URI:
   DIR Return Create A Forum - Home
       ---------------------------------------------------------
       T Community
  HTML https://tcommunity.createaforum.com
       ---------------------------------------------------------
       *****************************************************
   DIR Return to: C
       *****************************************************
       #Post#: 1719--------------------------------------------------
       Clover Field
   DIR By: shoonlae
       Date: March 26, 2020, 5:36 am
       ---------------------------------------------------------
       Zawgyi
       Cloverfield (2008)
       အညႊန္းကိုေတာ့
       ဒီကားကိုၾကည့္ျဖစ္ေစခဲ့တဲ့
       Datshin Page မွ
       အညႊန္းႏွင့္မိတ္ဆက္ေပးပါရေစ
       New York
       ျမိဳ႕ရဲ႕
       ညတစ္ညမွာသူငယ္ခ်င္းေတြစုၿပီး
       Party
       လုပ္ေနတုန္း
       အေကာင္ႀကီးတစ္ေကာင္
       ဘယ္က
       ဘယ္လိုမွန္းမသိ
       ၿမိဳ႕ေပၚက်လာပါတယ္။
       အဲေကာင္ႀကီးက
       ၿမိဳ႕
       မွာျမင္ျမင္သမွ်ေသာင္းက်န္းၿပီး
       ၿမိဳ႕တစ္ၿမိဳ႕လုံးလည္း
       ဘာေတြျဖစ္ေနမွန္းမသိရလို႔
       အဲသူငယ္ခ်င္းတစ္စုလည္း
       တျခားလူေတြနည္းတူ
       ၿမိဳ႕က
       ထြက္ေျပးဖို႔လုပ္ၾကရာမွာ
       အထဲကတစ္ေယာက္က
       Party မွာ Video နဲ႔
       မွတ္တမ္းတင္ရင္း
       သူတို႔အျဖစ္အပ်က္တစ္ခုလံုးကို
       မွတ္တမ္းတင္ပါေတာ႔တယ္။—
       Review
       —ဒီဇာတ္ကားကိုစၾကည့္တုန္းက
       သယ္ရင္းတစ္ေယာက္က
       ညႊန္းလို႔
       စၾကည့္ျဖစ္တာပါ။
       Found Footage Film
       အမ်ိဳးအစားပါ။
       ဒီေန႔ေခတ္မွာ
       အဲလိုကားေတြေခတ္စားလာတာ
       ဒီကားေၾကာင့္ဆိုတာ
       အေသအခ်ာပါပဲ။
       (သူ႔ေလာက္ေတာ႔
       ၾကည့္ေကာင္းတဲ႔ကားရွားပါတယ္)။
       စၾကည့္လိုက္ကတည္းက
       သတိထားမိတဲ့အခ်က္ကေတာ့
       Perspective
       ေတြပါပဲ။
       ဒီဇာတ္ကားတစ္ကားလံုးကို
       လူတစ္ေယာက္ထဲကကင္မရာကိုင္ၿပီး
       မွတ္တမ္းလိုက္တင္ထားတဲ့ပံုစံမ်ိဳးနဲ႔ရိုက္ထားတာပါ။
       ဇာတ္လမ္းကေတာ့
       အေပၚမွာေျပာထားသလိုပါပဲ
       ဘယ္ကေရာက္လာမွန္းမသိတဲ့
       အေကာင္ၾကီးေတြက
       New York
