DIR Return Create A Forum - Home
---------------------------------------------------------
ပျဉ်းမနားသား
HTML https://pyinmanathar.createaforum.com
---------------------------------------------------------
*****************************************************
DIR Return to: Android Tutorial
*****************************************************
#Post#: 259--------------------------------------------------
Custom Rom ဆိုတာ
ဘာလဲ ?
DIR By: pyinmanathar
Date: May 4, 2014, 10:54 am
---------------------------------------------------------
HTML http://4.bp.blogspot.com/-33h_5G6U4KU/U10K5knjM2I/AAAAAAAAS4A/SuAz-Dow_sI/s1600/www.winkabarkyaw.net+_MIUI-ROM-on-Motorola-defy.png
Android ထုတ်ကုန်
အသုံးပြုသူများအနေနဲ့
Android
နဲ့သက်ဆိုင်တဲ့
သတင်းဝက်ဘ်ဆိုက်တွေထံ
လည်ပတ်ရောက်ရှိတဲ့အခါမှာ
ROM
တွေရဲ့အကြောင်းကို
ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။
ဒါပေမယ့် Android
အသုံးပြုသူအများစုဟာ
ROM
တွေရဲ့အကြောင်းကို
နားလည်သိရှိကြပေမယ့်
အချို့သောသူများကတော့
ROM
တွေရဲ့အကြောင်းနဲ့ပတ်သက်ပြီး
ရှင်းရှင်းလင်းလင်း
မသိရှိကြပါဘူး။
ဒါကြောင့်
custom ROM
တွေရဲ့အကြောင်းကို
မသိသေးသူများအတွက်
custom ROM
ကိုအသုံးပြုရာမှာ
သိထားသင့်တဲ့အချက်တွေကို
ဖော်ပြလိုက်ပါတယ်။
ပထမဦးဆုံးအနေနဲ့
ROM ဆိုတာ
ဘာလဲဆိုတာ
ရှင်းပြပါမယ်။
ROM
ဆိုတဲ့အသုံးအနှုန်းဟာ
သိုလှောင်မှုချစ်ပ်တွေပါဝင်တဲ့
Read-Only-Memory ကို
အတိုကောက်ခေါ်ဆိုထားခြင်း
ဖြစ်ပါတယ်။
ROM ပါဝင်တဲ့
Gameboy
ဂိမ်းတွေမှာ
ဂိမ်းတွေကို
Save
လုပ်ဖို့အတွက်
သီးခြားနေရာရှိပေမယ့်
ဂိမ်းတွေကတော့
Read-Only
ဖြစ်တဲ့အတွက်
modify
ပြုလုပ်နိုင်ခြင်း
မရှိပါဘူး။
ဒီအသုံးအနှုန်းကို
Android မှာ
ရည်ညွှန်းအသုံးပြုတဲ့အခါမှာတော့
Firmware လို့
သုံးနှုန်းတာ
အနီးစပ်ဆုံးမှန်ကန်တယ်လို့
ဆိုရပါမယ်။
ROM ကို Android
ထုတ်ကုန်တွေမှာ
install
လုပ်တယ်ဆိုတဲ့
အဓိပ္ပာယ်ဟာ
Android software/system file
တွေကိုဖျက်ခြင်း
(သို့)
လက်ရှိ
ဖိုင်အဟောင်းကို
အသစ်နဲ့အစားထိုးခြင်းကို
ဆိုလိုခြင်းဖြစ်ပါတယ်။
ဒီနည်းလမ်းဟာ
ကွန်ပျူတာ
operating system (Windows 7, OS X, Linux)
တို့ကို re-install
လုပ်တဲ့
လုပ်ငန်းစဉ်နဲ့
တူညီပါတယ်။
Cusom ROMs
ဆိုတာဘာလဲ
Android ROM တွေမှာ stock ROM
နဲ့ custom ROM
ဆိုပြီး
နှစ်မျိုးရှိပါတယ်။
Stock ROM
ဆိုတာကတော့
Android
ဖုန်းကိုဝယ်ယူတဲ့အခါမှာ
ပါဝင်လာတဲ့ဖုန်းရဲ့
operating system
ဖြစ်ပါတယ်။
Custom ROM
ဆိုတာကတော့
Android
ဖြန့်ချိမှုတစ်ခုကို
ပြုပြင်မွမ်းမံထားခြင်း
ဖြစ်ပါတယ်။
Google ဟာ Android source code ကို
မည်သူမဆို
