DIR Return Create A Forum - Home
---------------------------------------------------------
T Community
HTML https://tcommunity.createaforum.com
---------------------------------------------------------
*****************************************************
DIR Return to: T
*****************************************************
#Post#: 1104--------------------------------------------------
The Messenger
DIR By: shoonlae
Date: December 16, 2019, 3:06 am
---------------------------------------------------------
စစ္ကားေဟ့ဆုိလွ်င္
BLACK HAWK DOWN ၊AMERICAN SNIPER၊LONE
SURVIVOR၊ SAVING PRIVATE
RYANတုိ႕လုိ
က်ည္ဆံသံတ၀ီ၀ီ
အေျမာက္ဆံတ၀ုန္း၀ုန္းေတြပါတဲ့ကားမ်ဳိးမွ
သေဘာက်တဲ့
ကြ်န္ေတာ့္အဖုိ႕
ယၡဳThe Messenger(2009)
ဇာတ္ကားကုိၾကည့္ဖုိ႕အေတာ္ႀကီးကုိ
အားေမြးရပါတယ္….ဘာလုိ႕လဲဆုိေတာ့
ဒီဇာတ္ကားက
WAR
အမ်ဳိးအစားျဖစ္ေပမယ့္
Drama
ဘက္ကုိဦးစားေပးထားလုိ႕ပါပဲ…
WAR
အမ်ဳိးအစားျဖစ္လုိ႕
ခဏေတာ့ၾကည့္လုိက္မွဆုိၿပီး
ျမည္းၾကည့္လုိက္တာ
ကြ်န္ေတာ္အထက္ကေျပာခဲ့တဲ့စစ္ကားေကာင္းေတြမွာမပါခဲ့တဲ့
ရႈေထာင့္ကုိရုိက္ျပထားတယ္….အစပုိင္း၁၅မိနစ္ေလာက္ပဲၾကည့္ရေသးတယ္
…အဆုံးထိ
ၾကည့္ျဖစ္သြားသလုိ
အေတြးေတြလည္း
တစ္ကုိယ္လုံးထုံလႊမ္းက်န္ခဲ့တယ္…အေမရိကန္စစ္တပ္မွ
တပ္ၾကပ္ႀကီးတစ္ေယာက္ဟာ
ေရွ႕တန္းမွာ
လက္နက္ႀကီးထိခဲ့လုိ႕
မ်က္လုံး
ေျခေထာက္တုိ႕မွ
ဒဏ္ရာရရွိသြားတယ္..ဒါေၾကာင့္သူ႕ကုိ
စစ္တပ္ကေန
ပင္စင္ေပးဖုိ႕
ျပဳလုပ္ေပးတယ္..မေပးခင္ကာလ
(၃)မွာ
ေပါ့ပါးတဲ့တာ၀န္တစ္ခုကုိခုိင္းလုိက္တယ္….သူလုပ္ရတဲ့အလုပ္မွာ
အထက္အရာရွိတစ္ေယာက္ရွိတယ္…သူ႕အလုပ္က
လြယ္ကူလြန္းတယ္လုိ႕
ယူဆတယ္…တုိက္ခုိက္ေရးစစ္သားတစ္ေယာက္အေနနဲ႕
ဒီအလုပ္က
သူ႕အတြက္စိတ္ပ်က္စရာျဖစ္ေနတယ္…သုိ႕ေပမယ့္
သူထင္သေလာက္
မလြယ္ကူမွန္း
(၃)ခါေလာက္လုပ္ၿပီးတဲ့အခ်ိန္မွာသိလုိက္ရတယ္…ခင္ဗ်ားတုိ႕လည္း
ဇာတ္ကားၾကည့္ေနရင္း
သူတုိ႕လုပ္တဲ့အလုပ္ေနရာကုိ
၀င္ေရာက္ခံစားရင္းအဆုိးတကာ့အဆုိးဆုံးစစ္ေျပျပင္ကုိသြားေနသလုိခံစားရလိမ့္မယ္…ဘာအလုပ္ဆုိတာရယ္
…ဘယ္လိုေတြ
ေတြ႕ႀကဳံရမယ္ဆုိတာရယ္ေတာ့
စပြဳိင္လာမျဖစ္ေစလုိ႕တဲ့အတြက္ေၾကာင့္မေျပာေတာ့ပါဘူး…သုိ႕ေပမယ့္
စစ္ကားေကာင္းႀကဳိက္တဲ့သူေတြအဖုိ႕
ဒီကားကုိၾကည့္ေစခ်င္တယ္….ခင္ဗ်ားတုိ႕အတြက္
ရုပ္ရွင္ကားၾကည့္ရတာ
အခ်ဥ္းႏွီးမျဖစ္ေစပါ့လားဆုိတဲ့အေတြးမ်ဳိးရေစတဲ့ကားစာရင္းထဲမွာ
ဒီကားလည္း
စာရင္း၀င္သြားလိမ့္မယ္လုိ႕အာမခံတယ္…ဒီကားက
ဇာတ္ညႊန္းဆု၊ဇာတ္ပုိ႕ဆုအတြက္