       ျမိဳ႕ကိုလာတိုက္ခိုက္တာဆိုေတာ့
       တျခားဘာဇာတ္လမ္းမွသိပ္မရွိေပမဲ့
       ဇာတ္ကားတစ္ကားလုံးက
       လံုးဝပ်င္းဖိုု႔မေကာင္းေအာင္ၾကည့္တဲ့လူကိုဆြဲေဆာင္ထားနိုင္တယ္။
       တစ္ခ်ိဳ႕အခန္းေတြဆိုရင္
       တိတ္ဆိတ္ေနတဲ့
       ညအေမွာင္ၾကီးမွာ
       အသံေလးသဲ့သဲ့ေလးၾကားရတာကိုက
       လန္႔ဖို႕ေကာင္းတယ္။
       ဒီဇာတ္ကားမွာသေဘာက်တာက
       ရိုက္ကူးထားတဲ့လူကလိုက္မွတ္တမ္းတင္ထားသလိုရိုက္ထားတာေၾကာင့္
       အဲ့ဒီျမိဳ႕ထဲကို
       ကိုယ္တစ္ကယ္ေရာက္သြားသလိုခံစားရမွာျဖစ္ၿပီး
       သူတို႔ျဖစ္ေနတာလား
       ကိုယ္ျဖစ္ေနတာလားဆိုတာေတာင္
       ေဝခြဲရခက္ေလာက္ေအာင္
       ရိုက္ထားတာေတာ္ေတာ္ကိုေကာင္းပါတယ္။
       တစ္ခုရွိတာက
       ဒီဇာတ္ကားက
       ကင္မရာကို
       Found Footage Film ပံုစံ
       လက္ကေနကိုင္ၿပီးရိုက္ထားတဲ့ပံုနဲ႔တင္ဆက္ထားတာျဖစ္တာေၾကာင့္
       Camera
       အရမ္းလႈပ္ရင္
       မူးတတ္တဲ့လူေတြအတြက္ေတာ့
       အဆင္ေျပမွာမဟုုတ္ပါဘူး။ဒီစာေရးတဲ့
       ကြ်န္ေတာ္ေတာင္
       နွစ္ခါေလာက္ခြဲၾကည့္ရတယ္။
       ပထမတစ္ေခါက္ၾကည့္တုန္းက
       တစ္ဝက္ေလာက္ၾကည့္ၿပီး
       ေတာ္ေတာ္ေခါင္းမူးသြားတယ္။
       အဲ့ဒါနဲ႔
       ဆက္မၾကည့္နိုင္ေတာ့လို႔ေနာက္ေန႔ၾကမွထပ္ၾကည့္တယ္။
       ေျပာရမယ္ဆိုရင္
       တစ္ကားလံုးကလႈပ္ခါေနတာေၾကာင့္
       ေခါင္းမူးလြယ္တဲ့လူေတြအေနနဲ
       ့ေတာ့
       သိပ္အဆင္ေျပမယ္မထင္ပါဘူး။
       တစ္ခ်ိဳ႕အခန္းေတြဆိုရင္ေတာ့
       လႈပ္လြန္းအားၾကီးလို႔
       ျမင္ကြင္းေတြ
       မသဲကြဲတာမ်ိဳးေတြလဲရွိပါတယ္။
       ဒီကားထဲမွာပါတဲ့
       သရုပ္ေဆာင္ေတြကလဲ
       ေတာ္ေတာ္ေကာင္းပါတယ္။
       အေကာင္ၾကီးေတြေၾကာင့္ဘယ္သြားလို႔သြားရမွန္းမသိ
       ၊
       ဘာလုပ္လို႔လုပ္ရမွန္းမသိပဲ
       ကူရာကယ္ရာမဲ့ၿပီး
       ေၾကာက္လန္႔ေနၾကတာကို
       ၾကည့္ရႈသူကိုျမင္ေအာင္ပံုေဖာ္နိုင္ပါတယ္။
       အခုအခ်ိန္က
       Superhero
       ေတြေခတ္စားေနတာေၾကာင့္
       Superhero
       ေတြၾကားထဲက
       ခနေလာက္ရုန္းထြက္ခ်င္တဲ့
       ပိတ္သတ္ေတြအတြက္ေၾကာင့္
       မပ်င္းရပဲ
       ၾကည့္လို႔ေကာင္းမဲ့
       ဇာတ္ကားတစ္ကားပါ။
       ဒီဇာတ္ကားအတြက္
       Budget က $25 Million
       အထိပဲသံုးထားၿပီး
       $170 Million
       ေတာင္ျပန္ဝင္ထားတာဆိုေတာ့
