DIR Return Create A Forum - Home
---------------------------------------------------------
T Community
HTML https://tcommunity.createaforum.com
---------------------------------------------------------
*****************************************************
DIR Return to: M
*****************************************************
#Post#: 1607--------------------------------------------------
Miracle of giving fools
DIR By: shoonlae
Date: February 18, 2020, 2:17 am
---------------------------------------------------------
Zawgyi
ဆံပင္က
ဖြာလန္က်ဲ
..လမ္းေလ်ာက္ပုံက
ကုိယ့္ရုိ႕ကားယား…ပါးစပ္ကလည္း
တစ္ခ်ိန္လုံးပြစိ
ပြစိနဲ႕….ေရမခ်ဳိးတာၾကာေတာ့
သူ႕အနားေတာ္ရုံလူမကပ္ခ်င္ျပန္…
သုိ႕ေပမယ့္
သူ႕မ်က္ႏွာက
တစ္ခ်ိန္လုံးနီးပါးၿပဳံးေနတယ္…
သူ႕နာမည္က
ဆြန္းေယာင္တဲ့…တစ္ရြာလုံးကေတာ့
သူ႕ကုိ
အရူးဆြန္းေယာင္လုိ႕ေခၚတယ္..
….
သူ႕မွာ
ညီမေလးတစ္ေယာက္လည္းရွိတယ္…အေဖနဲ႕အေမကေတာ့ဆုံးသြားရွာေတာ့
ဒီညီမေလးကုိသူပဲေစာင့္ေရွာက္ေနရတယ္…
သာမန္လူတစ္ေယာက္လုိ
ေတြးေခၚစဥ္းစားမႈမၿပဳႏုိင္ေပမယ့္
သူ႕ေခါင္းထဲမွာ
အေရးႀကီးဆုံးအခ်က္မွတ္သားၿပီး
တတ္ႏုိင္သေလာက္အေကာင္အထည္ေဖာ္ေနတယ္..
အဲ့ဒါေတြကေတာ့
ညီမေလးေက်ာင္းေနဖုိ႕
နဲ႕
တစ္ခုခုျဖစ္ရင္ေဆးကုဖုိ႕
မုန္႕ေရာင္းပုိက္ဆံရွာရမယ္…ညီမေလးအတြက္မနက္စာျပင္ရမယ္..အခန္းထဲကုိညီမေလးေရာက္မေရာက္ၾကည့္ရမယ္…
သူသိပ္သေဘာက်ခဲ့တဲ့
ေက်ာင္းေနဖက္သူငယ္ခ်င္းမေလး
ရြာျပန္အလာကုိေမွ်ာ္မယ္…
ဒီကားက
ကုိးရီးယားဒရမ္မာမင္းသား
Tae-Hyun Cha က
အရူးဆြန္းေယာင္ေလးေနရာမွာသရုပ္ေဆာင္ထားတယ္…
အူေၾကာင္ေၾကာင္
သနားစဖြယ္
ဇာတ္ရုပ္မ်ဳိးဆုိ
အပုိင္ႏုိင္ဆုံးသရုပ္ေဆာင္
ႏုိင္သူလုိ႕ေတာင္ေခၚရမယ္ထင္တယ္…
ခင္ဗ်ားတုိ႕ရဲ႕ႏွလုံးသားဟာ
ဒီကားမၾကည့္ခင္မွာေရာ
စၾကည့္ၾကည့္ခ်င္းမွာေရာ
ေတာ္ရုံကိစၥကုိ
မေထ့မဲ့ျမင္လုပ္ႏုိင္ေကာင္းလုပ္ႏုိင္လိမ့္မယ္…
သုိ႕ေပမယ့္
ဒီကားၾကည့္ၿပီး
မိနစ္(၂၀)ေလာက္ၾကာတဲ့အခ်ိန္မွာ
ကမၻာေပၚမွာ
အႏူးညံဆုံးႏွလုံးသားတစ္ခုကုိ
ကုိင္ေဆာင္ၿပီး
ဆြန္းေယာင္ရဲ႕ေနာက္ကုိလုိက္ေနရပါ့လားလုိ႕
ကုိယ့္ကုိကုိယ္
သတိထားမိသြားလိမ့္မယ္…
တစ္ခါတစ္ရံ
ဇာတ္ကားၾကည့္ေနတဲ့အခ်ိန္
ဖန္သားျပင္ဟာ
ဘယ္သိပၸံပညာရွင္မွအေျဖမထုတ္ႏုိင္ေသးတဲ့
မ်က္လုံးျပသနာေၾကာင့္
ေ၀၀ါးသြားလိမ့္မယ္…
ကုိင္းခံစားၾကည့္လုိက္ပါဦးေနာ္….