ေအာ္စကာဆန္ကာတင္စာရင္း၀င္ခဲ့သလုိ
အျခားဆု(၁၇)ဆုလည္းရရွိခဲ့တယ္…ဇာတ္လမ္းအညႊန္းနဲ႕
ဘာသာျပန္သူကေတာ့
Ye Pye Sone
ပဲျဖစ္ပါတယ္…
စစ်ကားဟေ့ဆိုလျှင်
BLACK HAWK DOWN ၊AMERICAN SNIPER၊LONE
SURVIVOR၊ SAVING PRIVATE
RYANတို့လို
ကျည်ဆံသံတဝီဝီ
အမြောက်ဆံတဝုန်းဝုန်းတွေပါတဲ့ကားမျိုးမှ
သဘောကျတဲ့
ကျွန်တော့်အဖို့
ယ္ခုThe Messenger(2009)
ဇာတ်ကားကိုကြည့်ဖို့အတော်ကြီးကို
အားမွေးရပါတယ်….ဘာလို့လဲဆိုတော့
ဒီဇာတ်ကားက
WAR
အမျိုးအစားဖြစ်ပေမယ့်
Drama
ဘက်ကိုဦးစားပေးထားလို့ပါပဲ…
WAR
အမျိုးအစားဖြစ်လို့
ခဏတော့ကြည့်လိုက်မှဆိုပြီး
မြည်းကြည့်လိုက်တာ
ကျွန်တော်အထက်ကပြောခဲ့တဲ့စစ်ကားကောင်းတွေမှာမပါခဲ့တဲ့
ရှုထောင့်ကိုရိုက်ပြထားတယ်….အစပိုင်း၁၅မိနစ်လောက်ပဲကြည့်ရသေးတယ်
…အဆုံးထိ
ကြည့်ဖြစ်သွားသလို
အတွေးတွေလည်း
တစ်ကိုယ်လုံးထုံလွှမ်းကျန်ခဲ့တယ်…အမေရိကန်စစ်တပ်မှ
တပ်ကြပ်ကြီးတစ်ယောက်ဟာ
ရှေ့တန်းမှာ
လက်နက်ကြီးထိခဲ့လို့
မျက်လုံး
ခြေထောက်တို့မှ
ဒဏ်ရာရရှိသွားတယ်..ဒါကြောင့်သူ့ကို
စစ်တပ်ကနေ
ပင်စင်ပေးဖို့
ပြုလုပ်ပေးတယ်..မပေးခင်ကာလ
(၃)မှာ
ပေါ့ပါးတဲ့တာဝန်တစ်ခုကိုခိုင်းလိုက်တယ်….သူလုပ်ရတဲ့အလုပ်မှာ
အထက်အရာရှိတစ်ယောက်ရှိတယ်…သူ့အလုပ်က
လွယ်ကူလွန်းတယ်လို့
ယူဆတယ်…တိုက်ခိုက်ရေးစစ်သားတစ်ယောက်အနေနဲ့
ဒီအလုပ်က
သူ့အတွက်စိတ်ပျက်စရာဖြစ်နေတယ်…သို့ပေမယ့်
သူထင်သလောက်
မလွယ်ကူမှန်း
(၃)ခါလောက်လုပ်ပြီးတဲ့အချိန်မှာသိလိုက်ရတယ်…ခင်ဗျားတို့လည်း
ဇာတ်ကားကြည့်နေရင်း
သူတို့လုပ်တဲ့အလုပ်နေရာကို
၀င်ရောက်ခံစားရင်းအဆိုးတကာ့အဆိုးဆုံးစစ်ပြေပြင်ကိုသွားနေသလိုခံစားရလိမ့်မယ်…ဘာအလုပ်ဆိုတာရယ်
…ဘယ်လိုတွေ
တွေ့ကြုံရမယ်ဆိုတာရယ်တော့
စပွိုင်လာမဖြစ်စေလို့တဲ့အတွက်ကြောင့်မပြောတော့ပါဘူး…သို့ပေမယ့်
စစ်ကားကောင်းကြိုက်တဲ့သူတွေအဖို့
ဒီကားကိုကြည့်စေချင်တယ်….ခင်ဗျားတို့အတွက်
ရုပ်ရှင်ကားကြည့်ရတာ
အချဉ်းနှီးမဖြစ်စေပါ့လားဆိုတဲ့အတွေးမျိုးရစေတဲ့ကားစာရင်းထဲမှာ
ဒီကားလည်း
စာရင်းဝင်သွားလိမ့်မယ်လို့အာမခံတယ်…ဒီကားက
ဇာတ်ညွှန်းဆု၊ဇာတ်ပို့ဆုအတွက်
အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို
အခြားဆု(၁၇)ဆုလည်းရရှိခဲ့တယ်…ဇာတ်လမ်းအညွှန်းနဲ့
ဘာသာပြန်သူကတော့
Ye Pye Sone
ပဲဖြစ်ပါတယ်…
HTML https://i.ibb.co/dDbHPGC/MV5-BMTQy-Mz-Q2-Nzc5-Ml5-BMl5-Ban-Bn-Xk-Ft-ZTcw-NDk4-Nj-Ay-Mw-V1.jpg
HTML https://ibb.co/dDbHPGC
HTML https://drive.google.com/open?id=1ujoRhHQpHHUWBtG90oNrIcIQaWON_6DU
*****************************************************
Page 1 of 1