URI:
   DIR Return Create A Forum - Home
       ---------------------------------------------------------
       T Community
  HTML https://tcommunity.createaforum.com
       ---------------------------------------------------------
       *****************************************************
   DIR Return to: B
       *****************************************************
       #Post#: 1665--------------------------------------------------
       Bharat Anenenu
   DIR By: shoonlae
       Date: March 20, 2020, 12:01 am
       ---------------------------------------------------------
       Zawgyi
       ဖခင္ႀကီး
       က်န္းမာေရးခ်ဳိ့တဲ့ေနၿပီဆိုတဲ့သတင္းေၾကာင့္
       ႏိုင္ငံျခားမွာ
       ပညာေတာ္သင္သြားေနတဲ့လူတစ္ေယာက္
       ကိုယ့္ရပ္ကိုယ့္ေျမကို
       ျပန္လာတယ္ျပန္ေရာက္ေတာ့ဖခင္ၾကီးရဲ့အသက္ကိုမမွီလိုက္သလိုဇပနအခမ္းအနားကိုေတာင္
       က်င္းပခြင့္
       မရလိုက္ဘူး.
       .
       .သုိ႔ေပမယ့္
       ေကာက္ကာငင္ကာဆိုသလို
       ဝန္ႀကီးခ်ဳပ္ရာထူးကို
       ဝင္ေရာက္ထမ္းေဆာင္ဖို႔
       ျဖစ္လာတယ္ပညာတတ္
       လူငယ္ေလးျဖစ္တဲ့အျပင္ဖခင္ရဲ႕
       ေသြးအျပည့္ပါတဲ့သူျဖစ္တာေၾကာင့္အလုပ္ကို
       ႀကိဳးစားတယ္မွန္ကန္တဲ့အလုပ္ကို
       လုပ္တယ္တည္ၾကည္တယ္
       ေျဖာင့္မတ္တယ္ရဲ႕ဝံ့တယ္.
       . .
       ဘယ္သူ႔မ်က္ႏွာကိုမွ
       မေထာက္ဘူးျပည္သူေတြကို
       ခ်စ္တဲ့သူျဖစ္တာေၾကာင့္ေအာက္ေျခလူတန္းစားေတြေနတဲ့
       ေက်းလက္ေဒသေတြအထိ
       ေ႐ွာင္တခင္
       စစ္ေဆးတတ္တယ္သက္ဆိုင္ရာနယ္ေျမက
       တာဝန္က်
       အစိုးရ
       အရာ႐ွိေတြကို
       ျပည္သူ႔အက်ဳိး
       သယ္ပိုးသူမွန္ရင္
       ေျမႇာက္စားတယ္လာဘ္စားၿပီး
       တာဝန္မေက်ရင္
       ျဖဳတ္ပစ္တယ္.
       .
       .အဲ့ဒီေလာက္အထိ
       ရဲရဲေတာက္တဲ့ဝန္ႀကီးခ်ဳပ္
       ျဖစ္လာတယ္.
       .
       .လမ္းပန္းဆက္သြယ္မႈ
       ေကာင္းမြန္ေရးလမ္းတံတားျပဳျပင္ေရးေက်းလက္ေဒသ
       စည္ပင္ဖြံၿဖိဳးေရးစတဲ့
       လုပ္ငန္းေတြမွာ
       ႏိုင္ငံေတာ္ဘတ္ဂ်က္ကို
       မွ်တေအာင္
       သံုးစြဲၿပီး
       ရန္ပံုေငြေတြ
       ခ်ေပးကာကိုယ္ထူကိုယ္ထ
       လုပ္ေစတယ္သူက
       ျပည္သူကို
       ကိုယ့္အားကိုယ္ကိုးေစခ်င္တဲ့
       ဒီလိုမ်ိဳးစိတ္ဓာတ္ပိုင္႐ွင္
       ၀န္ၾကီးခ်ဳပ္ပါ။
       သူေျပာတဲ့စကားက”စစ္မွန္တဲ့
       ေခါင္းေဆာင္ဆိုတာေခါင္းေဆာင္မလိုတဲ့
       လူ႔အဖြဲ႔အစည္းတစ္ရပ္
       ျဖစ္တည္လာေအာင္
       လမ္းျပေပးတဲ့သူပါ”တဲ့မည္သုိ႔ပင္ဆိုေစ.
       .
       .ျပည္သူ႔အခ်စ္ေတာ္
       ခံယူၿပီးတာဝန္ေတြကို
       ေက်ပြန္ေအာင္
       လုပ္သည့္တိုင္မနာလိုတဲ့သူေတြကေတာ့
       မနာလိုစျမဲပါပဲေနရာတကာ
       အေကာင္းနဲ႔
       အဆိုး
       ဒြန္တြဲေနတာမို႔ေျမေခြးေတြၾကားကို
       ေရာက္ေနတဲ့ယုန္သူငယ္လိုပဲအမဲျဖတ္ဖို႔
       ေခ်ာင္းေျမာင္းေနၾကသူေတြ႐ွိတယ္သူ
       ့ေနာက္ကိုကို
       လိုက္ၿပီး
       သတင္းယူေနတဲ့
       ပါပါရာဇီေတြ႐ွိတယ္.