       နည္းနည္းရင္း
       မ်ားမ်ားျမတ္ပါပဲ။
       ဒီဇာတ္ကားကိုေရာ
       ၾကည့္ဖူးတဲ့ပိတ္သတ္ေတြရွိလား။
       ရွိခဲ့ရင္လည္း
       ဒီဇာတ္ကားအေပၚကိုယ့္အျမင္ေလးေတြေျပာသြားၾကပါဦး။
       Unicode
       Cloverfield (2008)
       အညွှန်းကိုတော့
       ဒီကားကိုကြည့်ဖြစ်စေခဲ့တဲ့
       Datshin Page မှ
       အညွှန်းနှင့်မိတ်ဆက်ပေးပါရစေ
       New York
       မြို့ရဲ့
       ညတစ်ညမှာသူငယ်ချင်းတွေစုပြီး
       Party
       လုပ်နေတုန်း
       အကောင်ကြီးတစ်ကောင်
       ဘယ်က
       ဘယ်လိုမှန်းမသိ
       မြို့ပေါ်ကျလာပါတယ်။
       အဲကောင်ကြီးက
       မြို့
       မှာမြင်မြင်သမျှသောင်းကျန်းပြီး
       မြို့တစ်မြို့လုံးလည်း
       ဘာတွေဖြစ်နေမှန်းမသိရလို့
       အဲသူငယ်ချင်းတစ်စုလည်း
       တခြားလူတွေနည်းတူ
       မြို့က
       ထွက်ပြေးဖို့လုပ်ကြရာမှာ
       အထဲကတစ်ယောက်က
       Party မှာ Video နဲ့
       မှတ်တမ်းတင်ရင်း
       သူတို့အဖြစ်အပျက်တစ်ခုလုံးကို
       မှတ်တမ်းတင်ပါတော့တယ်။—
       Review
       —ဒီဇာတ်ကားကိုစကြည့်တုန်းက
       သယ်ရင်းတစ်ယောက်က
       ညွှန်းလို့
       စကြည့်ဖြစ်တာပါ။
       Found Footage Film
       အမျိုးအစားပါ။
       ဒီနေ့ခေတ်မှာ
       အဲလိုကားတွေခေတ်စားလာတာ
       ဒီကားကြောင့်ဆိုတာ
       အသေအချာပါပဲ။
       (သူ့လောက်တော့
       ကြည့်ကောင်းတဲ့ကားရှားပါတယ်)။
       စကြည့်လိုက်ကတည်းက
       သတိထားမိတဲ့အချက်ကတော့
       Perspective
       တွေပါပဲ။
       ဒီဇာတ်ကားတစ်ကားလုံးကို
       လူတစ်ယောက်ထဲကကင်မရာကိုင်ပြီး
       မှတ်တမ်းလိုက်တင်ထားတဲ့ပုံစံမျိုးနဲ့ရိုက်ထားတာပါ။
       ဇာတ်လမ်းကတော့
       အပေါ်မှာပြောထားသလိုပါပဲ
       ဘယ်ကရောက်လာမှန်းမသိတဲ့
       အကောင်ကြီးတွေက
       New York
       မြို့ကိုလာတိုက်ခိုက်တာဆိုတော့
       တခြားဘာဇာတ်လမ်းမှသိပ်မရှိပေမဲ့
       ဇာတ်ကားတစ်ကားလုံးက
       လုံးဝပျင်းဖို့မကောင်းအောင်ကြည့်တဲ့လူကိုဆွဲဆောင်ထားနိုင်တယ်။
       တစ်ချို့အခန်းတွေဆိုရင်
       တိတ်ဆိတ်နေတဲ့
       ညအမှောင်ကြီးမှာ
       အသံလေးသဲ့သဲ့လေးကြားရတာကိုက
       လန့်ဖို့ကောင်းတယ်။
       ဒီဇာတ်ကားမှာသဘောကျတာက
       ရိုက်ကူးထားတဲ့လူကလိုက်မှတ်တမ်းတင်ထားသလိုရိုက်ထားတာကြောင့်
       အဲ့ဒီမြို့ထဲကို
