DIR Return Create A Forum - Home
---------------------------------------------------------
T Community
HTML https://tcommunity.createaforum.com
---------------------------------------------------------
*****************************************************
DIR Return to: C
*****************************************************
#Post#: 1638--------------------------------------------------
Chungking Express
DIR By: shoonlae
Date: March 17, 2020, 12:03 am
---------------------------------------------------------
Zawgyi
၀မ္ကာေ၀က
သူရိုက္ခဲ့ဖူးသမွ်ရုပ္ရွင္ေတြထဲမွာ
အခ်ိန္အေပးရဆံုးနဲ႕
အခက္ခဲဆံုးျဖစ္တဲ့
Ashes of Time (1994) ရဲ႕
ေနာက္ဆံုးအဆင့္
Post Production
ေတြလုပ္ကိုင္ေနဆဲမွာ
သူ႕ Production
အတြက္၊ သူ
စိတ္ေျပလက္ေပ်ာက္ျဖစ္ဖုိ႕အတြက္ဆိုၿပီး
Chungking Express
ရုပ္ရွင္ကားကို
၃
လအတြင္းအၿပီးသတ္ရိုက္ကူးျပသခဲ့တယ္။ကၽြန္ေတာ္
Ashes of Time ရဲ႕ Post Production
ေတြကေန
ခဏအနားယူခ်င္ခဲ့တယ္၊
အဲ့ဒါနဲ႕
ဒီ Chungking Express
ကိုရိုက္ျဖစ္သြားတာပဲ။
ဒီရုပ္ရွင္မွာ
ဇာတ္ညြန္းလည္းအတည္တက်မရိွပါဘူးဗ်ာ
.ရိုက္ကြင္းမစခင္ည
ဒါမွမဟုတ္
ရိုက္မယ့္မနက္မွ
လက္တန္းခ်ေရးၿပီး
ရိုက္လိုက္တာပဲဗ်။
၀မ္ကာေ၀ဒီရုပ္ရွင္ရဲ႕
Theme က
ေျပာရခက္တယ္။
နီယြန္မီးေရာင္ေတြနဲ႕
အတုအေယာင္ေတြျပည့္ႏွက္ေနတဲ့
ေဟာင္ေကာင္ျမိဳ႕ျပညအခ်ိန္ေတြကို
အေျခခံတဲ့
ပထမဇာတ္လမ္းနဲ႕
Chungking Mansion ရဲ႕
ေန႕ဖက္အခ်ိန္
နိစၥဒူ၀အလုပ္လုပ္ၾကတဲ့အခိုက္အတန္႕ေတြကို
အေျခခံထားတဲ့
ဒုတိယဇာတ္လမ္းၾကားမွာ
ဒီရုပ္ရွင္ဟာ
လြန္ဆြဲေနတာပါပဲ။ကိုယ္ခ်စ္တဲ့သူျပန္လာမယ္ဆိုတဲ့ေမွ်ာ္လင့္ခ်က္သေကၤတတစ္ခုအျဖစ္
ေမလ ၁
ရက္ေန႕
သက္တမ္းကုန္မယ့္
နာနတ္သီးစည္သြပ္ဘူးေတြကို
တစ္ေန႕တစ္ဘူး၀ယ္ရင္း
ေမလ ၁
ရက္ေန႕ေရာက္လာမွာကိုု
ေစာင့္ေမွ်ာ္ေနတဲ့
ရဲနံပါတ္
၂၂၃ နဲ႕
ခ်စ္သူျပန္လာတိုင္း
အသုပ္စံု၀ယ္၀ယေ္ပးတတ္ၿပီး
ဆိုင္ရွင္ေျမွာက္ေပးရာကေန
အစားအေသာက္ေရြးခ်ယ္စရာေတြကေန
လူေရြးခ်ယ္ခြင့္ပါ