       .
       .လူငယ္ပီပီခ်စ္သူရည္းစားထားမိတာကအစအျပစ္႐ွာ
       အပုပ္ခ်လိုသူေတြ႐ွိတယ္.
       .
       .ဒီႏွစ္ပိုင္းထြက္တဲ့ေတာင္ပိုင္းကားေတြထဲဒီကားကေတာ့
       ကြၽန္ေတာ့္အႀကိဳက္ဆံုး
       ႏိုင္ငံေရး
       အက္႐ွင္ကားျဖစ္ပါတယ္အျဖစ္အပ်က္ေတြကို
       ႐ိုက္ျပထားပံုကကိုယ့္ႏိုင္ငံရဲ႕
       အေျခအေနနဲ႔
       အေတာ္ႀကီးကို
       ဆင္တူေနတယ္.
       .
       .တစ္နည္းေျပာရရင္သူတို႔႐ိုက္ျပသြားတဲ့
       အစိုးရရဲ႕
       လစ္ဟာမႈေတြ
       အေၾကာင္းလာဘ္စားတတ္တဲ့
       အစိုးရဝန္ထမ္းေတြအေၾကာင္း
       
       ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့လူ႔သေဘာ
       လူ႔မေနာေတြအေၾကာင္း
       ဒီလို
       ႐ိုက္ကူးခ်က္ေတြဟာ
       ကိုယ့္ႏိုင္ငံကို
       လက္ညႇိဳးထိုးျပေနသလားေတာင္
       ထင္မိစရာပါ.
       .
       .ေက်းလက္ဖြံ
       ့ၿဖိဳးေရးအတြက္ျပည္သူေတြအေရးအတြက္လႊတ္ေတာ္မွာ
       တစ္ဖက္နဲ႔
       တစ္ဖက္
       အျပင္းအထန္ကို
       အတိုက္အခံလုပ္ၿပီးအေခ်အတင္ေဆြးေႏြးၾကတာ
       အားရစရာပါ.
       . .ျမင္ေနက်
       အိႏၵိယေတာင္ပိုင္းကားေတြလိုဘလိုင္းႀကီး
       ၾကမ္းျပ
       ရမ္းျပမိုက္ေၾကးခြဲတာထက္
       ဒီကားမွာေတာ့အေၾကာင္းအက်ိဳးနဲ႔
       ျပခ်င္တဲ့
       အခ်က္ေတြကိုေရပက္မဝင္ေအာင္
       ျပသြားတာ
       ျဖစ္ပာေၾကာင္း.
       .
       .မၾကည့္ျဖစ္ရင္
       တစ္ေခတ္ေနာက္က်မယ့္
       ဇာတ္ကားတစ္ကား
       ျဖစ္ပါေၾကာင္းညႊန္းဆိုလိုက္ပါရေစ
       ခင္ဗ်ား. . .
       Unicode
       ဖခင်ကြီး
       ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့်
       နိုင်ငံခြားမှာ
       ပညာတော်သင်သွားနေတဲ့လူတစ်ယောက်
       ကိုယ့်ရပ်ကိုယ့်မြေကို
       ပြန်လာတယ်ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇပနအခမ်းအနားကိုတောင်
       ကျင်းပခွင့်
       မရလိုက်ဘူး.
       .
       .သို့ပေမယ့်
       ကောက်ကာငင်ကာဆိုသလို
       ဝန်ကြီးချုပ်ရာထူးကို
       ဝင်ရောက်ထမ်းဆောင်ဖို့
       ဖြစ်လာတယ်ပညာတတ်
       လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့
       သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို
       ကြိုးစားတယ်မှန်ကန်တဲ့အလုပ်ကို
       လုပ်တယ်တည်ကြည်တယ်
       ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်.
       . .
       ဘယ်သူ့မျက်နှာကိုမှ
       မထောက်ဘူးပြည်သူတွေကို
       ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့
       ကျေးလက်ဒေသတွေအထိ
       ရှောင်တခင်
       စစ်ဆေးတတ်တယ်သက်ဆိုင်ရာနယ်မြေက
       တာဝန်ကျ
       အစိုးရ
       အရာရှိတွေကို
       ပြည်သူ့အကျိုး
       သယ်ပိုးသူမှန်ရင်
       မြှောက်စားတယ်လာဘ်စားပြီး
       တာဝန်မကျေရင်
       ဖြုတ်ပစ်တယ်.
       .
       .အဲ့ဒီလောက်အထိ
       ရဲရဲတောက်တဲ့ဝန်ကြီးချုပ်
       ဖြစ်လာတယ်.
       .
