       လိင်အသာပေးအခန်းတွေပါတာကြောင့်
       ကလေးသူငယ်တွေ၊
       မိသားစုနဲ့ကြည့်ရှု့ဖို့
       အဆင်မပြေပါဘူး)========================================ဟောဒီလောကမှာ
       အကျိုးအမြတ်နဲ့
       အရှုံးဟာ
       ဆန့်ကျင်ဘက်ဆိုပေမယ့်
       အမြဲတမ်းပူးတွဲရှိနေတတ်ပါတယ်ဒီတော့
       အမြတ်ရဖို့ဆိုရင်
       အရင်းအနှီးရှိရပါတယ်၊
       ရင်နှီးနိုင်လျှက်ရှုံးရသည်က
       တကဏ္ဌပါ
       မရင်းနှီးနိုင်ရင်တော့
       အကျိုးမြတ်မရနိုင်တာ
       လုံးဝအသေချာပါပဲဒီတော့
       ရင်းနှီးဖို့ဘာလိုလာမလဲဆို
       ပိုင်ဆိုင်မှုလိုလာပါမယ်ပိုင်ဆိုင်မှုမရှိရင်
       အရင်းအနှီးဟာ
       အကြွေးဘက်ကို
       ဦးတည်သွားတတ်လေတယ်ဒီခေတ်မှာ
       မရင်းနှီးနိုင်လို့
       ရှုံးနေကြတာအများကြီးမရင်းနှီးနိုင်လို့
       အကြွေးတင်နေကြတာအများကြီးပါအသိပညာချို့တဲ့ပြီး
       ဆင်းရဲချွတ်ခြုံကျနေတဲ့
       မိသားစုတွေမှာ
       အရင်းအနှီးဆိုတာ
       ဘာဖြစ်လေမလဲ
       …၉၀
       ရာခိုင်းနှုန်းကတော့
       သူတို့သားသမီးပါပဲသားသမီးကို
       ကိုယ့်ပိုင်ဆိုင်မှု
       တစ်ခုလို့ယူဆပြီး
       အဲ့ဒီအပေါ်မှာ
       ရင်းနှီးလိုက်ကြပေမယ့်
       အကျိုးအမြတ်မရမယ့်အပြင်
       ဆုံးရှုံးသွားတာ
       ဒုနဲ့ဒေးပါတောရွာတွေမှာဆို
       ပညာသင်ရမယ့်
       အရွယ်ရောက်နေပေမယ့်
       လယ်ထဲဆင်းနေရတာ၊
       မအေနဲ့စျေးအတူရောင်းနေရတာတွေကိုယ့်အောက်က
       အငယ်ကိုထိန်းကျောင်းနေရတာတွေ
       မနည်းလှပါဘူးနောက်ဆုံး
       အဆင်မပြေမှုတွေများလာတဲ့အခါ
       ထွက်ပေါက်တစ်ခုက
       ဒီသားသမီးကို
       ရရာအလုပ်ခိုင်းတော့တာပါပဲ
       …အခုဇာတ်ကားလေးကလည်း
       ဒီလိုပါပဲဆင်းရဲလွန်းတဲ့
       မိသားစုတစ်စု
       တပိုင်တနိုင်
       လယ်လေးတကွက်နဲ့
       မိသားစုဝင်လေးယောက်နွားတောင်
       နှစ်ကောင်မပြည့်လို့
       ဖအေဖြစ်သူကနွားတစ်ဖက်သူတစ်ဖက်ရုန်းနေရရှာတယ်ကူဖော်လောင်ဖက်လှည့်ကြည့်စရာကလည်း
       သမီးနှစ်ယောက်ပဲရှိတယ်အဆင်မပြေမှုတွေများလာတဲ့အခါ
       ဒေါသပုံချစရာ
       သူတို့ပဲရှိတယ်အကြွေးကလည်ပင်းထိနေလို့
       အကြွေးရှင်ကိုလည်း
       ဘယ်နည်းနဲ့မှ
       အကြွေးမဆပ်နိုင်ဖြစ်နေတော့ရှိတဲ့သမီးနှစ်ယောက်ထဲက
       အကြီးမဖြစ်သူ
       ပရီတီးကို
       မွန်ဘိုင်းမြို့ပေါ်မှာအလုပ်ပေးမယ်ဆိုပြီး
       မိန်းမတစ်ယောက်
       ခေါ်ရာထည့်ပေးလိုက်ရပါတော့တယ်တွယ်တာစရာ
       ဒီညီအစ်မနှစ်ယောက်သာရှိတာဆိုတော့အချိန်တွေကြာလာပြီး
       ပရီတီးဆီက
       စာမလာသတင်းမကြားဖြစ်လာတဲ့ခါအိမ်ကိုအသိမပေးဘဲ
       အငယ်မဖြစ်သူ
       ဆိုနီယားလည်း
       သူ့အစ်မဆီပို့ပေးဖို့
       သွားပြောပါလေရောသူ့အစ်မဆီပို့ပေးမယ်ဆိုပြီး
       ခေါ်ရာလိုက်သွားမိတဲ့
       ဆိုနီယားတစ်ယောက်
       ဘာတွေကြံုတွေ့လာရမလဲ
       …ဖြစ်ရပ်မှန်ကို
       အခြေခံထားတာနဲ့အညီ
       ဇာတ်လမ်းကောင်းမေကာင်းကတော့
       ညွှန်းနေစရာကို
       မလိုလောက်အောင်ပါပဲ
       …အဓိကသရုပ်ဆောင်နေရာမှာ
       မျက်နှာသစ်တွေသုံးထားပေမယ့်
       Richa Chadda
       Rajkummar Rao
       Manoj Bajpai
       တို့လိုဘောလီဝုဒ်
       နာမည်ကျော်
       သဘာဝသရုပ်ဆောင်တွေကပါ
       ပါဝင်အားဖြည့်ထားပါတယ်နိုင်ငံတကာ
       အဆင့်သတ်မှတ်ချက်တွေအနေနဲ့
       IMDb 7.3/10 နှင့် Rotten Tomatoes
       83%
       တို့အသီးသီးရရှိထားပါတယ်
  HTML https://i.ibb.co/Gn5ft2k/220px-Love-Sonia-Poster.jpg
  HTML https://imgbb.com/
  HTML https://drive.google.com/open?id=1VqKo4Jy2zkhH26IPQCYYu8mZXf_HyvN6
       *****************************************************
       Page 1 of 1