ေပးမိသြားခဲ့တဲ့
ရဲနံပါတ္
၆၆၃
တို႕ရဲ႕
ဘ၀ထဲကို
လူသစ္တစ္ေယာက္စီက
နည္းတစ္မ်ိဳးစီနဲ႕
ေရာက္လာၾကတဲ့အခါ
သူတို႕ဘယ္လိုတံု႕ျပန္ခဲ့ၾကသလဲ။
သူတို႕ရဲ႕အတိတ္ကို
ဘယ္လိုေမ့ေဖ်ာက္ၾကသလဲ။
အထီးက်န္တဲ့အခ်ိန္ေတြကို
ဘယ္လိုျဖတ္ေက်ာ္ၾကသလဲ။
ဒီရုပ္ရွင္ကိုၾကည့္ၿပီး
လူဆိုတာ
အသိုင္းအ၀ိုင္းနဲ႕ေနထိုင္တဲ့၊
ေပါင္းဆင္းဆက္ဆံေရးလုပ္တဲ့သက္ရိွလုိ႕ဆိုၾကေပမယ့္
တကယ္တမ္းေတာ့
လူေတြက
လူ႕အသိုင္းအ၀ိုင္းကေန
တစ္နည္းမဟုတ္တစ္နည္းနဲ႕
ေရွာင္ထြက္ၾကၿပီး
အထီးက်န္မႈကို
ေရြးခ်ယ္ေနၾကတယ္ဆိုတာ
သိလာတယ္။
လူတစ္ေယာက္
ေပ်ာ္တယ္၊
မေပ်ာ္ဘူး၊
အထီးက်န္တယ္၊
မက်န္ဘူးဆိုတာလည္း
အဲ့ဒီလူတစ္ေယာက္အေပၚမွာပဲ
မူတည္ေနတယ္ဆိုတာသိလာတယ္။
အခ်စ္ဆိုတာ
ခ်စ္ေနရံုနဲ႕လည္းမၿပီးသြားျပန္ဘူး၊
ခ်စ္တာကုိ
ျပတတ္ဖို႕လညး္လိုအပ္တယ္ဆိုတာကို
Hong Kong ရဲ႕
မက္ေဒါနားေလး
Faye Wong ကလည္း
ျပသြားျပန္တယ္။
သူ႕ရဲ႕ပထမဆံုးရုပ္ရွင္မွာတင္
Faye Wong က
စီနီယာၾကီးေတြၾကားမွာ
ထင္ေပၚသြားခဲ့တယ္။Hollywood
ရဲ႕
အေကာင္းဆံုးဒါရိုက္တာတစ္ေယာက္၊
Pulp Fiction, Inglourious Basterds
ရုပ္ရွင္ေတြရဲ႕ပဲ့ကိုင္ရွင္ျဖစ္တဲ့
Quentin Taratino ကေတာင္
ဒီရုပ္ရွင္ကို
ၾကည့္ဖို႕
ကိုယ္တိုင္ကိုယ္က်
တိုက္တြန္းခဲ့ဖူးတယ္။California
Dreaming ကို
ကၽြန္ေတာ္
ေနာက္တစ္ၾကိမ္နားမေထာင္ျဖစ္ေလာက္ေတာ့ဘူးထင္ပါရဲ႕
..နားေထာင္ျဖစ္ရင္လည္း
Faye Wong ရဲ႕
ျမဴးၾကြတဲ့
ကကြက္ေလးေတြကိုပဲ
အျမဲျမင္ေယာင္မိေနလိမ့္မယ္ဗ်ာဟုတ္ပါတယ္၊
ဒီရုပ္ရွင္ရဲ႕အလွတရားေတြထဲမွာ
Faye Wong ကေတာ့
ထိပ္ဆံုးကပါ။
California Dreaming
သီခ်င္း
အျပင္
သူကိုယ္တိုင္
cover
ျပန္သီဆိုထားတဲ့
The Cranberries
အဖြဲ႕ရဲ႕ Dream
သီခ်င္းေလးက
ဒီရုပ္ရွင္ကို
ပိုၿပီးျမဴးၾကြခ်ိဳျမိန္ေစခဲ့ပါတယ္။
ရဲနံပါတ္
၆၆၃ ရဲ႕
တိုက္ခန္းထဲမွာ
ေပ်ာ္ျမဴးေနတဲ့
Faye Wong
ရဲ႕ပံုရိပ္ေတြက
Chungking Express
ၾကည့္ရႈသူတိုင္းကို
ဖမ္းစားႏုိင္ခဲ့တာအမွန္ပါပဲ။
ၿပီးေတာ့
၀မ္ကာေ၀ရဲ႕
ထံုးစံအတိုင္း
မတင္မက်ဇာတ္သိမ္းေလးက
Romance
ရုပ္ရွင္မ်ိဳးဆိုတာ
ဒီလိုေလးလည္း
ၾကည့္ေကာငး္ပါလားလို႕ေတာင္