ပြောင်းလဲအသုံးပြုနိုင်အောင်
ပြုလုပ်ပေးထားတာကြောင့်
လူအများဟာ
၎င်း code ကို
ကိုယ်တိုင်ပြောင်းလဲကြပြီး
fetaure
များထည့်သွင်းကြသလို
နှစ်သက်ဖွယ်ကောင်းတဲ့
tweak များနဲ့
ပြောင်းလဲဖြန့်ဝေကြပါတယ်။
ဒါကြောင့်
custom ROM
တစ်ခုကို
homescreen
ပြောင်းလဲခြင်း၊
background
ဝန်ဆောင်မှုများနဲ့
default software
စတာတွေပါဝင်တဲ့
Android ကို
ထုတ်ကုန်တစ်ခုပေါ်မှာ
ပိုမိုကောင်းမွန်စွာ
အလုပ်လုပ်နိုင်ဖို့အတွက်
custom code
ပြောင်းလဲပြင်ဆင်မှုအချို့
ပြုလုပ်ထားခြင်းလို့
အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။
Software
ကျွမ်းကျင်ပညာရှင်များဟာ
လျင်မြန်ပြီး
feature
အများစုဖြည့်စွက်ထားတဲ့
ROM တွေကို
အတူတကွ
ပူးပေါင်းတည်ဆောက်ကြပါတယ်။
လက်ရှိမှာ
နာမည်ကျော်နေတဲ့
ROM
များကတော့
Android ထုတ်ကုန်
၇၀
ကျော်အတွက်
အထောက်အပံ့ပေးတဲ့
CyanogenMod,
ပြုပြင်ပြောင်းလဲမှု
များစွာပြုလုပ်ထားပြီး
ပေါ့ပါးတဲ့
ROM ဖြစ်တဲ့ AOKP
အမြင်ကောင်းမွန်အောင်
အဓိကထားပြုလုပ်ထားတဲ့
ROM ဖြစ်တဲ့ Android
Revolution
တို့ဖြစ်ပါတယ်။
ဒါပေမယ့်
အဆိုပါ Android
တည်ဆောက်မှုများကို
သာမန်လူများကသာ
ပြုလုပ်ထားခြင်းဖြစ်ပြီး
HTC နဲ့ Samsung
တို့မှ developer
များက
ပြုလုပ်ထားခြင်းမျိုး
မဟုတ်ပေမယ့်
အားနည်းချက်အများအပြားရှိသလို
အသုံးပြုတဲ့အခါမှာလည်း
အန္တရာယ်
မရှိစေပါဘူး။
အချို့သော
အခြေအနေများတွင်
community များက
တည်ဆောက်ထားတဲ့
software တွေဟာ
ဆယ်ဆမက
ပိုမိုကောင်းမွန်တာကိုတွေ့ရပြီး
ဖြန့်ချိတဲ့အချိန်ကလည်း
တစ်ခုတစ်ခုဝေးကွာခြင်း
မရှိပါဘူး။
Android
အသုံးပြုသူများအနေနဲ့
HTC နဲ့ Samsung
တို့ရဲ့
လက်ရှိ Software
နဲ့ပတ်သက်ပြီး
စိတ်ကျေနပ်မှုမရှိဘူးဆိုရင်
အောက်ဖော်ပြပါ
ဝက်ဘ်ဆိုက်များထံ
သွားရောက်လည်ပတ်ပြီး
လေ့လာနိုင်ပါတယ်။
လက်ရှိ
နာမည်ကျော်နေတဲ့
ROM
သုံးခုကတော့
အောက်ပါအတိုင်းဖြစ်ပါတယ်။
- CyanogenMod,
HTML http://www.cyanogenmod.com
ကတော့ Android
ထုတ်ကုန်တွေကို
လျင်မြန်စွာနဲ့
အသုံးပြုနိုင်စေမယ့်
ROM
ဖြစ်ပါတယ်။
- AOKP,
HTML http://aokp.co
ကလည်း
နာမည်ကျော်
ROM
တစ်ခုဖြစ်ပါတယ်။
ဒါပေမယ့်
ထုတ်ကုန်အများစုအတွက်
အထောက်အပံ့ပေးထားခြင်း
မရှိပေမယ့်လည်း
လေ့လာရကျိုးနပ်စေမယ့်
ROM
ဖြစ်ပါတယ်။
- Android Revolution HD,
HTML http://forum.xda-developers.com/showthread.php?t=840040<br
/>မှာတော့ HTC
ထုတ်ကုန်များကို
အများစုအထောက်အပံ့ပေးထားပြီး
Asus Transformer နဲ့ Galaxy Nexus
တို့ကိုလည်း
အထောက်အပံ့ပေးထားပါတယ်။
Custom ROM များကို
အသုံးပြုခြင်းကြောင့်
ရရှိသည့်
အကျိုးကျေးဇူးများ
- Android
ဖြန့်ချိမှုအသစ်ကို
ရရှိလိုတဲ့အခါမှာ
လပေါင်းများစွာ
စောင့်ဆိုင်းရပါတယ်။
ဒါပေမယ့် custom
ROM developer
များကတော့
