DIR Return Create A Forum - Home
---------------------------------------------------------
T Community
HTML https://tcommunity.createaforum.com
---------------------------------------------------------
*****************************************************
DIR Return to: M
*****************************************************
#Post#: 1014--------------------------------------------------
Marry Poppins Returns
DIR By: shoonlae
Date: December 3, 2019, 3:37 am
---------------------------------------------------------
Zawgyi
တစ်ခေတ်တစ်ချိန်က
အောင်မြင်ခဲ့ပြီး
အဖြစ် အခု
၂၀၁၈ မှာMary Poppins’
Return ဆိုပြီး
Poppins ဆိုတာ
မှော်ဆရာမလေးတစ်ဦး၊
သူဘယ်ကလာလဲ၊
ဘယ်အချိန်ပေါ်လာမလဲ၊
Poppins’ Return
အကြောင်းမပြောခင်
Mary Poppins (1964)
တို့ငယ်ငယ်တုန်းက
Mary Poppins က
ကလေးထိန်းအဖြစ်နဲ့
Mary Poppins
ပြန်သွားခဲ့ပါတယ်။
အဲ့အချိန်ကစပြီး
Jane နဲ့ Michael
တို့နှစ်ယောက်
Mary Poppins
Poppins နဲ့အတူ
ကြုံတွေ့ခဲ့ရတဲ့
အထူးအဆန်းတွေ၊
စွန့်စားခန်းတွေက
အိပ်မက်လိုလို
Mary Poppins’ Return
မှာတော့
Mary Poppins
ကောင်းကင်ပေါ်က
ပြန်ဆင်းလာပါပြီ။Jane
နဲ့ Michael လဲ
လူကြီးအရွယ်ရောက်၊
Michael ဆို
က
သူ့အိမ်ကို
ပေါင်ထားခဲ့ပါတယ်။ဒါပေမယ့်
ဘဏ်ကနေ
Mary Poppins
ရဲ့ကလေးသုံးယောက်ကို
စောင့်ရှောက်ပေးမယ့်
ကလေးထိန်းအဖြစ်
Banks
Mary Poppins
တစ်ယောက်
ပေါ့ပေါ့ပါးပါး
မိသားစုနဲ့အတူကြည့်လို့ကောင်းမယ့်ဇာတ်ကားမျိုးလေးဖြစ်ပါတယ်။
Unicode
တစ်ခေတ်တစ်ချိန်က
အောင်မြင်ခဲ့ပြီး
ဆုပေါင်းများစွာအရယူထားနိုင်ခဲ့တဲ့
Marry Poppins (1964) ရဲ့ Sequal
အဖြစ် အခု
၂၀၁၈ မှာMary Poppins’
Return ဆိုပြီး
ပြန်လည်အသက်သွင်းခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။Mary
Poppins ဆိုတာ
မှော်ဆရာမလေးတစ်ဦး၊
သူဘယ်ကလာလဲ၊
ဘယ်အချိန်ပေါ်လာမလဲ၊
ဘာကြောင့်မှော်အစွမ်းတွေရထားတာလဲဆိုတာတော့ဘယ်သူမှမသိပါဘူး။Mary
Poppins’ Return
အကြောင်းမပြောခင်
Mary Poppins (1964)
အကြောင်းလေးကနေစပြောမှ
ဇာတ်ရေနည်းနည်းလည်ပါလိမ့်မယ်။Jane
Banks နဲ့ Michael Banks
တို့ငယ်ငယ်တုန်းက
Mary Poppins က
ကလေးထိန်းအဖြစ်နဲ့
စောင့်ရှောက်ပေးခဲ့ပါတယ်။အဲ့ဒီမောင်နှမနှစ်ယောက်
အဖေဖြစ်သူနဲ့အဆင်ပြေပြေဖြစ်သွား၊
မိသားစုကိစ္စတွေလဲပြေပြေလည်လည်ဖြစ်သွားခဲ့တဲ့အချိန်မှာ
Mary Poppins
ကသူ့ရဲ့မူလနေရာလို့ဆိုရမယ့်
လန်ဒန်မိုးကောင်းကင်ပေါ်ကို
ပြန်သွားခဲ့ပါတယ်။
အဲ့အချိန်ကစပြီး
Jane နဲ့ Michael
တို့နှစ်ယောက်
Mary Poppins
ကိုပြန်မတွေ့တော့ပါဘူး။Mary
Poppins နဲ့အတူ
ကြုံတွေ့ခဲ့ရတဲ့
အထူးအဆန်းတွေ၊
စွန့်စားခန်းတွေက
အိပ်မက်လိုလို
စိတ်ကူးယဉ်မှုလိုလိုနဲ့ပဲ
ထင်ယောင်ထင်မှားဖြစ်ကျန်ခဲ့ပါတယ်။အခုဒီ
Mary Poppins’ Return
မှာတော့
ဇာတ်ကားနာမည်အတိုင်းပဲ
Mary Poppins
ကောင်းကင်ပေါ်က
ပြန်ဆင်းလာပါပြီ။Jane
နဲ့ Michael လဲ
လူကြီးအရွယ်ရောက်၊
Michael ဆို
ကလေးသုံးယောက်တောင်ရနေပါပြီ။Michael
က
မိန်းမလဲဆုံးပါးသွားသလိုစီးပွားရေးအကြပ်အတည်းဖြစ်နေတာကြောင့်
သူအလုပ်လုပ်တဲ့ဘဏ်မှာပဲ
သူ့အိမ်ကို
ပေါင်ထားခဲ့ပါတယ်။ဒါပေမယ့်
အတိုးတွေမဆပ်နိုင်ဖြစ်လာတဲ့အခါအိမ်ကို
ဘဏ်ကနေ
သိမ်းယူတော့မယ့်အခြေအနေမျိုးဖြစ်လာပါတယ်။အဲ့အချိန်မှာပဲ
Mary Poppins
ကောင်းကင်ပေါ်ကဆင်းလာပြီးMichael
ရဲ့ကလေးသုံးယောက်ကို
စောင့်ရှောက်ပေးမယ့်
ကလေးထိန်းအဖြစ်
ပြန်လာခဲ့ပါတယ်။ဟိုးအရင်တုန်းကအတိုင်း
Banks
မိသားစုရဲ့အခက်အခဲတွေကို
Mary Poppins
တစ်ယောက်
ကူညီဖြေရှင်းပေးဖို့အတွက်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ဒီဇာတ်ကားက
Musical, Comedy, Family, Fantasy
အမျိုးအစားဇာတ်ကားဖြစ်တာကြောင့်
ပေါ့ပေါ့ပါးပါး
မိသားစုနဲ့အတူကြည့်လို့ကောင််းမယ့်ဇာတ်ကားမျိုးလေးဖြစ်ပါတယ်။
HTML https://i.ibb.co/jD4JC6N/220px-Mary-Poppins-Returns-2018-film-poster.png
HTML https://imgbb.com/
free image hosting
HTML https://imgbb.com/
HTML https://drive.google.com/open?id=1DZ1nrNV7mqQhWhhjIaLASEb6Rwt3swuf
*****************************************************
Page 1 of 1