URI:
   DIR Return Create A Forum - Home
       ---------------------------------------------------------
       T Community
  HTML https://tcommunity.createaforum.com
       ---------------------------------------------------------
       *****************************************************
   DIR Return to: B
       *****************************************************
       #Post#: 1605--------------------------------------------------
       Bonnie And Clyde
   DIR By: shoonlae
       Date: February 18, 2020, 1:29 am
       ---------------------------------------------------------
       Zawgyi
       Parkerနဲ့Clyde
       
       right
       သေမထူးနေမထူး
       
       right
       
       
       ဇာတ်လမ်းဟာNew
       
       right
       
       
       Unicode
       ဖြစ်ရပ်မှန်ဇာတ်လမ်းအများစုထဲကမှအစောပိုင်းမှာအအောင်မြင်ဆုံးလို့ပြောလို့ရတဲ့
       1930လောက်ကလမ်းဓားပြစုံတွဲBonnie
       Parkerနဲ့Clyde
       Barrowတို့ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်
       ၂၀၀၀ခုနှစ်ဖွားအများစုသာမသိလောက်မယ့်ဇာတ်လမ်းဖြစ်ပြီးကျန်တဲ့သူတွေအတွက်တော့အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးဗျာ
       
       Clydeဟာမွေးကတည်းကမကောင်းခဲ့သလိုထောင်ကျပြီးပြန်ထွက်လာတဲ့အချိန်မှာလည်းမကောင်းခဲ့ပါဘူး
       အဲ့လိုဖြစ်နေတာတောင်သူ့အတွက်The
       right
       oneဖြစ်လာမယ့်Bonnieကိုတွေ့အောင်ရှာနိုင်ခဲ့ပါတယ်
       ရှာတွေ့ရုံနဲ့လည်းသူမရပ်ခဲ့ပါဘူး
       သူ့ဘက်ကသဘောထားနဲ့သူ့ကိုဘာလို့လက်ခံသင့်လဲဆိုတာကိုပါတစ်ခါတည်းရှင်းပြပါတော့တယ်
       သေမထူးနေမထူး
       ဘယ်အချိန်မှာမဆိုသေသွားနိုင်တဲ့သူ့အရောင်မဲ့ဘဝထဲကိုBonnieဆိုတဲ့အရောင်စုံမိန်းကလေးတစ်ယောက်နဲ့ပြီးပြည့်စုံစေခဲ့ပါတယ်
       ပုံမှန်အသက်ရှင်ရတဲ့နေ့ရက်တွေကိုငြီးငွေ့နေတဲ့လူတွေဖြစ်နေတဲ့အလျောက်
       ကိုယ့်ကိုကိုယ်ဂရုမစိုက်ပဲကိုယ်ချစ်ရတဲ့လူကိုပဲစုံလုံးကန်းကာကွယ်ပေးနေမှုတွေဟာ
       ဇာတ်လမ်းကိုမအီသွားစေတဲ့အပြင်ရှိတ်စပီးယားရဲ့ပြဇာတ်ကိုကျော်လွန်သွားစေတဲ့အကြောင်းပြချက်ပဲဖြစ်ပါတယ်
       
       စားပွဲထိုးမလေးBonnieဟာတစ်နေ့တာလုပ်စရာရယ်လို့မယ်မယ်ရရမရှိတဲ့ဘဝမှာ
       မမျှော်လင့်ပဲရောက်လာတဲ့Clydeကသူ့ရဲ့နေမင်းကြီးဖြစ်ခဲ့ပါတယ်
       လူစိမ်းကောင်ရယ်လို့မယုံခဲ့ပေမယ့်သူ့အတွက်The
       right
       oneဖြစ်နေမှန်းသိတာနဲ့
       Bonnieဟာမျက်စိမှိတ်ပြီးအချစ်ခေါ်ရာနောက်လိုက်မိပါတော့တယ်
       
       အချစ်ဇာတ်လမ်းရယ်တော့မဟုတ်ပါဘူး
       နှစ်ယောက်ပေါင်းပြီးကျန်တဲ့သူတို့အဖွဲ့ဝင်တွေဘဏ်ဓားပြတိုက်ကြမယ့်ခပ်ညစ်ညစ်မှုခင်းကားပဲဖြစ်ပါတယ်
       
       ဇာတ်လမ်းဟာNew
       Hollywoodရဲ့aestheticဖြစ်နေတဲ့ကာလမှာရိုက်ထားတာကြောင့်ကြည့်ရတဲ့လူတွေအတွက်အဘက်ဘက်ပြည့်စုံနေစေပါတယ်
       
       တကယ့်ကျွန်တော်တို့လက်တွေ့ဘဝမှာလည်းကိုယ့်ရဲ့the
       right
       oneနဲ့တွေ့ရင်လက်မနှေးကြပါနဲ့:3
       
       အော်စကာနှစ်ဆုရထားတဲ့အကောင်းတကာ့အကောင်းတွေထဲကကားကောင်းတစ်ကားဖြစ်တာကြောင့်
       
       အချိန်ပေးပြီးကြည့်လိုက်ပါ
       အချိန်ကုန်ရကျိုးနပ်စေမယ့်အပြင်ဘဝနဲ့ပတ်သတ်တဲ့သင်ခန်းစာတချို့ကိုပါရကောင်းရနိုင်ပါလိမ့်မယ်
  HTML https://i.ibb.co/SXQS73S/MV5-BMWY2-MWE5-OTIt-ZTM4-My00-Mz-Ay-LWIy-Mm-Et-MDNh-Yzg5-MTVm-NDcw-Xk-Ey-Xk-Fqc-Gde-QXVy-ODU0-Mz-Uw-MTU-V1-UY1200-CR103-0-630-1200-AL.jpg
  HTML https://ibb.co/SXQS73S
  HTML https://mega.nz/#!iBshDb5a!ykYQmg7tG8HXw8C4Sonz8wxwk59bgMIer13EMaSRuA4
       *****************************************************
       Page 1 of 1