ရက်သတ္တပတ်အနည်းငယ်အတွင်း
ဖြန့်ချိပေးနိုင်ပါတယ်။
ဒါ့အပြင် feature
သစ်တွေပါဝင်ပြီး
အားနည်းချက်တွေကို
ပြင်ဆင်ပေးထားတဲ့
update တွေကို
မကြာခဏဆိုသလို
ဖြန့်ချိတဲ့အတွက်
ထုတ်ကုန်တွေကို
လျင်မြန်စွာနဲ့
အသုံးပြုနိုင်စေပါတယ်။
Custom ROM
အများစုကို
update
ပြုလုပ်တဲ့အခါမှာလည်း
over the air (OTA)
ဖြင့်ပြုလုပ်နိုင်တာကြောင့်
အရာအားလုံးကို
re-install မလုပ်ဘဲ
သုံးနိုင်ပါတယ်။
- ဖုန်းကို Root
လုပ်ပြီးတဲ့
ROM တစ်ခုကို
install
လုပ်တဲ့အခါမှာ
အလွယ်တကူပြုလုပ်နိုင်ပြီး
ဖုန်းနဲ့အတူပါလာတဲ့
stock ROM ကိုလည်း
ပြောင်းလဲအသုံးပြုနိုင်စေပါတယ်။
- Custom ROM
တစ်ခုကို install
လုပ်ဖို့အတွက်
Android
ထုတ်ကုန်ကို
Root
လုပ်ထားဖို့လိုပါတယ်။
ဒါမှသာ
ဖုန်းပေါ်မှ
မလိုအပ်တဲ့အရာများကို
ဖယ်ရှားခြင်း၊
ဖုန်းကို
မွှေနှောက်အသုံးပြုခြင်းတို့ကို
ပြုလုပ်
နိုင်မှာ
ဖြစ်ပါတယ်။
ဒါ့အပြင် Root
access
လိုအပ်တဲ့
overclocker
လိုမျိုး
application
တွေကိုလည်း
အသုံးပြုနိုင်စေပါတယ်။
Custom ROM များရဲ့
စွမ်းဆောင်ရည်
Developer တွေဟာ carrier
တွေက
ထည့်သွင်းပေးလိုက်တဲ့
app
များကဲ့သို့
မလိုအပ်သမျှကို
ဖယ်ရှားထားခြင်းနဲ့
kernel ကို
အဆင့်မြှင့်တင်ထားမှုများကြောင့်
custom ROM
တွေရဲ့စွမ်းဆောင်ရည်ဟာ
လျင်မြန်ပြီး
အသုံးတည့်သလို
memory
သုံးစွဲမှုကလည်း
နည်းပါးရခြင်း
ဖြစ်ပါတယ်။
Custom ROM
အသုံးပြုရာတွင်
သတိပြုရမည့်အချက်များ
- Custom ROM များကို
အသုံးပြုတဲ့အခါမှာ
အန္တရာယ်ဖြစ်စေနိုင်တာကြောင့်
သတိပြုပြီး
အသုံးပြုဖို့လိုပါတယ်။
ပထမဦးဆုံးအနေနဲ့
ROM
ထည့်သွင်းခြင်းလုပ်ငန်းစဉ်ဖြစ်တဲ့
flash
လုပ်ငန်းစဉ်ကို
ပြုလုပ်တဲ့အခါမှာ
အမှားအယွင်းတစ်စုံတစ်ရာနဲ့
တွေ့ကြုံနိုင်ပါတယ်။
ဒီလိုဖြစ်ရပ်မျိုးဟာ
ဖြစ်ပွားမှုနည်းပါးလျက်ရှိပြီး
အကယ်၍
အမှားအယွင်းတစ်စုံတစ်ရာနဲ့
ကြုံတွေ့ခဲ့ပါက
ယခင်အခြေအနေအတိုင်း
restore
လုပ်နိုင်ပါတယ်။
- Custom ROM ကို install
လုပ်တဲ့အခါမှာ
clean wipe
ကိုပြုလုပ်ဖို့လိုပါတယ်။
ဒီလုပ်ငန်းစဉ်ဟာ
လက်ရှိ data
တွေအားလုံးကို
ဖျက်ပစ်မှာဖြစ်တဲ့အတွက်
အရာအားလုံးကို
အရင်ဆုံး back up
လုပ်
ထားရပါမယ်။
- Custom ROM တွေမှာ
အားနည်းချက်ရှိနိုင်ပါတယ်။
အကယ်၍
အားနည်းချက်တွေကို
ရှာဖွေတွေ့ရှိတဲ့အခါမှာ
ROM forum
ပေါ်မှာတင်ပြီး
မေးမြန်းမှုများပြုလုပ်ကာ
အကြံဉာဏ်များရယူနိုင်ပါတယ်။
-
ဖုန်းအသစ်တွေနဲ့
ROM
အသစ်တွေဟာ
အချိန်တိုင်းလိုလို
ထွက်ပေါ်နေပါတယ်။
ဒါကြောင့်
ဖုန်းနဲ့လိုက်ဖက်မယ့်
ROM
ကိုရှာဖွေရာမှာ
ဖုန်းအမျိုးအစားနဲ့
ROM
ကိုရိုက်ထည့်ပြီး
အလိုရှိတဲ့
Android
ဗားရှင်းကို
ရှာဖွေသင့်ပါတယ်။
ရေးသားသူ
-ဘမ္ဘီ
Credit to
HTML http://www.myanmarinternetjournal.com
*****************************************************
Page 1 of 1