DIR Return Create A Forum - Home
---------------------------------------------------------
T Community
HTML https://tcommunity.createaforum.com
---------------------------------------------------------
*****************************************************
DIR Return to: T
*****************************************************
#Post#: 1425--------------------------------------------------
The odd family zombie on sale
DIR By: shoonlae
Date: January 23, 2020, 1:13 am
---------------------------------------------------------
Zawgyi
Zombie
ကားလည္းၾကည့္ခ်င္တယ္။ရင္တထိတ္ထိတ္လည္းမၾကည့္တတ္ဘူး။မေပါဘဲနဲ႕အူႏွိပ္ရယ္ရတဲ့ကားလည္းၾကည့္ခ်င္တယ္ဆိုရင္ေတာ့…
ဒီကားေလးကိုညႊန္းခ်င္ပါတယ္။
MyDrarmaList မွာ 8.1/10…. Rotten Tomaotes
မွာ 80%....IMDb rating=6.8
ရထားတဲ့ Horror/Comedy
ကားသစ္ေလးပါ။
ဇြန္ဘီကားကိုမွဟာသေျပာင္းရိုက္ထားရုံေလးတင္မဟုတ္ပါဘူး….ဇာတ္လမ္းအခ်ဳိးအေကြ႕ေလးေတြဟာသို႕ေလာသို႕ေလာနဲ႕
တ၀ါး၀ါးရယ္ေနတဲ့ဇာတ္ကားေကာင္းေလးပါ။
လူသားေတြရဲ႕ေလ့လာစမ္းသပ္မႈေတြလြန္ကၽြံျပီး
ေဘးထြက္ဆိုးက်ဳိးေတြထြက္လာတဲ့တစ္ေန႕..…ကိုရီးယားႏိုင္ငံရဲ႕လူသူသိပ္မေရာက္တဲ့ေခ်ာင္က်က်ျမိဳ႕ငယ္ေသးေသးေလးမွာ
ေန႕စဥ္ဘ၀ေတြဟာပံုမွန္အတိုင္းရိုးရိုးရွင္းရွင္းေလးလည္ပတ္ေနစဥ္မွာပဲ...ဗဟုသုတနည္းတဲ့ေတာင္သူေတာင္သားေတြဆီအတြက္
ခပ္ေၾကာင္ေၾကာင္ပါလို႕ထင္ရတဲ့
လူငယ္ေလးတစ္ေယာက္ေရာက္လာပါတယ္။
ေရာက္ေရာက္ခ်င္းေဆာက္နဲ႕ထြင္းဆိုသလို....တစ္ျမိဳ႕လံုးဒင္းလက္ခ်က္နဲ႕ပြက္ေလာရိုုက္လို႕ပါပဲ။
အဲ့အျပင္ျမင္းကိုခ်ဳိတပ္ေပးသလိုျဖစ္ခ်င္ေတာ့
ျမိဳ႕ကဓာတ္ဆီဆိုင္အစုတ္ပိုင္တဲ့
ပက္မ်ဳိးႏြယ္မိသားစုနဲ႕သြားေပါင္းလိုက္တဲ့အခါ
ငါးပါးတင္မဟုတ္ဘူး
သံဃာစင္ပါေမွာက္ပံုမ်ား...ရယ္လိုက္ရယ္လိုက္နဲ႕ၾကည့္ရႈခံစားရမွာပဲျဖစ္ပါတယ္။
Horror နဲ႕ Comedy
ကိုအခ်ဳိးက်က်ေလးေပါင္းစပ္ျပီးေကာင္းေကာင္းေဖ်ာ္ေျဖမႈေပးမဲ့ဇာတ္ကားေလးျဖစ္ပါတယ္…ဇာတ္လမ္းအညႊန္းနဲ႕
ဘာသာျပန္သူကေတာ့
Thura Zarni Aung
ပဲျဖစ္ပါတယ္…
Unicode
Zombie
ကားလည်းကြည့်ချင်တယ်။ရင်တထိတ်ထိတ်လည်းမကြည့်တတ်ဘူး။မပေါဘဲနဲ့အူနှိပ်ရယ်ရတဲ့ကားလည်းကြည့်ချင်တယ်ဆိုရင်တော့…
ဒီကားလေးကိုညွှန်းချင်ပါတယ်။
MyDrarmaList မှာ 8.1/10…. Rotten Tomaotes
မှာ 80%....IMDb rating=6.8
ရထားတဲ့ Horror/Comedy
ကားသစ်လေးပါ။
ဇွန်ဘီကားကိုမှဟာသပြောင်းရိုက်ထားရုံလေးတင်မဟုတ်ပါဘူး….ဇာတ်လမ်းအချိုးအကွေ့လေးတွေဟာသို့လောသို့လောနဲ့
တဝါးဝါးရယ်နေတဲ့ဇာတ်ကားကောင်းလေးပါ။
လူသားတွေရဲ့လေ့လာစမ်းသပ်မှုတွေလွန်ကျွံပြီး
ဘေးထွက်ဆိုးကျိုးတွေထွက်လာတဲ့တစ်နေ့..…ကိုရီးယားနိုင်ငံရဲ့လူသူသိပ်မရောက်တဲ့ချောင်ကျကျမြို့ငယ်သေးသေးလေးမှာ
နေ့စဉ်ဘဝတွေဟာပုံမှန်အတိုင်းရိုးရိုးရှင်းရှင်းလေးလည်ပတ်နေစဉ်မှာပဲ...ဗဟုသုတနည်းတဲ့တောင်သူတောင်သားတွေဆီအတွက်
ခပ်ကြောင်ကြောင်ပါလို့ထင်ရတဲ့
လူငယ်လေးတစ်ယောက်ရောက်လာပါတယ်။
ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို....တစ်မြို့လုံးဒင်းလက်ချက်နဲ့ပွက်လောရိုုက်လို့ပါပဲ။
အဲ့အပြင်မြင်းကိုချိုတပ်ပေးသလိုဖြစ်ချင်တော့
မြို့ကဓာတ်ဆီဆိုင်အစုတ်ပိုင်တဲ့
ပက်မျိုးနွယ်မိသားစုနဲ့သွားပေါင်းလိုက်တဲ့အခါ
ငါးပါးတင်မဟုတ်ဘူး
သံဃာစင်ပါမှောက်ပုံများ...ရယ်လိုက်ရယ်လိုက်နဲ့ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။
Horror နဲ့ Comedy
ကိုအချိုးကျကျလေးပေါင်းစပ်ပြီးကောင်းကောင်းဖျော်ဖြေမှုပေးမဲ့ဇာတ်ကားလေးဖြစ်ပါတယ်…ဇာတ်လမ်းအညွှန်းနဲ့
ဘာသာပြန်သူကတော့
Thura Zarni Aung
ပဲဖြစ်ပါတယ်…
HTML https://i.ibb.co/C61c61V/N7pOAf.jpg
HTML https://ibb.co/C61c61V
HTML https://mega.nz/#!AZhnUIhC!9yAcG0aqmrqONjOPNKVrHeFzXxmdGKzmnLkjFAcAu6Q
*****************************************************
Page 1 of 1