ေတြးမိေစခဲ့တယ္။အခ်ိန္တိုအတြင္းမွာရိုက္ကူးၿပီးစီးခဲ့ေပမယ့္
ဒီရုပ္ရွင္မွာ
ဒါရိုက္တာ၀မ္ကာေ၀ရဲ႕
အေတြးအပိုင္းအစေတြအမ်ားၾကီးပါ၀င္ခဲ့ၿပီး
ခ်စ္သူရည္းစားေတြ
ျပတ္စဲၿပီးေနာက္မွာ
ဘာေတြဆက္ျဖစ္ၾကသလဲဆိုတာေလးကို
အလွပဆံုးပံုေဖာ္သြားတဲ့
အဖိုးတန္ Romance
ကားတစ္ကားပါ။
၀မ္ကာေ၀ဟာ
ဘာမွမဟုတ္ဘူးထင္ရတဲ့
လူ႕ဘ၀အခိုက္အတန္႕ေလးေတြကို
ရုပ္ရွင္အျဖစ္ေျပာင္းလဲဖန္တီးတဲ့ေနရာမွာေတာ့
ဆရာတစ္ပါးပဲဆိုတာ
ေသခ်ာပါတယ္။
သူ႕ရဲ႕လက္ရာအမ်ားစုကလည္း
လူေတြနဲ႕အနီးစပ္ဆံုးကိစၥေတြျဖစ္လို႕
ရင္ထဲေရာက္ေအာင္
ဆြဲေဆာင္ႏိုင္တာပါ။Hong
Kong new wave 1st generation
ကစလို႕
ေဟာင္ေကာင္ရုပ္ရွင္ေတြဟာ
သာမန္ေဖ်ာ္ေျဖေရးရုပ္ရွင္ေတြထက္
အိမ္တြင္းေရး၊
လူမႈေရးနဲ႕
ျပည္သူေတြ
သတိမျပဳမိတဲ့အခိုက္အတန္႕ေလးေတြကို
ဇာတ္အိမ္ဖြဲ႕ရိုက္ကူးတဲ့
new wave
ရုပ္ရွင္ေတြေပၚထြက္လာခဲ့တယ္။
၀မ္ကာေ၀တို႕
ဂၽြန္၀ူးတို႕
ေခတ္အေရာက္မွာေတာ့
ေဟာင္ေကာင္ရုပ္ရွင္ေတြဟာ
အဆင့္အတန္းတစ္ခုကိုေရာက္လာခဲ့ၿပီး
အာရွရုပ္ရွင္ေလာကမွာ
သူတုိ႕ရဲ႕
ကိုယ္ပိုင္ဟန္
ကိုယ္ပိုင္ဇာတ္လမ္းသြားပံုစံေတြနဲ႕
ေနရာတစ္ေနရာ
အခိုင္အမာရရိွခဲ့ပါတယ္။Chungking
Express ကလည္း
ေဟာင္ေကာင္ရုပ္ရွင္ေလာကမွာ
စံထားရတဲ့ရုပ္ရွင္ကားေတြထဲက
တစ္ကားအပါအ၀င္ပါ။
ရုပ္ရွင္ရဲ႕
Color ေတြ၊
အ၀တ္အစားေရြးခ်ယ္ပံုေတြနဲ႕
ေဟာင္ေကာင္က
Chungking Mansion
ၾကီးထဲက
လူမ်ိဳးေပါင္းစံု၊
သာမန္လူတန္းစားအသိုင္းအ၀ိုင္းကို
ေထာက္တိုင္ျပဳထားတဲ့
ဇာတ္အိမ္ႏွစ္ခုအျပင္
ဒီရုပ္ရွင္ရဲ႕
အထင္ရွားဆံုး၊
ခ်ိီးက်ဴးအခံရဆံုးအခ်က္ျဖစ္တဲ့
Slow Motion, Blur Motion Shot
ေတြေၾကာင့္
Chungking Express ဟာ
၀မ္ကာေ၀ရဲ႕
အေကာင္းဆံုးလက္ရာလို႕ေျပာၾကတဲ့
In the Mood for Love
ထက္မသာရင္ေတာင္
မေလ်ာ့တဲ့ရုပ္ရွင္ကားတစ္ကားျဖစ္ပါတယ္။
ကၽြန္ေတာ့္အတြက္ေတာ့
Romance Genre မွာ Chungking Express က
ခ်စ္စရာအေကာင္းဆံုးနဲ႕
သဘာ၀အက်ဆံုးကားတစ္ကားျဖစ္သြားခဲ့ပါၿပီ။ဘယ္အခ်ိန္ကစၿပီး
အရာအားလံုးမွာ
သက္တမ္းကုန္ဆံုးရက္ေတြ
ရိွသြားတာလဲ
ငါးေသတၱာဘူးေတြ
သက္တမ္းကုန္တယ္၊
ေဆာ့စ္ေတြ
သက္တမ္းကုန္တယ္၊
ပလက္စတစ္အိတ္ေတြေတာင္