       ကိုယ်တစ်ကယ်ရောက်သွားသလိုခံစားရမှာဖြစ်ပြီး
       သူတို့ဖြစ်နေတာလား
       ကိုယ်ဖြစ်နေတာလားဆိုတာတောင်
       ဝေခွဲရခက်လောက်အောင်
       ရိုက်ထားတာတော်တော်ကိုကောင်းပါတယ်။
       တစ်ခုရှိတာက
       ဒီဇာတ်ကားက
       ကင်မရာကို
       Found Footage Film ပုံစံ
       လက်ကနေကိုင်ပြီးရိုက်ထားတဲ့ပုံနဲ့တင်ဆက်ထားတာဖြစ်တာကြောင့်
       Camera
       အရမ်းလှုပ်ရင်
       မူးတတ်တဲ့လူတွေအတွက်တော့
       အဆင်ပြေမှာမဟုတ်ပါဘူး။ဒီစာရေးတဲ့
       ကျွန်တော်တောင်
       နှစ်ခါလောက်ခွဲကြည့်ရတယ်။
       ပထမတစ်ခေါက်ကြည့်တုန်းက
       တစ်ဝက်လောက်ကြည့်ပြီး
       တော်တော်ခေါင်းမူးသွားတယ်။
       အဲ့ဒါနဲ့
       ဆက်မကြည့်နိုင်တော့လို့နောက်နေ့ကြမှထပ်ကြည့်တယ်။
       ပြောရမယ်ဆိုရင်
       တစ်ကားလုံးကလှုပ်ခါနေတာကြောင့်
       ခေါင်းမူးလွယ်တဲ့လူတွေအနေနဲ့တော့
       သိပ်အဆင်ပြေမယ်မထင်ပါဘူး။
       တစ်ချို့အခန်းတွေဆိုရင်တော့
       လှုပ်လွန်းအားကြီးလို့
       မြင်ကွင်းတွေ
       မသဲကွဲတာမျိုးတွေလဲရှိပါတယ်။
       ဒီကားထဲမှာပါတဲ့
       သရုပ်ဆောင်တွေကလဲ
       တော်တော်ကောင်းပါတယ်။
       အကောင်ကြီးတွေကြောင့်ဘယ်သွားလို့သွားရမှန်းမသိ
       ၊
       ဘာလုပ်လို့လုပ်ရမှန်းမသိပဲ
       ကူရာကယ်ရာမဲ့ပြီး
       ကြောက်လန့်နေကြတာကို
       ကြည့်ရှုသူကိုမြင်အောင်ပုံဖော်နိုင်ပါတယ်။
       အခုအချိန်က
       Superhero
       တွေခေတ်စားနေတာကြောင့်
       Superhero
       တွေကြားထဲက
       ခနလောက်ရုန်းထွက်ချင်တဲ့
       ပိတ်သတ်တွေအတွက်ကြောင့်
       မပျင်းရပဲ
       ကြည့်လို့ကောင်းမဲ့
       ဇာတ်ကားတစ်ကားပါ။
       ဒီဇာတ်ကားအတွက်
       Budget က $25 Million
       အထိပဲသုံးထားပြီး
       $170 Million
       တောင်ပြန်ဝင်ထားတာဆိုတော့
       နည်းနည်းရင်း
       များများမြတ်ပါပဲ။
       ဒီဇာတ်ကားကိုရော
       ကြည့်ဖူးတဲ့ပိတ်သတ်တွေရှိလား။
       ရှိခဲ့ရင်လည်း
       ဒီဇာတ်ကားအပေါ်ကိုယ့်အမြင်လေးတွေပြောသွားကြပါဦး။
  HTML https://i.ibb.co/mFKpnVf/download-5.jpg
  HTML https://imgbb.com/
  HTML https://mega.nz/#!rIlBGK4b!QIQBNam9Nms_gXEvN5EGlTp2xjwkQrlm2G-kqjXJcCE
       *****************************************************
       Page 1 of 1