       .လမ်းပန်းဆက်သွယ်မှု
       ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ
       စည်ပင်ဖွံဖြိုးရေးစတဲ့
       လုပ်ငန်းတွေမှာ
       နိုင်ငံတော်ဘတ်ဂျက်ကို
       မျှတအောင်
       သုံးစွဲပြီး
       ရန်ပုံငွေတွေ
       ချပေးကာကိုယ်ထူကိုယ်ထ
       လုပ်စေတယ်သူက
       ပြည်သူကို
       ကိုယ့်အားကိုယ်ကိုးစေချင်တဲ့
       ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင်
       ဝန်ကြီးချုပ်ပါ။
       သူပြောတဲ့စကားက”စစ်မှန်တဲ့
       ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့
       လူ့အဖွဲ့အစည်းတစ်ရပ်
       ဖြစ်တည်လာအောင်
       လမ်းပြပေးတဲ့သူပါ”တဲ့မည်သို့ပင်ဆိုစေ.
       .
       .ပြည်သူ့အချစ်တော်
       ခံယူပြီးတာဝန်တွေကို
       ကျေပွန်အောင်
       လုပ်သည့်တိုင်မနာလိုတဲ့သူတွေကတော့
       မနာလိုစမြဲပါပဲနေရာတကာ
       အကောင်းနဲ့
       အဆိုး
       ဒွန်တွဲနေတာမို့မြေခွေးတွေကြားကို
       ရောက်နေတဲ့ယုန်သူငယ်လိုပဲအမဲဖြတ်ဖို့
       ချောင်းမြောင်းနေကြသူတွေရှိတယ်သူ့နောက်ကိုကို
       လိုက်ပြီး
       သတင်းယူနေတဲ့
       ပါပါရာဇီတွေရှိတယ်.
       .
       .လူငယ်ပီပီချစ်သူရည်းစားထားမိတာကအစအပြစ်ရှာ
       အပုပ်ချလိုသူတွေရှိတယ်.
       .
       .ဒီနှစ်ပိုင်းထွက်တဲ့တောင်ပိုင်းကားတွေထဲဒီကားကတော့
       ကျွန်တော့်အကြိုက်ဆုံး
       နိုင်ငံရေး
       အက်ရှင်ကားဖြစ်ပါတယ်အဖြစ်အပျက်တွေကို
       ရိုက်ပြထားပုံကကိုယ့်နိုင်ငံရဲ့
       အခြေအနေနဲ့
       အတော်ကြီးကို
       ဆင်တူနေတယ်.
       .
       .တစ်နည်းပြောရရင်သူတို့ရိုက်ပြသွားတဲ့
       အစိုးရရဲ့
       လစ်ဟာမှုတွေ
       အကြောင်းလာဘ်စားတတ်တဲ့
       အစိုးရဝန်ထမ်းတွေအကြောင်း
       
       ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘော
       လူ့မနောတွေအကြောင်း
       ဒီလို
       ရိုက်ကူးချက်တွေဟာ
       ကိုယ့်နိုင်ငံကို
       လက်ညှိုးထိုးပြနေသလားတောင်
       ထင်မိစရာပါ.
       .
       .ကျေးလက်ဖွံ့ဖြိုးရေးအတွက်ပြည်သူတွေအရေးအတွက်လွှတ်တော်မှာ
       တစ်ဖက်နဲ့
       တစ်ဖက်
       အပြင်းအထန်ကို
       အတိုက်အခံလုပ်ပြီးအချေအတင်ဆွေးနွေးကြတာ
       အားရစရာပါ.
       . .မြင်နေကျ
       အိန္ဒိယတောင်ပိုင်းကားတွေလိုဘလိုင်းကြီး
       ကြမ်းပြ
       ရမ်းပြမိုက်ကြေးခွဲတာထက်
       ဒီကားမှာတော့အကြောင်းအကျိုးနဲ့
       ပြချင်တဲ့
       အချက်တွေကိုရေပက်မဝင်အောင်
       ပြသွားတာ
       ဖြစ်ပာကြောင်း.
       .
       .မကြည့်ဖြစ်ရင်
       တစ်ခေတ်နောက်ကျမယ့်
       ဇာတ်ကားတစ်ကား
       ဖြစ်ပါကြောင်းညွှန်းဆိုလိုက်ပါရစေ
       ခင်ဗျား. . .
  HTML https://i.ibb.co/mcDk2w1/MV5-BN2-U4-ODE0-YWIt-ZGQ0-MC00-Y2-Ni-LTky-Mz-At-Yzlm-Zjk4-NWI4-MDRi-Xk-Ey-Xk-Fqc-Gde-QXVy-NTgx-ODY5-ODI-V1.jpg
  HTML https://ibb.co/mcDk2w1
  HTML https://mega.nz/#!rYAgASJJ!VY9DkKQUXIw2WkWFPx2lD0mgPdxFPX5DShgPA1BHSqw
       *****************************************************
       Page 1 of 1