သက္တမ္းကုန္တယ္။
ကၽြန္ေတာ္ေတြးမိတယ္
..ကမာၻေပၚမွာ
သက္တမ္းမကုန္တဲ့အရာရိွေသးရဲ႕လား
Unicode
၀မ်ကာဝေက
သူရိုက်ခဲ့ဖူးသမျှရုပ်ရှင်တွေထဲမှာ
အချိန်အပေးရဆုံးနဲ့
အခက်ခဲဆုံးဖြစ်တဲ့
Ashes of Time (1994) ရဲ့
နောက်ဆုံးအဆင့်
Post Production
တွေလုပ်ကိုင်နေဆဲမှာ
သူ့ Production
အတွက်၊ သူ
စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက်ဆိုပြီး
Chungking Express
ရုပ်ရှင်ကားကို
၃
လအတွင်းအပြီးသတ်ရိုက်ကူးပြသခဲ့တယ်။ကျွန်တော်
Ashes of Time ရဲ့ Post Production
တွေကနေ
ခဏအနားယူချင်ခဲ့တယ်၊
အဲ့ဒါနဲ့
ဒီ Chungking Express
ကိုရိုက်ဖြစ်သွားတာပဲ။
ဒီရုပ်ရှင်မှာ
ဇာတ်ညွန်းလည်းအတည်တကျမရှိပါဘူးဗျာ
.ရိုက်ကွင်းမစခင်ည
ဒါမှမဟုတ်
ရိုက်မယ့်မနက်မှ
လက်တန်းချရေးပြီး
ရိုက်လိုက်တာပဲဗျ။
ဝမ်ကာဝေဒီရုပ်ရှင်ရဲ့
Theme က
ပြောရခက်တယ်။
နီယွန်မီးရောင်တွေနဲ့
အတုအယောင်တွေပြည့်နှက်နေတဲ့
ဟောင်ကောင်မြို့ပြညအချိန်တွေကို
အခြေခံတဲ့
ပထမဇာတ်လမ်းနဲ့
Chungking Mansion ရဲ့
နေ့ဖက်အချိန်
နိစ္စဒူဝအလုပ်လုပ်ကြတဲ့အခိုက်အတန့်တွေကို
အခြေခံထားတဲ့
ဒုတိယဇာတ်လမ်းကြားမှာ
ဒီရုပ်ရှင်ဟာ
လွန်ဆွဲနေတာပါပဲ။ကိုယ်ချစ်တဲ့သူပြန်လာမယ်ဆိုတဲ့မျှော်လင့်ချက်သင်္ကေတတစ်ခုအဖြစ်
မေလ ၁
ရက်နေ့
သက်တမ်းကုန်မယ့်
နာနတ်သီးစည်သွပ်ဘူးတွေကို
တစ်နေ့တစ်ဘူးဝယ်ရင်း
မေလ ၁
ရက်နေ့ရောက်လာမှာကို
စောင့်မျှော်နေတဲ့
ရဲနံပါတ်
၂၂၃ နဲ့
ချစ်သူပြန်လာတိုင်း
အသုပ်စုံဝယ်ဝယေ်ပးတတ်ပြီး
ဆိုင်ရှင်မြှောက်ပေးရာကနေ
အစားအသောက်ရွေးချယ်စရာတွေကနေ
လူရွေးချယ်ခွင့်ပါ
ပေးမိသွားခဲ့တဲ့
ရဲနံပါတ်
၆၆၃
တို့ရဲ့
ဘဝထဲကို
လူသစ်တစ်ယောက်စီက
နည်းတစ်မျိုးစီနဲ့
ရောက်လာကြတဲ့အခါ
သူတို့ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။
သူတို့ရဲ့အတိတ်ကို
ဘယ်လိုမေ့ဖျောက်ကြသလဲ။
အထီးကျန်တဲ့အချိန်တွေကို
ဘယ်လိုဖြတ်ကျော်ကြသလဲ။
ဒီရုပ်ရှင်ကိုကြည့်ပြီး
လူဆိုတာ
အသိုင်းအဝိုင်းနဲ့နေထိုင်တဲ့၊
ပေါင်းဆင်းဆက်ဆံရေးလုပ်တဲ့သက်ရှိလို့ဆိုကြပေမယ့်
တကယ်တမ်းတော့
လူတွေက
လူ့အသိုင်းအဝိုင်းကနေ
တစ်နည်းမဟုတ်တစ်နည်းနဲ့
