URI:
   DIR Return Create A Forum - Home
       ---------------------------------------------------------
       T Community
  HTML https://tcommunity.createaforum.com
       ---------------------------------------------------------
       *****************************************************
   DIR Return to: B
       *****************************************************
       #Post#: 1706--------------------------------------------------
       Battle Los Angeles
   DIR By: shoonlae
       Date: March 25, 2020, 5:08 am
       ---------------------------------------------------------
       Zawgyi
       စစ္ကားေတြထဲမွာမွ
       အေမရိကန္နဲ႕
       ၿဂိဳလ္သားေတြရဲ႕စစ္ပြဲေတြဟာမဆန္းေတာ့ပါဘူး..ဒါေၾကာင့္
       ဒီကားကလည္း
       Independence Day
       တို႕လုိပဲ
       ကမၻာေၿမေပၚကိုက်ဴူးေက်ာ္နယ္ခ်ဲ႕ထြင္လာတဲ့
       ၿဂိဳလ္သားေတြနဲ႕အေမရိကန္စစ္တပ္တို႕ရဲ႕အၿပင္းအထန္တိုက္ခိုက္တာေတြကို
       ေဖာ္ၿပထားပါတယ္…စစ္တစ္ခုၿဖစ္လာတဲ့အခါအမ်ားဆံုးထိခိုက္ရတာကေတာ့ၿပည္သူေတြပဲၿဖစ္ပါတယ္…ေနာက္ၿပီးေတာ့
       ဒီလူေတြကိုကာကြယ္ဖို႕အတြက္သစၥာဆိုထားတဲ့
       စစ္သားေတြရဲ႕ရင္းႏွီးမႈ႕ေတြကလည္းမေသးပါဘူး…ဒါေပမယ့္
       သူတို႕ရင္ဆိုင္ေနတဲ့အရာေတြက
       သာမာန္ထက္လြန္ကဲေနတဲ့သတၱ၀ါေတြၿဖစ္ေနတဲ့အတြက္ေၾကာင့္
       အေမရိကန္လိုစစ္အင္အားၾကီးေခတ္မီလက္နက္ေတြတပ္ဆင္သံုးစြဲေနတဲ့
       ႏိုင္ငံေတာင္ဆံုးရံႈးမႈ႕ေတြၾကီးလွပါတယ္…အမည္မသိ
       ဘာအမ်ိဳးအစားမွန္းလည္းမသိတဲ့
       သတၱ၀ါေတြေၾကာင့္ၿပည္သူေတြကို
       ကယ္ဆယ္ထုတ္ဖို႕သြားရန္အတြက္အမိန္႕ေပးၿခင္းခံရတဲ့
       တပ္စုတစ္စု
       ကယ္ဆယ္ဖို႕သြားရင္းကေနသူတို႕ပါ
       ရန္သူေတြရဲ႕
       သတ္ကြင္းမွာ
       ဓားစားခံေတြလိုပိတ္မိေနၾကပါတယ္…အခ်က္ေပါင္းမ်ားစု
       ပစ္သတ္လည္း
       မေသတဲ့
       ဒီသတၱ၀ါေတြေၾကာင့္ဒီတပ္စုေလးတစ္စုဟာ
       ဒီအႏၱရာယ္ေတြၾကားထဲကေန
       ၿပည္သူေတြကိုအသက္ရွင္လ်က္နဲ႕ဘယ္လိုကယ္ဆယ္ထုတ္မလဲဆိုတာ
       စိတ္၀င္စားစရာပါပဲ…စေတးမႈ႕ေတြမရွိပဲ
       စစ္ဆိုတာ
       ၿပီးဆံုးသြားမွာမဟုတ္ပါဘူး…ဒီကားေလးထဲမွာလည္း
       စစ္တကယ္တမ္းၿဖစ္လာရင္
       ဘယ္လိုဆံုးရံႈးမႈ႕ေတြၿဖစ္လာတယ္ဆိုတာကို
       ရိုက္ၿပထားတာေၾကာင့္စစ္ကားၾကိဳက္သူမ်ားလက္လြတ္မခံသင့္တဲ့
       ကားေကာင္းေလးတစ္ကားလို႕ေၿပာပါရေစ…
       Unicode
       စစ်ကားတွေထဲမှာမှ
       အမေရိကန်နဲ့
       ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာမဆန်းတော့ပါဘူး..ဒါကြောင့်
       ဒီကားကလည်း
       Independence Day
       တို့လိုပဲ
       ကမ္ဘာမြေပေါ်ကိုကျူူးကျော်နယ်ချဲ့ထွင်လာတဲ့
       ဂြိုလ်သားတွေနဲ့အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကို
       ဖော်ပြထားပါတယ်…စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့ပြည်သူတွေပဲဖြစ်ပါတယ်…နောက်ပြီးတော့
       ဒီလူတွေကိုကာကွယ်ဖို့အတွက်သစ္စာဆိုထားတဲ့
       စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး…ဒါပေမယ့်
       သူတို့ရင်ဆိုင်နေတဲ့အရာတွေက
       သာမာန်ထက်လွန်ကဲနေတဲ့သတ္တဝါတွေဖြစ်နေတဲ့အတွက်ကြောင့်
       အမေရိကန်လိုစစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့
       နိုင်ငံတောင်ဆုံးရှုံးမှု့တွေကြီးလှပါတယ်…အမည်မသိ
       ဘာအမျိုးအစားမှန်းလည်းမသိတဲ့
       သတ္တဝါတွေကြောင့်ပြည်သူတွေကို
       ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက်အမိန့်ပေးခြင်းခံရတဲ့
       တပ်စုတစ်စု
       ကယ်ဆယ်ဖို့သွားရင်းကနေသူတို့ပါ
       ရန်သူတွေရဲ့
       သတ်ကွင်းမှာ
       ဓားစားခံတွေလိုပိတ်မိနေကြပါတယ်…အချက်ပေါင်းများစု
       ပစ်သတ်လည်း
       မသေတဲ့
       ဒီသတ္တဝါတွေကြောင့်ဒီတပ်စုလေးတစ်စုဟာ
       ဒီအန္တရာယ်တွေကြားထဲကနေ
       ပြည်သူတွေကိုအသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာ
       စိတ်ဝင်စားစရာပါပဲ…စတေးမှု့တွေမရှိပဲ
       စစ်ဆိုတာ
       ပြီးဆုံးသွားမှာမဟုတ်ပါဘူး…ဒီကားလေးထဲမှာလည်း
       စစ်တကယ်တမ်းဖြစ်လာရင်
       ဘယ်လိုဆုံးရှုံးမှု့တွေဖြစ်လာတယ်ဆိုတာကို
       ရိုက်ပြထားတာကြောင့်စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့
       ကားကောင်းလေးတစ်ကားလို့ပြောပါရစေ…
  HTML https://i.ibb.co/w7YqjLg/Battle-Los-Angeles-Poster.jpg
  HTML https://ibb.co/w7YqjLg
  HTML https://mega.nz/#!WZsTUb6K!ls581caCCBk7nBcFc_6yaYEmCQFBkvmYmaZsEU_VZoo
       *****************************************************
       Page 1 of 1