Unicode
ဆံပင်က
ဖွာလန်ကျဲ
..လမ်းလျောက်ပုံက
ကိုယ့်ရို့ကားယား…ပါးစပ်ကလည်း
တစ်ချိန်လုံးပွစိ
ပွစိနဲ့….ရေမချိုးတာကြာတော့
သူ့အနားတော်ရုံလူမကပ်ချင်ပြန်…
သို့ပေမယ့်
သူ့မျက်နှာက
တစ်ချိန်လုံးနီးပါးပြုံးနေတယ်…
သူ့နာမည်က
ဆွန်းယောင်တဲ့…တစ်ရွာလုံးကတော့
သူ့ကို
အရူးဆွန်းယောင်လို့ခေါ်တယ်..
….
သူ့မှာ
ညီမလေးတစ်ယောက်လည်းရှိတယ်…အဖေနဲ့အမေကတော့ဆုံးသွားရှာတော့
ဒီညီမလေးကိုသူပဲစောင့်ရှောက်နေရတယ်…
သာမန်လူတစ်ယောက်လို
တွေးခေါ်စဉ်းစားမှုမပြုနိုင်ပေမယ့်
သူ့ခေါင်းထဲမှာ
အရေးကြီးဆုံးအချက်မှတ်သားပြီး
တတ်နိုင်သလောက်အကောင်အထည်ဖော်နေတယ်..
အဲ့ဒါတွေကတော့
ညီမလေးကျောင်းနေဖို့
နဲ့
တစ်ခုခုဖြစ်ရင်ဆေးကုဖို့
မုန့်ရောင်းပိုက်ဆံရှာရမယ်…ညီမလေးအတွက်မနက်စာပြင်ရမယ်..အခန်းထဲကိုညီမလေးရောက်မရောက်ကြည့်ရမယ်…
သူသိပ်သဘောကျခဲ့တဲ့
ကျောင်းနေဖက်သူငယ်ချင်းမလေး
ရွာပြန်အလာကိုမျှော်မယ်…
ဒီကားက
ကိုးရီးယားဒရမ်မာမင်းသား
Tae-Hyun Cha က
အရူးဆွန်းယောင်လေးနေရာမှာသရုပ်ဆောင်ထားတယ်…
အူကြောင်ကြောင်
သနားစဖွယ်
ဇာတ်ရုပ်မျိုးဆို
အပိုင်နိုင်ဆုံးသရုပ်ဆောင်
နိုင်သူလို့တောင်ခေါ်ရမယ်ထင်တယ်…
ခင်ဗျားတို့ရဲ့နှလုံးသားဟာ
ဒီကားမကြည့်ခင်မှာရော
စကြည့်ကြည့်ချင်းမှာရော
တော်ရုံကိစ္စကို
မထေ့မဲ့မြင်လုပ်နိုင်ကောင်းလုပ်နိုင်လိမ့်မယ်…
သို့ပေမယ့်
ဒီကားကြည့်ပြီး
မိနစ်(၂၀)လောက်ကြာတဲ့အချိန်မှာ
ကမ္ဘာပေါ်မှာ
အနူးညံဆုံးနှလုံးသားတစ်ခုကို
ကိုင်ဆောင်ပြီး
ဆွန်းယောင်ရဲ့နောက်ကိုလိုက်နေရပါ့လားလို့
ကိုယ့်ကိုကိုယ်
သတိထားမိသွားလိမ့်မယ်…
တစ်ခါတစ်ရံ
ဇာတ်ကားကြည့်နေတဲ့အချိန်
ဖန်သားပြင်ဟာ
ဘယ်သိပ္ပံပညာရှင်မှအဖြေမထုတ်နိုင်သေးတဲ့
မျက်လုံးပြသနာကြောင့်
ေ၀ဝါးသွားလိမ့်မယ်…
ကိုင်းခံစားကြည့်လိုက်ပါဦးနော်….
HTML https://i.ibb.co/dKcwT5L/265a3017731f30172fbe33294f40a42c.jpg
HTML https://ibb.co/dKcwT5L
HTML https://mega.nz/#!KUUixKYJ!fVc8JTAmIkhcNh3OD6l9NlKVJZs7rRvWB167qfi1jSQ
*****************************************************
Page 1 of 1