ရှောင်ထွက်ကြပြီး
အထီးကျန်မှုကို
ရွေးချယ်နေကြတယ်ဆိုတာ
သိလာတယ်။
လူတစ်ယောက်
ပျော်တယ်၊
မပျော်ဘူး၊
အထီးကျန်တယ်၊
မကျန်ဘူးဆိုတာလည်း
အဲ့ဒီလူတစ်ယောက်အပေါ်မှာပဲ
မူတည်နေတယ်ဆိုတာသိလာတယ်။
အချစ်ဆိုတာ
ချစ်နေရုံနဲ့လည်းမပြီးသွားပြန်ဘူး၊
ချစ်တာကို
ပြတတ်ဖို့လည်းလိုအပ်တယ်ဆိုတာကို
Hong Kong ရဲ့
မက်ဒေါနားလေး
Faye Wong ကလည်း
ပြသွားပြန်တယ်။
သူ့ရဲ့ပထမဆုံးရုပ်ရှင်မှာတင်
Faye Wong က
စီနီယာကြီးတွေကြားမှာ
ထင်ပေါ်သွားခဲ့တယ်။Hollywood
ရဲ့
အကောင်းဆုံးဒါရိုက်တာတစ်ယောက်၊
Pulp Fiction, Inglourious Basterds
ရုပ်ရှင်တွေရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့
Quentin Taratino ကတောင်
ဒီရုပ်ရှင်ကို
ကြည့်ဖို့
ကိုယ်တိုင်ကိုယ်ကျ
တိုက်တွန်းခဲ့ဖူးတယ်။California
Dreaming ကို
ကျွန်တော်
နောက်တစ်ကြိမ်နားမထောင်ဖြစ်လောက်တော့ဘူးထင်ပါရဲ့
..နားထောင်ဖြစ်ရင်လည်း
Faye Wong ရဲ့
မြူးကြွတဲ့
ကကွက်လေးတွေကိုပဲ
အမြဲမြင်ယောင်မိနေလိမ့်မယ်ဗျာဟုတ်ပါတယ်၊
ဒီရုပ်ရှင်ရဲ့အလှတရားတွေထဲမှာ
Faye Wong ကတော့
ထိပ်ဆုံးကပါ။
California Dreaming
သီချင်း
အပြင်
သူကိုယ်တိုင်
cover
ပြန်သီဆိုထားတဲ့
The Cranberries
အဖွဲ့ရဲ့ Dream
သီချင်းလေးက
ဒီရုပ်ရှင်ကို
ပိုပြီးမြူးကြွချိုမြိန်စေခဲ့ပါတယ်။
ရဲနံပါတ်
၆၆၃ ရဲ့
တိုက်ခန်းထဲမှာ
ပျော်မြူးနေတဲ့
Faye Wong
ရဲ့ပုံရိပ်တွေက
Chungking Express
ကြည့်ရှုသူတိုင်းကို
ဖမ်းစားနိုင်ခဲ့တာအမှန်ပါပဲ။
ပြီးတော့
ဝမ်ကာဝေရဲ့
ထုံးစံအတိုင်း
မတင်မကျဇာတ်သိမ်းလေးက
Romance
ရုပ်ရှင်မျိုးဆိုတာ
ဒီလိုလေးလည်း
ကြည့်ကောင်းပါလားလို့တောင်
တွေးမိစေခဲ့တယ်။အချိန်တိုအတွင်းမှာရိုက်ကူးပြီးစီးခဲ့ပေမယ့်
ဒီရုပ်ရှင်မှာ
ဒါရိုက်တာဝမ်ကာဝေရဲ့
အတွေးအပိုင်းအစတွေအများကြီးပါဝင်ခဲ့ပြီး
ချစ်သူရည်းစားတွေ
ပြတ်စဲပြီးနောက်မှာ
ဘာတွေဆက်ဖြစ်ကြသလဲဆိုတာလေးကို
အလှပဆုံးပုံဖော်သွားတဲ့
အဖိုးတန် Romance
ကားတစ်ကားပါ။
ဝမ်ကာဝေဟာ
ဘာမှမဟုတ်ဘူးထင်ရတဲ့
လူ့ဘဝအခိုက်အတန့်လေးတွေကို
ရုပ်ရှင်အဖြစ်ပြောင်းလဲဖန်တီးတဲ့နေရာမှာတော့
ဆရာတစ်ပါးပဲဆိုတာ
သေချာပါတယ်။
သူ့ရဲ့လက်ရာအများစုကလည်း
လူတွေနဲ့အနီးစပ်ဆုံးကိစ္စတွေဖြစ်လို့
ရင်ထဲရောက်အောင်
ဆွဲဆောင်နိုင်တာပါ။Hong
Kong new wave 1st generation
ကစလို့
ဟောင်ကောင်ရုပ်ရှင်တွေဟာ
သာမန်ဖျော်ဖြေရေးရုပ်ရှင်တွေထက်
အိမ်တွင်းရေး၊
လူမှုရေးနဲ့
ပြည်သူတွေ
သတိမပြုမိတဲ့အခိုက်အတန့်လေးတွေကို
ဇာတ်အိမ်ဖွဲ့ရိုက်ကူးတဲ့
new wave
ရုပ်ရှင်တွေပေါ်ထွက်လာခဲ့တယ်။
ဝမ်ကာဝေတို့
ဂျွန်ဝူးတို့
ခေတ်အရောက်မှာတော့
ဟောင်ကောင်ရုပ်ရှင်တွေဟာ
အဆင့်အတန်းတစ်ခုကိုရောက်လာခဲ့ပြီး
အာရှရုပ်ရှင်လောကမှာ
သူတို့ရဲ့
ကိုယ်ပိုင်ဟန်
ကိုယ်ပိုင်ဇာတ်လမ်းသွားပုံစံတွေနဲ့
နေရာတစ်နေရာ
အခိုင်အမာရရှိခဲ့ပါတယ်။Chungking
Express ကလည်း
ဟောင်ကောင်ရုပ်ရှင်လောကမှာ
စံထားရတဲ့ရုပ်ရှင်ကားတွေထဲက
တစ်ကားအပါအဝင်ပါ။
ရုပ်ရှင်ရဲ့
Color တွေ၊
အဝတ်အစားရွေးချယ်ပုံတွေနဲ့
ဟောင်ကောင်က
Chungking Mansion
ကြီးထဲက
လူမျိုးပေါင်းစုံ၊
သာမန်လူတန်းစားအသိုင်းအဝိုင်းကို
ထောက်တိုင်ပြုထားတဲ့
ဇာတ်အိမ်နှစ်ခုအပြင်
ဒီရုပ်ရှင်ရဲ့
အထင်ရှားဆုံး၊
ချီးကျူးအခံရဆုံးအချက်ဖြစ်တဲ့
Slow Motion, Blur Motion Shot
တွေကြောင့်
Chungking Express ဟာ
ဝမ်ကာဝေရဲ့
အကောင်းဆုံးလက်ရာလို့ပြောကြတဲ့
In the Mood for Love
ထက်မသာရင်တောင်
မလျော့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။
ကျွန်တော့်အတွက်တော့
Romance Genre မှာ Chungking Express က
ချစ်စရာအကောင်းဆုံးနဲ့
သဘာဝအကျဆုံးကားတစ်ကားဖြစ်သွားခဲ့ပါပြီ။ဘယ်အချိန်ကစပြီး
အရာအားလုံးမှာ
သက်တမ်းကုန်ဆုံးရက်တွေ
ရှိသွားတာလဲ
ငါးသေတ္တာဘူးတွေ
သက်တမ်းကုန်တယ်၊
ဆော့စ်တွေ
သက်တမ်းကုန်တယ်၊
ပလက်စတစ်အိတ်တွေတောင်
သက်တမ်းကုန်တယ်။
ကျွန်တော်တွေးမိတယ်
..ကမ္ဘာပေါ်မှာ
သက်တမ်းမကုန်တဲ့အရာရှိသေးရဲ့လား
HTML https://i.ibb.co/dP2WWnn/Chungking-Express-p1.jpg
HTML https://ibb.co/dP2WWnn
HTML https://mega.nz/#!fBonkLID!-rRJJB9QA4alVwUN0XwOoyMHlWassyGJRM-xhy9O-l8
*****************************************************
Page 1 of 1